ဗုဒ္ဓပွင့်ထွန်းပေါ်လာမှ အန္ဒိယမှာ ကျမတို့အမျိုးသမီးတွေ ၊ ယောက်ျားများနဲ့ တန်တူး အခွင့်အရေ ရလာသည်ဟု ဆိုရပေမည်။ သာသနာဘောင်မှာ ယောကျာ်းများနည်းတူ ရဟန်းပြုခွင့် ရလို့ သောတာပန်၊ ရဟန္တာများဖြစ်သွားကြသော ဘိက္ခုနီမ အမြောက်အများ ပေါ်ထွက်လာခဲ့သည်။
ဒါတောင် မြတ်ဗုဒ္ဓသာသနာပြင်ပမှာ ရှေးရိုးစွဲ ၊ ဇာတ်နိမ့်၊ ဇာတ်မြင့်က လုံးလုံး မပျောက်သေး။
ဗုဒ္ဓ မပွင့်ခင်က အနောက်တိုင်းမဇ္ဈိမမှာ ရှေးပဝေသဏီကတည်းက အရိုးစွဲ ခိုင်းလာတဲ့ လူ့အဖွဲ့အစည်းစနစ်က ဘုရင်းများ တိုင်းသူပြည်သားများအပေါ် သက်ဦးဆံပိုင်ခဲ့သလို ခင်ပွန်းသည် လင်ယောက်ျားများကလည်း မိမိရဲ့ ဇနီးမယားအပေါ် သက်ဦးဆံပိုင် စိုးမိုး ချုပ်ချယ်ခွင့်ရှိခဲ့သည်။ အဲဒီခေတ်က အမျိုးသမီးများ လင့်သြဇာမှန်သမျှ ရိုးကျိုး လိုက်နာကြရသည်။ ခြေရင်း အလုပ်အကျွေးအနေနဲ့ အစေခံများသဖွယ်၊ ကျွန်များသဖွယ် လင်ကိုပြုစုရသည်။ ဇနီးမယားက ငါးနှစ်နေလို့မှ သား၊သမီးမထွန်းခါးလျှင် “ အမြုံမ” ဟု ဆိုကာ မိဘအိမ်ကို ပြန်ပို့ခွင့်ရှိသည်။ အဲဒီတုန်းက ကျမတို့ အမျိုးသမီးများ အနှိမ်ခံဘဝဖြစ် ခဲ့ရသည်။
ကျမမူရင်းဘာသာက ဗြဟ္မဏ ( ဟိန္ဒူ) ဘာသာ ၊ မျိုးရိုးက မဟာဗြဟ္မဏမျိုးရိုး ၊ နာမည်ကတော့ ဓနဉ္ဖာရီပါ။ ဗုဒ္ဓပွင့်ထွန်းလာတော့ ၊ ဗုဒ္ဓတရားတော်တွေကို သက်ယုံကြည်လို့ ၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ခဲ့သည်။ ကျမ ပါရမီ အရင်းခံကြောင့် ပြောရမည် ဗုဒ္ဓတရားတော်များကို ကျင့်ကြံပွားများရင်းနှင့် ကျမတစ်ယောက် ၊ သာမန် အိမ်ရှင်ဇနီးမယား ဘဝဖြင့်ပင် “ သောတာပန် အရိယာ” တစ်ယောက်ဖြစ်ခဲ့သည်။
ကျမယောကျာ်းက ရှေးရိုးစွဲ ဗြဟ္မဏဝါဒ တစ်ယူသန်သူ၊ဒါကြောင့်လည်း ၊ ဗုဒ္ဓဘာသာဖြစ်ပြီး သောတာပန် အရိယာဖြစ်ကြောင်းကို ကျမ ယောကျာ်းကို အသိမပေးခဲ့ပါ။
ဒီနေရာမှာ စကားစပ်လို့ ကျမတို့ရဲ့ ရှေးရိုးစွဲ မဟာဗြဟ္မဝါဒ အကြောင်းကို အနည်ငယ် ပြောပါဦးမည်။ ဗြဟ္မဏဆိုတာ ကမ္ဘာဦးအစကတည်းက မဟာဗြဟ္မာကြီးရဲ့ ခံတင်းက မွေးဖွားဆင်းသက်လာလို့ လူသားတွေအားလုံးထဲမှာ ဗြဟ္မဏမျိုးနွယ်ဟာ အမြတ်ဆုံးဟု ယုံကြည်ထားကြသည်။ ပညာအရာမှာလည်း ဗြဟ္မဏကျမ်းများမှာလာတဲ့ ဝေဒသုံးပုံသာလျှင်
အမြင့်ဆုံး၊အမြတ်ဆုံး ဟု ယုံကြည်ထားကြသည်။
ဒါကြောင့် ခေတ်နှောင်းပိုင်းမှာ ပေါ်ထွန်းလားတဲ့ ခတ္တိယ ၊သာကီဝင်မင်းမျိုး ၊မင်းနွယ်မှ ပေါ်ထွန်းလာတဲ ဗုဒ္ဓကို ဗြဟ္မမျိုးနွယ်းမျာက သိပ်အထင်းမကြီးကြ။
ဗုဒ္ဓကို အထင်းမကြီးသူများထဲတွင် ကျမယောကျာ်း ဘာရဒွါဇလည်း အပါအဝင်ဖြစ်သည်။ ကျမယောက်ျားဟာ ဗုဒ္ဓကို အထင်းမကြီးရုံမျှမက ၊ အထင်းသေးစကားတောင် တစ်ခါ တစ်ခါ ပြောထွက်လာသည်။
ပြောပြဦးမည်၊ကျမမှာ ဓလေ့တစ်ခုရှိသည်၊ အမှတ်တမဲ့ နှာချေ ၊ဆတ်လိုက်တိုင်း “ ဟတ်ချိုး.. ဗုဒ္ဓေါ” ဟု အမြဲရွတ်ဆိုတတ်သည်။ ဒီလိုရွတ်ဆိုသံ ကြားတိုင် ကျမယောက်ျားက မကြိုက် ၊ ရိုက်ပုတ်ခြင်းကို လုပ်တတ်သည်။ ကျမ ဒေါသမဖြစ်တတ်ပါ ၊သည်းခံခွင့်လွှတ်တတ်ပါသည်။ ကျမ ခန္တိဝါဒီ ဗုဒ္ဓရဲ့ အရိယာသောတာပန် တပည့်တစ်ယောက် ဖြစ်နေပြီးမဟုတ်လား။
တစ်နေ့မှာတော့ ကျမယောက်ျားက သူကိုးကွယ်တဲ့ ဗြဟ္မဏ ငါးရာကို အိမ်မှာ နို့ထမင်းဖိတ်ကျွေးဖို့ အစီအစဉ်ပွဲကြီးတစ်ခုလုပ်လိုက်သည်။
ဒီပွဲကြီးကိုမှာ ကျမကို သူက ကတိတစ်ခု တောင်းလာသည်။ “ ချစ်ဇနီး ..၊ ငါတို့ရဲ့ ဗြဟ္မဏတွေ ဧည့်ခံတဲ့ ပွဲမှာ ၊ယောင်လို့တောင် “ ဗုဒ္ဓေါ” လို့ မတမိစေနဲ့၊ ငါအရှက်ကွဲ လိပ်မယ်၊ ဒီပွဲမှာ ငါ့အရှက်ကိုခွဲရင်တော့ မင်းကို သတ်ရလိမ့်မယ်” လို့ တင်းတင်းကြပ်ကြပ် သတိပေးလာသည်။ ကျမလည် စကားနည်း ရန်စဲဆိုသလို လွယ်လွယ်နဲ့ ကတိပေးလိုက်မိသည်။
နောက်တစ်နေ့မှာတော့ အိမ်မှာ ဗြဟ္မဏတွေ၊ ကျမယောကျာ်းပုဏ္ဏားမိတ်ဆွေးတွေ စုံစုံညီညီ ရောက်လာကြသည်။ ကျမလည်း ထမင်းပွဲ ပြင်ပေးရင် မချေဆတ်မိအောင် သတိကြီးစွာ ထားပါသည်။ သို့သော်လည်း နွားနို့တစ်ခွက် အမှတ်တမဲ့ မှောက်ကျလို့ ၊ယောင်းယမ်းကာ “ နမော တဿ ဘဂဝတော အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ” ဟု အစအဆုံး ရွတ်ဆိုမိလိုက်သည်။
ကျမရဲ့ ဘုရားရှိခိုးသံလည်း ကြားလိုက်ရော ၊ ဇာတ်မြင့်ရယ်လို့ ဘဝင် နထင်သွေးရောက်နေတဲ့ ပုဏ္ဏား ဧည့်သည်တွေ ဧည့်ခန်းမှာ ပွက်လောရိုက်သွားသည်။ “ ဗုဒ္ဓကို တပည့်ခံတဲ၊ ဗြဟ္မဏဇာတ်ပျက်ရဲ့ ထမင်းကို စားတော့ဘူး” လို့အော်ဟစ်ကာ ကဲ့ရဲ့ ဆဲရေးကာ အလျှိုလျှိုထပြန်သွားကြသည်။
ကျမယောက်ျားလည်း ဆတ်ဆတ်တုန်အောင် ဒေါသဖြစ်ပြီး ကျမကို သန့်လျင်ဖြင့် ခုတ်ပိုင်း ဖို့ ချိန်ရွယ်လိုက်သည်။
ကျမသေရာမှာ မကြောက်ပါ ..၊သံလျက် ချိန်ရွယ်ထားတဲ့ယောက်ျားကို ကျမ တည်းတည်ငြိမ်ငြိမ်ပဲ “ သဘောကျ သလိုသာ လုပ်လိုက်ပါ၊ ကျမနေနဲ့ ဗုဒ္ဓ လို့ တ. မိတဲ့အတွက် စိုးရိမ်ပူပန်စိတ်လည်း မရှိပါဘူး၊ နောင်တလည်း မရပါဘူး၊ ကျမ သေဖို့ အဆင်သင့်ပါ” လို့ ပြတ်ပြတ်သားသား ပြောလိုက်မိသည်။
ကျမရဲ့ တည်ငြိမ်မှု ၊ပြတ်သားမှု ၊ စိုးရိမ်ကင်းမှု၊ လောဘ၊ဒေါသ၊မောဟ ကင်းပြီး ဣနြေ္ဒရရကို တွေ့လိုက်ရတော့ သူစိတ်ပျောင်းသွားသည် ။ ကျမကို သံလျှက်ဖြင့် ဆက်လက်မချိန်ရွယ်တော့။
သို့သော်လည်း သူရဲ့ ဗုဒ္ဓကို မုန်းတဲ့ ဒေါသက အချိန်မပြေသေး၊ ကျမကို မသတ်ဝံ့၊ မသတ်ရက်တာနဲ့ ၊ ကျမကို ဇာတ်ပျက်လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဗုဒ္ဓကို ဝါဒချင်းပြိုင်ဖို့ ဇေတန် ကျောင်းတော်သို့ သွားခဲ့သည်။
နောက်ဆုံးတော့ ကျမယောကျာ်း ဘာရဒွါဇပုဏ္ဏားကြီးလည်း ဗုဒ္ဓရဲ့ သစ္စာလေးပါးတရားတော်ကို နာကြားလို့ ဗုဒ္ဓရဲ့ အရိယာ သောတာပန် သာဝက တစ်ယောက်ဖြစ်သွားခဲ့သည်။

No comments:
Post a Comment