ဒီနှစ် နွေရာသီက ဗန်ကူးဘားရှိ မြန်မာကလေးတွေကို မြန်မာစာသင်ဖြစ်တယ်။
ကလေးတွေက အရွယ်စုံသလို ၊ အသိပညာ ၊ ဘာသာစကား ကျွမ်းကျင်မှုလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တချို့ကလေးတွေက မြန်မာပြည်ကရောက်တာ မကြာသေးလို့ မြန်မာစကား ကောင်းကောင်း ပြောတတ်ကြပေမယ့် ဘုရားစာကိုတော့ ကောင်းကောင်း မတတ်သေးပါဘူး။ တချို့ကလေးတွေကြတော့လည်း ထိုင်နယ်စပ်ဒုက္ခသည် စခန်းကရောက်လာတာဆိုတော့ မြန်မာစကားတောင် ကောင်းကောင်း မပြောတတ်ကြဘူး။ တချို့ကလေးတွေကြတော့လည်း မြန်မာစကားကို နားလည်းတယ်။ ကောင်းကောင်း မဖတ်တတ် ၊ မပြောတတ်ကြဘူး။
ဒါ့ကြောင့် ကလေးတွေလည်း မပျင်းရအောင်၊ မြန်မာစာလည်း သင်ယူပြီးသားဖြစ်အောင်း "TWO WAY SYSTEM" စနစ်ဖြင့် အချင်းချင်း သင်ယူတဲ့ နည်းစနစ်ကို သုံးပါတယ်။ ကလေးတွေလည်း သင်ကြားရေးမှာ စိတ်ဝင်စားအောင် ၊ ပျော်ရွှင်စရာလည်းဖြစ်အောင် ပြိုင်ပွဲလေးလုပ်ပေးပါတယ်။ ဒီပြိုင်ပွဲမှာလည်း အနိုင်/ အရှုံးအနေနဲ့ ဒိုင်လူကြီး အမှတ်ပေးပါတယ်။
ဒီပြိုင်ပွဲလေးကို ကျင်းပဖို့ အုပ်စု ‘A ‘ နှင့် အုပ်စု ‘B’ ရယ်လို့ နှစ်ဖွဲ့ခွဲပါတယ်။
စာရေးသူက ကလေးတွေရဲ့ စိတ်နေသဘောထားကို အကဲခတ်တဲ့ အနေနဲ့ ခေါင်းဆောင် တစ်ယောက်စီ ရွေးပြီး အဲဒီခေါင်းဆောင်ကို ဒီပြိုင်ပွဲအတွက် ကြိုက်တဲ့ကလေးကို ခေါ်ကြလို့ ခွင့်ပေးလိုက်တယ်။
လူတို့ရဲ့ သဘာဝ ယှဉ်ပြိုင်ရမှာဆိုတော့ မြန်မာစကားကောင်းကောင်း ပြောတတ်သူ၊ လည်လည်ဝယ်ဝယ်ရှိသူကို အုပ်စု A ခေါင်းဆောင်က ရွေးချယ်လိုက်ပါတယ်။ စာရေးသူကလည်း ကလေးတို့ကို မျှတခြင်း၊ စည်းလုံးခြင်း၊ တန်းတူရည်တူ ဆက်ဆံ တတ်ခြင်းကို သင်ပေးချင်လို့ တမင်တကာဖန်တီးလိုက်တာပါ။
အုပ်စု B မှာတော့ အုပ်စု A က မလိုချင်တဲ့ ကလေးငယ်တွေ၊ မြန်မာစကား ကောင်းကောင်း မပြောတတ်တဲ့သူတွေပဲ ကျန်ခဲ့ပါတယ်။
စာရေးသူက ဘာမှ မပြောသေးပဲ “ ဗန်ကူးဘားရောက် မြန်မာသင်္ကြန်း” ခေါင်းစဉ်နဲ့ စကား ပြောကြဖို့ အစည်းအဝေး ထိုင်ခိုင်းလိုက်တယ်။ ကလေးတွေကလည်း အဖွဲ့နှစ်ခု ပြိုင်ရမှာဆိုတော့ ခေါင်းဆောင်လုပ်သူတွေက အဖွဲ့ဝင်တွေကို သင့်တော်ရာ တာဝန်ပေးပြီး အချင်းချင်း မြန်မာစကားပြောလေ့ကျင့်ကြတယ်။ သူတို့ အချင်းချင်းဆိုတော့လည်း အဆင်ပြေသွားတာပဲ။
အဖွဲ့ နှစ်ခုလုံး အစည်းအဝေးတွင်တိုင်ပင်ပြီလို့ မြန်သကြန်း သရုပ်ဖော် မြန်မာစကားပြောနဲ့ ပြိုင်းပွဲဝင်ကြပါတယ်။ အဖွဲ့ A တော့ လက်ရွေးစင်ကျောင်းသားတွေကြီးဆိုတော့ မြန်မာသင်္ကြန်ကို ကောင်းကောင်း သရုပ်ပြသွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
အဖွဲ့ B အလှည့်ရောက်တော့ အဖွဲ့ခေါင်းဆောင်ကလည်း သူတတ်စွမ်းသလောက် ကလေးငယ် အဖွဲ့ဝင်တွေကို ဦးဆောင်းပြီး မြန်မာသင်္ကြန် သရုပ်ကို ကောင်းကောင်း ကပြသွားနိုင်ခဲ့ပါတယ်။
အဖွဲ့ B မှာ မြန်မာစကား ကောင်းကောင်း မတတ်တဲ့ ကလေးငယ်တစ်ယောက်က အဖွဲ့က တာဝန်ပေးတဲ့ တံမျက်စည်းကို ဂီတာလုပ်တီးကာ ဗန်ကူးဘာ မြန်မာသကြန်းသရုပ်ကို ကောင်းကောင်းဖော်သွားခဲ့ပါတယ်။ မြန်မာစကား ကောင်းကောင်း မတတ်တဲ့ ကရင်မလေးကလည်း ၊ အဖွဲ့ခေါင်းဆောင် သင်ပေးထားတဲ့ “ မြန်မာနှစ်သစ်မှာ ပျော်ရွင်ပါစေ” ဆိုတဲ့ စာသားလေးကို ပီးပီသသရွတ်ဆိုသွားခဲ့ပါတယ်။
စကားပြိုင်ပွဲပြီးလို့ အမှတ်ပေးတဲ့အခါ…၊ အဖွဲ့ A က လူကောင်းတွေကြီးပါလို့ မြန်မာစကားကို ပီပီပြင်ပြင် ပြောသွားနိုင်သော်လည်း ၊ ဦးဆောင်းမှုက ညံဖျင်းလို့ အမှတ် ၂မှတ်ပဲ ရခဲ့ပါတယ်။
အဖွဲ့ B က ကလေးတွေများလို့ မြန်မာစကားကို များများ မပြောနိုင်သော်လည်း ဦးဆောင်မှုက စေ့စပ်သေချာလို့ အမှတ် ၂ မှတ်ရခဲ့ပါတယ်။
ဒါကြောင့် နှစ်ဖွဲ့လုံးကို သရေးပေးကာ အတူတူ ဆုပေးလိုက်ပါတယ်။
********************
ပြိုင်းပွဲအပြီးမှာတော့ ဆုပေးပြီး ကလေးတွေကို ရှင်းပြလိုက်တယ်…။
“ကလေးတို့ရဲ့.. ယှဉ်ပြိုင်ဆင်းနွဲမှုဟာ အားလုံးကောင်းပါတယ်။ ဒီနေရာမှာ ဘုန်းဘုန်း သင်ပေးချင်တာက အရှုံး/ အနိုင် ယှဉ်ပြိုင်ဖို့ သက်သက်သာ မဟုတ်ဘူး။ မြင့်မြတ်တဲ့ စိတ်နေသဘောထားကိုလည်း သင်ပေးချင်တာ။
ဘုန်းဘုန်းက အဖွဲ့ A ခေါင်းဆောင်ကို ဦးစားပေး လူရွေးခိုင်းတဲ့အခါ အဖွဲ့ခေါင်းဆောင် A က လူတော်တွေကို ပဲရွေးသွား တယ်။ ဒီလိုမဖြစ်သင့်ဘူး၊ ကိုယ်ရှေ့သွားရလို့ ၊ ကိုယ်အခွင့်အရေးရလို့ လူကောင်းတွေ ရွေးယူတယ်ဆိုတာ မြင့်မြတ်တဲ့ စိတ်ထားမဟုတ်ဘူး၊ ကိုယ်နောက်မှာရှိတဲ့ အဖွဲ့ B ခေါင်းဆောင် အတွက်လည်း စဉ်းစာပြီး ၊ သင့်တင့်အောင် ၊မျှတအောင် လူ ရွေးရတယ်။ နောက်ပြီး အဖွဲ့ဝင်လူဆိုတာ .. ငယ်သည်၊ ကြီးသည်၊ တတ်သည်၊ မတတ်သည်က အဓိက မကျပါဘူး၊ လူတိုင်းဟာ တာဝန်ပေးလာရင် ၊ သူ့တာဝန်ကိုတော့ ကောင်းကောင်းဆောင်ရွတ်တတ်ကြပါတယ်လို့ ၊မြင့်မြတ်တဲ့ သဝသင်္ခန်းစာပါ သင်ပေးလိုက်ပါတယ်။
လူသားတိုင်း မြင့်မြတ်သောစိတ် ထားတတ်ကြပါစေ..၊

No comments:
Post a Comment