Friday, September 7, 2012

ပြည်ပ သာသနာပြု ဆိုရာဝယ်.. ( ၄)


နောက်တစ်ပတ်ကြာသာပတေးနေ့မှာ ယောဂီများ တရားထိုင်ပြီး ပြီးခဲ့တဲ အပတ်က ပြောခဲ့တဲ့  ရှင်ပြုရခြင်း အကြောင်းကို အချိန်ပိုယူပြီး ဆက်ပြောဖြစ်ပါတယ်။

ရှင်သာမဏေ
ရှင်သာဏေဆိုတာ ပဗ္ဗဇ္ဖိတပါဠိက ဆင်းသက်လာပါတယ်။
 ရဟန်းပဉ္စင်ဘဝသို့မရောက်ခင် ရှေးဦးစွာ ရောက်အပ်သော အဆင့်ဖြစ်လို့ ရှင်သာမဏေလို့ခေါ်ပါတယ်။

ပဗ္ဗဇ ( ၃) မျိုး
၁။    ဆံရိတ်ပြီး ရှင်လောင်းကို ( ဘဏ္ဍုပဗ္ဗဇ္ဖိတ)
၂။    ဆံရိတ် သင်္ကန်းဝတ်ပြီးသော်လည်း သရဏဂုံမတင်ရသေးသော ရှင်လောင်းကို (လိင်္ဂပဗ္ဗဇ္ဖိတ)
၃။    ဆံရိတ် သင်္ကန်းဝတ်ပြီး သရဏဂုံဆောက်တည်ပြီး၍ သာမဏေအစစ်ဖြစ်သောသူကို
 ( သရဏပဗ္ဗဇ္ဖိတ) ခေါ်ပါတယ်။

သာမဏေရဆိုတာ. ဆရာဥပဇ္ဈာယ်ရဟန်း သားကို သာမဏေရ - ကိုရင်လို့ခေါ်ပါတယ်။ သရဏဂုံ ပီပီသသဆိုပြီး ဆရာဘုန်းကြီးက သင်္ကန်ဝတ်ပေးမှ သာလျှင် ကိုရင်ဖြစ်ပါတယ်။ ကိုယ်တိုင်း သင်္ကန်းဝတ်လို့   ကိုရင်မဖြစ်နိုင်ပါ။  မြန်မာဗုဒ္ဓဘာသာတို့က ရှင်၊ ကိုရင်၊ မောင်ရှင်၊ မောင်ရင် ၊ ရှင်သာမဏေ စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။

ဦးဖိုးလတ်၏ မြန်မာအဘိဓာန်ဋိကာ မြန်မာစကားကျမ်၌ “ ရှင်” ဟူသော ဝေါဟာရသည် အရှင်မင်းကြီး၊ ဘုရားရှင် စသည်တို့၌ ပါရှိသော “ရှင်” ကဲ့သို့ ကြီးမြတ်သူ ၊ စိုးပိုင်သူ ဟု အဓိပ္ပါယ်ရပါတယ်။
ဦးသာမြတ်၏ ပေါရာဏ အဘိဓာန်တွင်  “ရှင်” ကို အပူဇော်ခံထိုက်သူ၊ အရှင်သခင်ဟုလည်း ဖွင့်ဆိုပါတယ်။

ပါဠိစာပေလာ စကားဖြင့်ပြောရလျှင်.. အရဟန္တ -မှ တ-ကိုချေလျှင် အရဟန်( သို့) အရဟင်လို့ဖြစ်ပါတယ်။ စာပေမှာ ကာရန်ဖလှယ်၌ အရဟင်ကို အရှင်ဟု ဖြစ်လာကြောင်းရှင်းပြထားပါတယ်။
အနောက်တိုင်းယဉ်ကျေးမှုတွေမှာလို အမျိုးသားများရှေ့တွင် Mrs အမျိုးသမီးများရှေ့တွင် Miss ထည့်သုံးသလို  ထိုအတူ သာသနာတော်မှာလည်း “ပဉ္စင်း”ရှေ့တွင် ဦးထည့်၍ ဦးပဉ္စင်း ဟုလည်ကောင်း ၊ ရှင်ဟုလည်ကောင်  အရိုအသေပြုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

ရှင်ပြုရာတွင် လိုအပ်သော အင်္ဂါ ( ၂) ချက်
၁) ရှင်ပြုမှု၌ အပြစ်မရှိသော သူဖြစ်ရမယ်။
၂) မိဘက ခွင့်ပြရမယ်။

  ဗုဒ္ဓစာပေအရဆိုရင် ရှင်မပြုထိုက်သူ ( ၁၁) ယောက်ရှိပါတယ်။
၁) ဘာဝရုပ်ချို့တဲ့သူ ( ကိလေသာအပူကြီးလို့ ယောက်ျားမဟုတ်၊ မိန်းမဟုတ်သူ) ( ပဏ္ဍုတ်)
၂) စိတ်ထားမရှိဘဲ အသွင်နှင့်ပေါင်းသင်ခြင်းကို ခိုးယူသူ ( သေယျသံဝါသက)
၃) တိတ္တိတို့အသွင်သူယူ ( တိတ္ထိယပန္တက)
၎) နဂါ ၊ ဂဠုန်နှင့် ၊ နတ်များ ( တိရစ္ဆာန)
၅) အမိသတ်သူ
၆) အဖသတ်သူ
၇) ရဟန္တာသတ်သူ
ဂ) ဘုရားကို သွေးစိမ်းတည်အောင်ပြုသူ
၉) သံဃာ အသင်းခွဲသူ
၁၀) ရဟန်းမကို အလိုမတူပဲ ပြစ်မှား ကျူးလွန်သူ
၁၁) မိန်မစိတ် ၊ ယောကျာ်စိတ် တစ်လှည့်စီရှိသူ ( ဥပဘောဗျည်)

ဒါအပြင် ရဟန်း ၊ ကိုရင်ဆိုတာ လူအများရဲ့ ကိုးကွယ်ခြင်းကို ခံရမည့် ပုဂ္ဂိုလ်များဖြစ်လို့  ကြည်ညိုဖွယ်ရာ ရုပ်အဆင်းလည်းလိုအပ်ပါတယ်။ အဲဒါကြောင့် ဘုန်းဘုန်း မြန်မာနိုင်ငံ ပရိယတ္တိသာနာ့တက္ကသိုလ်တက်ဖို့ ဝင်ခွင့်ဖြေတုန်းကရယ်၊ ပြည်ပသာသာနာပြု သင်တန်းတက်ဖို့ ဝင်ခွင့်ဖြေ တုန်းက ရယ် လူတွေ့ အင်တာဗျူးဆို ပြီး လူအများရဲ့ကြည်ညိုဖွယ် ဥပဓီရှိ/ မရှိကို စစ်ဆေးပါတယ်။

စာပေအရဆိုရင် ရှင်မပြုထိုက်သော အနာရောဂါရှိသူ ၃၂- ဦးရှိပါတယ်။

  ခြုံပြောရရင်  နူနာရောဂါ စသော ရောဂါရှိသူများနဲ့ တရာဓမ္မကို အားထုတ်လို့ မရအောင် စိတ်ရောဂါ ဝေဒနာရှင်များဖြစ်ပါတယ်။

မိဘခွင့်ပြုမှု

ဘာကြောင့် မိဘခွင့်ပြုမှုကို ရယူရသလဲဆိုရင် သားတော်ရာဟုလာကို
 မြတ်စွာဘုရားက  ခွင့်ပြုချက်မယူပဲ ရှင်ပြုပေးလိုက်ခြင်းကို အခြေခံပါတယ်။ 

မြေးကလေး ရာဟုလာကို ကိုရင်ဝတ်ပေးလိုက်ပြီကြားတော့ အဘိုးသုဒ္ဓေါဒန မင်းကြီးမှာ အလွန်စိတ်နှလုံး မသက် မသာ ပင်ပန်းဆင်းရဲကို ခံစားပါတယ်။

အဘိုးသုဒ္ဓေါဒန စိတ်ဆင်းရဲမယ်ဆိုလည်း စိတ်ဆင်းရဲစရာပါ…။

သာတော်သိဒ္ဓမင်းသားတုန်းကလည် စကြာဝတေးမင်းအဖြစ်ကို ကြည့်ချင်လို့ အမျိုးမျိုး တာဆီးသော်လည်း မရ တောထွက်သွားလို့ စိတ်ဆင်းရဲ ရတာက တစ်မျိုး။
သားတော်နန္ဒမင်းသားလည် ဘုရာရှင်းက မပြောမဆို ရဟန်းပြုပေးလိုက် ဝမ်းနည်ရတာက တစ်မျိုး။
ယခု မြေးလေးကိုလည် မပြောအဆို ရှင်ပြုပေးလိုက်ပြန်ပြီးဆိုတော့ “သားမှာအချစ် ၊ မြေးမှာအနှစ်” ဆိုသကဲ့သို့ ပူဆွေးသောကရောက်လို့ သုဒ္ဓေါနမင်းကြီး ဘုရာထံသွား၍ လျှောက်ထားပါတယ်။

“ အရှင်ဘုရား ..တပည်တော်တို့ ပုထုဇဉ်များမှာ သား၊ သမီး၊ မြေးသံယောဇဉ်များဖြင့် မိသားစုဘဝ
 ပျော်ရွှင်မှုကို ဖန်တီးနေရပါတယ်ဘုရား ၊ တပည့်တော်အပူမျိုး တစ်ပါးသော မိသားစုများကိုလည် 
 ပူဆွေးသောက မရောက်ရစေရန် မိဘများခွင့်မပြုတဲ့ သား၊သမီးများကို ကိုရင်ဝတ်မပေးပါနဲ့ဘုရား” လို့မြတ်စွာဘုရားကို လျှောက်ထားပါတယ်။

ထိုနောက် မြတ်စွာဘုရားဟာ ရဟန်းတော်များကို စည်းဝေးစေပြီး “ မိဘနှစ်ပါး ခွင့်မပြုသော သားကို ရှင်မပြုပေးရ ၊ အကြင်ရဟန်းသည် ရှင်ပြုပေးအံ့ ၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေလို့ ပညတ်တော်
မူပါတယ်။

ယောဂီများလည်း ရှင်ပြုရခြင်း ဇစ်မြစ်ကို ပြောပြတော့ စိတ်ဝင်တစားရှိပြီး သူတို့က ထူးထူးဆန်းဆန်း ထပ်မေးပါတယ်။ ဘုရားမှာ သားရှိသလာတဲ့။ ဒီတော့ဘုန်းဘုန်းက  ဗုဒ္ဓမဖြစ်ခင် သိဒ္ဓတ္ထမင်းသားဘဝတုန်က ယသော်ဓရာနဲ့ အိမ်ထောင်ကျခဲ့ကြောင်း ၊ သားတစ်ယောက်ရကြောင်းရှင်ပြပါတယ်။ ဩော်..ဟုတ်လားတဲ့ ဗုဒ္ဓမှာ အိမ်ထောင်မရှိဘူး ထင်နေတာတဲ့။

No comments:

Followers

My Blog List