‘မြစ်ဧရာ ကမ်းနဘေးက၊
အလှမ်းမဝေး မြင်သည်၊
ရွာဦးက ထုံးစေတီ၊
ကြည်ညိုစရာ အလွန်ကောင်း၊
ကျောင်း၊ဇရပ်၊ရေကန်
စုံသည်၊ ရွာတည်ပုံ အားကျဖို့ကောင်း…။’
မြတ်ဗုဒ္ဓ စေတီများအကြောင်းကို
စဉ်းစားလိုက်သောအခါ… ကလေးဘဝက ရွာအလှူတွင် ကြားရလေ့ရှိသော ရွာဦးက ထုံးစေတီ ဆိုသော သီချင်းသံက အလိုလို အတွေးထဲကိုဝင်လာသည်။
မြန်မာလူမျိုးများ
ဗုဒ္ဓကို ကြည်ညိုလေးစားပုံက နှလုံးသာထဲမှာ ဘုရားတည်ထားရုံမျှနှင့် အားရတော်မမူပဲ ဗဟိဒ္ဓ
ပြင်ပသို့တိုင်အောင် စေတီပုထိုးများကို တည်းထားကိုးကွယ်တော်မူကြသည်။ ထို့ကြောင့် ကျေးရွာတိုင်း
မြို့နယ်တိုင်း၊ တောင်မြင့်မြင့်၊ တောင်ကမူ လူမြင်လွယ်ရာ နေရာများတွင် စေတီများကို
တည်ထားကိုးကွယ်ကြသည်။
ပုဂံခေတ်က ဗုဒ္ဓဘာသာများ
ဘုရားတည်ထား ကိုးကွယ်မှုများ “လှဲဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”ဟု စာဆိုရလောက်အောင်များပြားလှသည်။
ပုဂံခေတ်က မုဆိုးမသည်ပင် စေတီတစ်ဆူ တည်ကာ ကိုးကွယ်ကြောင်း လေ့လာတွေ့ရှိရသည်။
စေတီပုထိုးများနှင့်
ပတ်သတ်၍ တစ်လောက မြန်မာနိုင်ငံ၊အင်းစိန်သံဃာညီလာခံတွင်၊ ကမ္ဘာသာသနာပြု၊သီတဂူဆရာတော်ဘုရားကြီးမှ
ရန်ကုန်မြို့၊ သိမ်းကြီးဈေးနေရာတွင် ကျိုက်မြတ်သံချိုး စေတီတစ်ဆူရှိကြောင်းသိရ၍ ၊ ခေတ်လူငယ်များ
ဖြစ်သော စာရေးသူတို့ စေတီသမိုင်းကြောင်းကိုတော်တော်လေး
စိတ်ဝင်းစားသွားသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံနှင့်စေတီများ
သမိုင်းကို လေ့လာမိသလောက် စုစည်း တင်ပြလိုက်ရပါသည်။
စေတီ
‘စေတီ’ဟူသော ဝေါဟာရသည်
‘စေတိယ’ ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး လူအများ အမြတ်တနိုး ကိုးကွယ်ဆည်းကပ်ရာ ပူဇော်ပသရာ
ဌာနဖြစ်သည်။ ရှေးခေတ်က အန္ဒိယပြည်တွင် လူအများ
ပူဇော်ပသရာ နတ်ကွန်းများ၊ ညောင်ပင်စသည်းများကိုလည်း စေတီဟု ခေါ်ကြသည်။ ဗုဒ္ဓစာပေ ပရိနိဗ္ဗာသုတ်တွင်
မြတ်စွာဘုရား သတင်းသုံးရန် ဆောက်လုပ်မည့်နေရာကို “ဥဒေနစေတီ” ဟု ခေါ်ကြောင်း လေ့လာတွေ့ရှိသည်။
အကြောင်းမှာ အစောပိုင်းက ဥတေန နတ်ဘီလူးကို
ယုံကြည်ကိုးကွယ်သူများ ပူဇော်ပသရာ ‘ဥဒေန နတ်ကွန်း’ ဖြစ်သောကြောင့်ဖြစ်သည်။
စေတီအစ သကြားဗြဟ္မာက
သာသနာတွင် စေတီတော်များကို
စတင်တည်ထားကိုးကွယ်သူမှာ လူများမဟုတ် နတ်ဗြဟ္မာများပင်ဖြစ်သည်။ သကြားမင်းက တာဝတိံသာနတ်ပြည်တွင် စေတီတစ်ဆူနှင့်၊
ဃဋိကာရဗြဟ္မာကြီးက အကနိဋ္ဌဗြဟ္မာဘုံတွင် စေတီတစ်ဆူတည်းထားကိုးကွယ်တော်မူသည်။
ဘုရားအလောင်းတော်
သိဒ္ဓတ္ထမင်းသာ တောထွက်စဉ်က အနော်မာမြစ်ကမ်းတွင် ဆံတော်ကိုပယ်ပြီး ဆံတော်နှင့်မကိုဋ်ကို
ကောင်းကင်သို့ ပစ်တင်လိုက်ခါ.. “ငါသည်.. ဘုရားစင်စစ် ဧကန်ဖြစ်လျှင် ဤဆံပင်သည် မြေသို့မကျ
ကောင်းကင်မှာ တည်ပါစေသတည်း”ဟု အဓိဌာန်တော်မူသည်။ ဘုရားလောင်၏ ပါရမိတော်ကြောင်း ဆံတော်သည်
အံဖွယ်သရဲ ကောင်းကင်တွင် ပန်းဆိုင်း ဆွဲထားသကဲ့သို တည်နေတော်မူသည်။ ထိုဆံတော်ကို သကြားမင်း
လာရောက်ကာ နတ်ပြည်သို့ ယူဆောင်၍ ဆံတော်ကို ဌပနာကာ စူဠမဏိ စေတီတည်ထားကိုးကွယ်တော်မူသည်။
ဘုရားအလောင်းတော်
ရသေ့ရဟန်းပြုလိုသော စိတ်ဖြစ်သောအခါ ၊ ကဿပဘုရားရှင် လက်ထက်က သူငယ်ချင်းဖြစ်ဖူးသော ဃဋိကာရဗြဟ္မာက
သင်္ကန်းပရိက္ခရာ လာရောက်လှူဒါန်းတော်မူပြီး၊ ဘုရာလောင်း ဝတ်လဲတော်ကို ဗြဟ္မာ့ပြည်သို့
ယူဆောင်ကာ ဒုဿစေတီ တည်ထားကိုးကွယ်တော်မူသည်။
မီးပုံပျံအစ တာဝတိံသာနတ်ပြည်က
မြန်မာဗုဒ္ဓဘာသာဝင်တို့သည်
စေတီများကို တည်းထားကိုးကွယ်ရုံမျှမက ဖူးမျှော်ကြည်ညိုခြင်းတွင်လည်း အလွန်စိတ်အားထက်သန်သူများဖြစ်ကြသည်။
ယနေ့ခေတ် ပေါ်ပြူလာဖြစ်နေသော မြေဆင်း မောင်ထောင် တရားထိုင်နည်းသည်၊ တရားထိုင်းပြီး သမာဓိရလာသောအခါ
အလင်းရောင်လွှတ်၍ တာဝတိံသာက စူဠာမဏိ စေတီတော်ကို သွားရောက်ဖူးမျှော်နိုင်ကြောင်း စာပေများတွင်ဖတ်ရှုရသည်။
ယနေ့ခေတ် တောင်ကြီး
၊ မေမြို့တိုတွင် သီတင်းကျွတ်လ မီပုံးပျံများလွှတ်ကာ ပျော်ပွဲရွှင်ပွဲ ကျင်းနေကြသော
ခေတ်လူငယ်များ မီးပုံးပျံ သမိုင်းအစကို သိချင်မှသိပေလိမ့်မည်။
မီးပုံပျံ သမိုင်းအစမှာ
မြတ်စွာရားသည် မယ်တော်မိနတ်သားအား အဘိဓမ္မာဒေသနာ ဟောကြားပြီးနောက် တာဝတိံသာနတ်ပြည်မှ
နတ်ဗြဟ္မာများခြံရံကာ လူပြည်သို့ ပြန်လည်ကြွရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှာ မီးရှုးမီးပန်းများဖြင့် ဗုဒ္ဓအားပူဇော်ကြသည့်အပြင် စူဠာမဏိစေတီနှင့်ဒုဿစေတီကို
ရည်မှန်း၍ မီပုံးပျံများ လွှတ်တင်ကာ ပူဇော်ကြရင်းဖြင့် သီတင်းအခါ မီးပုံးပျံလွှတ်တင်ခြင်း
ရိုးရာယဉ်ကျေးမှုထွန်းကားလာခြင်းဖြစ်ပေသည်။ ယခုနောက်ပိုင်းတွင် လမ်းမျာတွင်း ရောင်စုံးမီးများထွန်း၍ တန်ဆောင်တိုင်ပွဲဟု
ဖြစ်ပေါ်လာသည်။
စေတီအစ မြန်မာက
ဗုဒ္ဓစေတီ တည်းထားကိုးကွယ်မှုသမိုင်းတွင်
မြန်မာလူမျိုးက ပထမဦးဆုံးဟု ဆိုနိုင်ပါသည်။
ရွှေတိဂုံစေတီတော် သမိုင်းအဆိုအရ.. ဥက္ကလာပမှ တပုဿနှင့်ဘလ္လိက ညီနောင်တို့ဦးဆောင်၍ လှည်ငါးရာဖြင့် မဇ္ဈိမဒေသသို့ အရောင်းအဝယ်သွားကြသည်။ ဗုဒ္ဓသည် သဗ္ဗညုတဥာဏ်သို့ရောက်ပြီး ရက်သတ္တ၊ ခုနစ်ပတ်ပြည့်သော
ဝါဆိုလဆန်း ၅-ရက် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံမှ ကုန်သည်ညီနှောင်တို့သည် ဗုဒ္ဓအား မုံ့ကြွက်ကျစ်နှင့်
ပျားမုံ့ဆုပ်များ လှူဒါန်းကြလေသည်။ ထိုမုန်းများသည် ၊ ဘုရားရှင် သဗ္ဗညုတဥာဏ်သို့ရောက်ပြီးနောက်
ပထဦးဆုံးဘုဉ်းပေးရသော ဆွမ်းဖြစ်သည်။ ထို့ကြောင့် မြန်မာများသည် ဗုဒ္ဓ၏ ဆွမ်းဦးအလှူရှင်
ဖြစ်သည်။
ဗုဒ္ဓက ဆွမ်းဘုဉ်ပေးပြီးနောက် သင့်လျော်သော တရားဓမ္မများဟောကြားတော်မူသည်။ တရားပွဲပြီးဆုံးသောအခါ
မြတ်စွာဘုရားအားကြည်ညို၍ ဦးစွာ ဗုဒ္ဓနှင့်ဓမ္မကို ကိုးကွယ်ယုံကြည်သူ ဥပသကာ ညီနှောင်ဖြစ်လာသည်။
ဤအချိန်က သံဃာတော်များ မပေါ်ထွန်းသေး၍ (ဒွေဝါစိက) သရဏဂုံနှစ်ပါး ဦးစွာမထမ တည်းသူများဟု
ပိဋကတ်စာပေများတွင် တွေ့ရှိရသည်။
ထို့နောက် ကုန်သည်ညီးနောင်က
အမြဲတည်းထား ကိုးကွယ်ဖို့ ပူဇော်ဖွယ်တစ်ခုခု ချီးမြှင့်လိုက်ပါရန် လျှောက်ထားမှုကြောင့်
ဗုဒ္ဓက လက်ျာတော်ဖြင့် ဦးခေါင်းတော်ကို သပ်တော်ကာ ပါလာသော ဆံတော်မြတ်ရှစ်ဆူတော်ကို
ပေးသနားတော်မူသည်။ ကုန်သည်ညီနောင်တို့က ဆံတော်ကို ပင့်ဆောင်ပြီး တိုင်းပြည်သို့ပြန်ရောက်သောအခါ
ဥက္ကလာပမင်းကြီးအား အမှူးထားပြီး ယခုကမ္ဘာ့အံ့ဖွယ် ရွှေတိဂုံစေတီ တည်ရှိရာ သင်္ဂုတ္တရကုန်းတော်တွင်
စေတီတစ်ဆူ တည်ထားကာ ဆံတော်မြတ်ကို ဌပနာတော်မူသည်။
ကမ္ဘာမှာ မြန်မာလို့
ဟစ်ကြွေလို့ရအောင်
ရွှေရောင်တဝင်းဝင်းနှင့် မြန်မားကျက်သရေဆောင် ရွှေတီဂုံစေတီတောမြတ်ကြီသည်။
ဦးစွာပထမ တည်းထားစက ဥာဏ်တော် ၆၆ ပေးသာရှိပြီး၊ တိုင်းပြည်အုပ်ချုပ်သော မင်းအဆက်ဆက်နှင့်ပြည်သူတို့က
မူလစေတီးကို မွမ်းမံပြင်ခဲ့သောကြောင့် ယခုလို ထည်ထည်ဝါဝါ ၃၂၆-ပေမြင့်သော ကမ္ဘာ့အံဖွယ်စေတီတော်ကြီးကို
ကြည်ညိုဖွယ်ရာ ဖူးတွေ့ရခြင်းဖြစ်သည်။
ဤရွှေတိဂုံသမိုင်းအရ
စေတီအစ မြန်မာကလို့ဆိုရလောက်အောင် လူသားများတွင် မြန်မာနိုင်ငံမှ ကုန်သည်များက ဗုဒ္ဓကို ပထမဆုံးဖူးတွေ့ရကာ စေတီးတော်ကို ပထမဦးဆုံး
တည်ထား ကိုးကွယ်သူများဖြစ်လာသည်။
ဗုဒ္ဓနှင့်စေတီများ
ပုထုဇဉ်လူသားများတွင်
မြန်မာနိုင်ငံသားများက ဦးစွာပထမဆိုသော်လည်း ၊စေတီကို စတင်တည်ထားသူမှာ ဗုဒ္ဓပင်ဖြစ်သည်။
အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံတော်မူတုန်းက ဗုဒ္ဓကိုယ်တိုင် သာဝတ္ထိမြို့တွင် စေတီတော်ကို တည်ထား၍ အရှင်သာရိပုတ္တရာများ၏
အရိုးဓာတ်များကို ဌပနာထားစေတော်မူသည်။
ထိုအပြင် အရှင်မဟာမောဂ္ဂလာန်၊
ပုတိဂတ္တ ရဟန္တာ၊ ဗာဟိဒါရုစီရိယ ရဟန္တာတို့၏ ဓာတ်တော်များကို ဌပနာ၍ စေတီတည်ထားတော်မူသည်။
ဓာတော်စေတီများ
ဗုဒ္ဓပရိနိဗ္ဗာန်စြံပီးနောက် ဗုဒ္ဓ၏ ဓာတ်တော်များကို ဌပနာ၍ အဇာသတတ်မင်းက ရာဇဂြိုလ်ပြည်။
လစ္ဆဝီမင်းက ဝေသာလီပြည်၊ သာကီဝင်မင်းများက ကပိလဝတ်ပြည်၊ ကာဗုလိမင်းများက အလ္လကပ္ပပြည်၊
ကောလိယမင်းများက ရာမရွာ၊ ဝေဌဒိယပုဏ္ဏားက ဝေဌဒီပတိုင်း၊ ပါဝါပြည်သား မလ္လမင်းများက ပါဝါပြည်၊ ကုသိနာရုံ ပြည်
မလ္လာမင်းများက ကုသိနာရုံပြည်၌ အသီးသီး စေတီများတည်ထားခဲ့ကြလေသည်။
ထို့အပြင် ဓာတ်တော်ဝေသော
ဒေါဏပုဏ္ဏားက ဓာတ်တော်ခြင်သော ပြည်တောင်းကို ဌပနာ၍ စေတီတစ်ဆူ၊ မောရိယမင်းများမှ အလင်းတော်မီးသဂြူင်္ီဟ်ရာဌာနမှ
မီးသွေးများကို ဌပနာ၍ စေတီတစ်ဆူ တည်ထားကိုးကွယ်တော်မူသည်။
ဤသို့အားဖြင့်
သရီရဓ်ာတော်ရှစ်ဆူ၊ ပြည်တောင်းစေတီတစ်ဆူ၊ မီးသွေးစေတီတစ်ဆူအားဖြင့်
စေတီတော် ဆယ်ဆူတို့ ထင်ရှားဖြစ်ပေါ်လာသည်။
ဓာတ်တော်တိုက်စေတီ
ထို့နောက် အဇာသတတ်မင်းကြီးသည်
ဓာတော်များ ပျောက်ကုန်မည်စိုးသဖြင့် အရှင်မဟာကဿပ ညွှန်ကြားချက်ဖြင့် ဓာတ်တော်များ လက်ဝယ်ရရှိထားသော
မင်းများနှင့်စေတီတော်များမှ ဓာတ်တော်များကို ပင့်ဆောင်၍ မြေအောက်ဓာတ်တော်တိုက် စေတီကြီး တည်ဆောက်ကာ ဓာတ်တော်များကို
ဌာပနာထားခဲ့သည်။
စေတီပေါင်း ရှစ်သောင်းလေးထောင်
မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး
နှစ်ပေါင်းနှစ်ထောင်ကျော်လောက်တွင် သီရိဓမ္မာသောက မင်းတရားကြီးက အဇာတသတ်မင်း မြေအောင်ဓာတ်တော်တိုက်မှ
ဓာတ်တော်များကို တူဖော်၍ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်းထားကိုးကွယ်တော်မူခဲ့သည်။
ကမ္ဘာအနှံ့စေတီပြန့်
ထို့နောက် သာသနာ့ပြန့်ပွားရာ
နိုင်ငံများဖြစ်သော သီဟိုဠ်၊မြန်မာ၊ကမ္ဘောဒိယား၊ အင်ဒိုနီရှား၊ အာဖကန်နစ္စတန်၊ စသောနိုင်ငံများတွင်လည်း
မင်းနှင့်ပြည်သူများက အထင်ကရ စေတီများတည်းထား ကိုးကွယ်တော်မူကြသည်။
အနိစ္စသဘော ကိစ္စချောဆိုသော်လည်း
တချိန်က ကမ္ဘာတွင်အောင်
ထင်ရှားသော အင်ဒိုနီးရှားမှ ဗောရောဗုဓောစေတီတော်ကြီး၊ ကမ္ဘောဒီယာမှ ဘုရားကျောင်းတော်ကြီး၊
အာဖကန်နစ္စတန်မှ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးများမှာ
တရားသဘောအရသော်လည်းကောင်း၊ ဘာသာခြားတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကြောင့်သော်လည်းကောင်း
ယခုအချိန်တွင် ပျက်စီးဆုံးရှုံးခြင်းဖြင့် ရင်ဆိုင်ရတော့သည်။
တရားသဘောအရ..
“အရာဝတ္ထုအားလုံးသည် ပျက်သုဉ်းခြင်းသာ နောက်ဆုံးရှိခြေ၏”ဟု ဆင်ခြင်တရားပွားများနိုင်သော်လည်း၊
ဗုဒ္ဓဘာသာ၏ နောက်ဆုံခံတပ်ဖြစ်သော မြတ်မာနိုင်ငံအဖို့ အတိတ်က တွေ့ကြုံခဲ့ရသော အာဖကန်နစ္စတန်
ဗုဒ္ဓဘာသာနိုင်ငံ၊အင်ဒိုနီရှားနိုင်ငံများကို စံနမူနာယူ၍ ယခုအချိန်ကတည်းက ရွှေတိဂုံစေတီကဲ့သို့သော
အထင်ကရ စေတီများ မပျက်စီးရလေအောင် ဗုဒ္ဓဘာသာများအာလုံး ဝိုင်းကူညီ ထိမ်းသိမ်းစောက်ရှောက်ကြပါရန်
တိုက်တွန်းအပ်ပါသည်။
No comments:
Post a Comment