၁)
ကလေးဘဝ ၊မသိတတ်ခင်က
အမေနဲ့အဖေ စကားများပြီး ရန်ဖြစ်တော့
စိတ်ညစ်ခဲ့ဖူးတယ်။
အမေတကယ် အဖေ့ကို မချစ်တော့ဘူးလားလို့၊
နောက်တစ်ပတ်လောက်မှာတော့
ဖေဖေက အပြုံးမျက်နှာနဲ့
အလှပြင်ထားနဲ့ မေမေ့ကို ‘စ’ လိုက်တယ်။
“ မင်း ဒီနေ့ သိပ်လှနေပါလားတဲ့။
ဖေဖေ့သံကြားတော့ မေမေက ပြုံးစိစိနဲ့…။
သိလိုက်ပါပြီ…၊
အမေနဲ့အဖေ စကားများရန်ဖြစ်တာ
ချစ်လွန်းလို့ပါ။
၂)
ကျနော် ငါးနှစ်သား အရွယ်က
ရွာလူကြီးတွေ အိမ်ကိုလာ
အိမ်က အချစ်ဆုံး ‘မမ’ ကို
လာရောက် စေ့စပ်တောင်းရမ်းတော့
ကျနော့်အစ်ကိုကြီးတွေရဲ့
ပေါက်ကွဲသံ ကြားခဲ့ဖူးတယ်။
သိလိုက်ပါပြီ..၊
အစ်ကိုကြီးတွေ ပေါက်ကွဲတာ
ညီမလေးကို ချစ်လွန်းလို့ပါ။
၃)
ကျနော် လူပျိုပေါက်ဖြစ်တော့
ကျနော်မိတ်ဆွေ စုံတွဲ
မကြာခဏ စကားများကြတယ်။
သူတို့နှစ်ယောက် စကားများတော့
မနေတတ်လို့ ကြားဝင်ကာ
ဖျောင်းဖျစကားတွေ သူတို့နှစ်ယောက် နားငြီးအောင်
ဆိုခဲ့ဘူးတယ်။
နောက် တစ်ပတ်လောက်ကြတော့
သူတို့နှစ်ယောက် အပြုံးကိုယ်စီနဲ့
ချစ်ခြင်းနှောကာ အဆင်ပြေလို့။
သိလိုက်ပါပြီ
ချစ်သူတို့ နှစ်ယောက် စကားများကြတာ
ချစ်လွန်းလို့ပါ။
၃) သတင်းစာတွေဖတ်တော့
နိုင်ငံရေးပါတီတွေ
တစ်ခုနဲ့ တစ်ခု ရန်ဖြစ်မတတ်
စကားတွေများ ကြတယ်။
စာဖတ်သူ ပရိတ်သတ်တွေက
သူတို့ တကယ်ပဲ ရန်သူတွေဖြစ်ကုန်ပြီးလားလို့။
နောက်တစ်လ ပါလီမာန်မှာတော့
ပါတီစုံအမတ်တို့ ပျော်ရွှင်စွာ
လက်ဆွဲ နှုတ်ဆက်လို့၊
သိလိုက်ပါပြီ..
ပါတီစုံအမတ်တို့
ရန်ဖြစ်မတတ် စကားများကြတာ
တိုင်းပြည်ကို ချစ်လို့ ထင်ပါရဲ့။
ကဲ.. သူငယ်ချင်း..
တိုင်းတစ်ပါး ရောက်လို့
အမျိုးသိမ်ငယ်စွာနဲ့ အားမာန်ကိုတင်း
ဆွေမျိုးရင်းချာလို
ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာ ၊
ကိုယ့်စကား မပျောက်ပြက်ဖို့
တစ်ယောက်ကို တစ်ယောက်
မှီတင်းနေ့ထိုင်ရတဲ့ နေရာမှာ
ဘယ်အငြိုးအတေးကြောင့်
စကားပြောနိုင်
မခေါ်နိုင်၊
မတွေ့နိုင်ဖြစ်နေရတာလဲ။
အင်း..၊
ချစ်လွန်းလို့ပဲ ဖြစ်မယ်ထင်ပါရဲ့..
ကလေးဘဝ ၊မသိတတ်ခင်က
အမေနဲ့အဖေ စကားများပြီး ရန်ဖြစ်တော့
စိတ်ညစ်ခဲ့ဖူးတယ်။
အမေတကယ် အဖေ့ကို မချစ်တော့ဘူးလားလို့၊
နောက်တစ်ပတ်လောက်မှာတော့
ဖေဖေက အပြုံးမျက်နှာနဲ့
အလှပြင်ထားနဲ့ မေမေ့ကို ‘စ’ လိုက်တယ်။
“ မင်း ဒီနေ့ သိပ်လှနေပါလားတဲ့။
ဖေဖေ့သံကြားတော့ မေမေက ပြုံးစိစိနဲ့…။
သိလိုက်ပါပြီ…၊
အမေနဲ့အဖေ စကားများရန်ဖြစ်တာ
ချစ်လွန်းလို့ပါ။
၂)
ကျနော် ငါးနှစ်သား အရွယ်က
ရွာလူကြီးတွေ အိမ်ကိုလာ
အိမ်က အချစ်ဆုံး ‘မမ’ ကို
လာရောက် စေ့စပ်တောင်းရမ်းတော့
ကျနော့်အစ်ကိုကြီးတွေရဲ့
ပေါက်ကွဲသံ ကြားခဲ့ဖူးတယ်။
သိလိုက်ပါပြီ..၊
အစ်ကိုကြီးတွေ ပေါက်ကွဲတာ
ညီမလေးကို ချစ်လွန်းလို့ပါ။
၃)
ကျနော် လူပျိုပေါက်ဖြစ်တော့
ကျနော်မိတ်ဆွေ စုံတွဲ
မကြာခဏ စကားများကြတယ်။
သူတို့နှစ်ယောက် စကားများတော့
မနေတတ်လို့ ကြားဝင်ကာ
ဖျောင်းဖျစကားတွေ သူတို့နှစ်ယောက် နားငြီးအောင်
ဆိုခဲ့ဘူးတယ်။
နောက် တစ်ပတ်လောက်ကြတော့
သူတို့နှစ်ယောက် အပြုံးကိုယ်စီနဲ့
ချစ်ခြင်းနှောကာ အဆင်ပြေလို့။
သိလိုက်ပါပြီ
ချစ်သူတို့ နှစ်ယောက် စကားများကြတာ
ချစ်လွန်းလို့ပါ။
၃) သတင်းစာတွေဖတ်တော့
နိုင်ငံရေးပါတီတွေ
တစ်ခုနဲ့ တစ်ခု ရန်ဖြစ်မတတ်
စကားတွေများ ကြတယ်။
စာဖတ်သူ ပရိတ်သတ်တွေက
သူတို့ တကယ်ပဲ ရန်သူတွေဖြစ်ကုန်ပြီးလားလို့။
နောက်တစ်လ ပါလီမာန်မှာတော့
ပါတီစုံအမတ်တို့ ပျော်ရွှင်စွာ
လက်ဆွဲ နှုတ်ဆက်လို့၊
သိလိုက်ပါပြီ..
ပါတီစုံအမတ်တို့
ရန်ဖြစ်မတတ် စကားများကြတာ
တိုင်းပြည်ကို ချစ်လို့ ထင်ပါရဲ့။
ကဲ.. သူငယ်ချင်း..
တိုင်းတစ်ပါး ရောက်လို့
အမျိုးသိမ်ငယ်စွာနဲ့ အားမာန်ကိုတင်း
ဆွေမျိုးရင်းချာလို
ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာ ၊
ကိုယ့်စကား မပျောက်ပြက်ဖို့
တစ်ယောက်ကို တစ်ယောက်
မှီတင်းနေ့ထိုင်ရတဲ့ နေရာမှာ
ဘယ်အငြိုးအတေးကြောင့်
စကားပြောနိုင်
မခေါ်နိုင်၊
မတွေ့နိုင်ဖြစ်နေရတာလဲ။
အင်း..၊
ချစ်လွန်းလို့ပဲ ဖြစ်မယ်ထင်ပါရဲ့..
No comments:
Post a Comment