Parents to parent-less
Home to home-less
Hair to hair-less
Self to self-less
ဒီနှစ်ကနေဒါနွေက အညာနွေပူသလိုခံစားရသည်။ ခါတိုင်းနှစ်ထက် ပိုပူသလိုပဲ။ ဒါမှမဟုတ်လဲ နှစ်တိုင်းနှစ်တိုင်း နွေရာသီရောက်လာရင် ခါတိုင်းနှစ်ထက် ပိုပူတယ်လို့ ထင်တတ်ကြမြဲဖြစ်နေသလားတော့မသိပါ။ ခါတိုင်းဝတ်နေကျ တီရှပ်ကိုတောင် ချွေးလေးစိုစိစိဖြစ်လာလို့ ချွတ်ထားလိုက်ရသည်။
ကနေဒါနွေမည်သို့ ပူသည်ဖြစ်စေ..၊ ကနေဒီယန်များအဖို့ တနှစ်ပတ်လည်မှ သုံးလ၊လေးလလောက် နွေရာသီအရသာကို ခံစာရတာဆိုတော့ လူတိုင်းလူတိုင်မျက်နှာမှာ ပြုံရွင်သောမျက်နှာကို တွေ့မြင်ရတတ်သည်။ နွေရာသီအပြုံးနှင်အတူ ထာဝရသိမ်းထားရလောက်အောင် ကြည်နူးဖွယ်ကောင်းသော မြင်းကွင်းကတော့ တိုရန်ုတို၊ မဟာဓမ္မိကမြန်မာကျောင်းမှာ ဘင်္ဂလာဒေရှ်ဗုဒ္ဓဘာသာမိသားစု စုပေါင်းရှင်ပြုပွဲဖြစ်သည်။
အမေရိကန် ဘော်စတွန်ရောက်ဘင်္ဂလာဒေရှ်မိသားစုနှင့်ကနေဒါ၊တိုရန်တိုရောက် ဘင်္ဂလာဒေရှ်မိသားစုတို့ သားများကို စုပေါင်းရှင်ပြုကာ သာသနာ့ဘောင်သို့
နွေရာသီ ကျောင်းပိတ်ရက်တွင် တစ်ခဏတာမျှဝင်ရောက် တရားဓမ္မများ ပွားများစေခြင်းဖြစ်ပါသည်။
ယနေ့ခေတ်ဗုဒ္ဓဘာသာမိသားစုတွင် သား၊သမီးငယ်များအား သာသနာ့ဘောင်သို့ ဝင်ရောက်စေခြင်မှာ ခေတ်စားလာသော ၊ ပေါ်ပြူလာယဉ်ကျေးမှု တစ်ခုဖြစ်လာသည်။ ကောင်းသော ယဉ်ကျေးမှုတစ်ခုလို့ ဆိုနိုင်ပါသည်။ ဒီယဉ်ကျေးမှုကို အခြေခံ၍ သာသနာပြုခေါင်းဆောင်များနှင့် မိဘများနှင့် ပူပေါင်းကာ မြတ်စွာဘုရား သာသနာတော်ကို ဘုန်းတော်ကြီးကျောင်းသာသနာမှ မိသာစုသာသနာ၊ အိမ်တွင်းသာသနာ ကျင့်ဆောင်နိုင်မည်ဖြစ်ပါသည်။
ခေတ်မှိ ဖွင့်ဖြိုးတိုတတ်လာသည်နှင့်အမျှ လူးတိုင်းမှာ အချိန်က အကန်အသတ်ရှိလာသည်။ မိဘတွေမှာ အလုပ်တက်ရ၊သားငယ်၊သမီးငယ်များမှာ ကျောင်းပိတ်ထားသော်လည်း အများနှင့် ရင်ဘောင်တန်းနိုင်အောင် သင်တန်းပေါင်းစုံတက်ရနှင့် အချိန်ကပိုသည်မရှိ။
ဒီလိုအချိန်အကန့်အသတ်ရှိသည့်ကြားက သားသမီးများကို သာသနာ့ဘောင်သို့ ဝင်စေခြင်းမှာ ၊ Buddhist Camp သွင်းလိုက်ခြင်းပင်ဖြစ်သည်။
ဒါကြောင့် ရှင်ပြုခြင်းကို ခေတ်စကားနှင့် လွယ်လွယ်ကူကူ ပြောရရင် Home to homeless - ကိုယ်အိမ်ဖြင့် နေထိုင်ရခြင်းမှ - အိုးမဲ့အိမ်မဲ့ဘဝ၊ Parent to parent less - မိဘနှင့်အတူနေရတဲ့ဘဝမှ- မိဘမဲ့ဘဝ၊ Heir to Heir-less ဆံပင်ဖြင့် လှလှပပ ဘဝမှ- ကတုန်းဘဝ မလှအပေ ခဏတာကျင်ကြံစေခြင်းဖြစ်သည်။ ထိုထက်အဆင့်မြင့်မြင့် ပြောရရင် self to self-less - ငါ. အတ္တ၊ ပိုင်ဆိုလိုခြင်းမှ၊ ငါဆိုတာမရှိ၊ ပိုင်ဆိုင်မှု မရှိခြင်းဘဝကို ခဏတာကျင့်ကြရခြင်းဖြစ်ပေသည်။ သိက္ခာပုဒ် အရေးအတွက်အာဖြင့် ပြောရသော်၊ ကိုရင်များအတွက် ( ၁၀) ပါးရှိသည်။
၇-နှစ်ကျော် ၈-နှစ်သွားအရွယ်ကလေးသူငယ်ဘဝသည် ဘာသာရေး၊ ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်း သင်ပြအကောင်းဆုံးအရွယ်ဖြစ်သည်။ လူပျိုအရွယ်ရောက်လာပါက ဘာသာတရားသင်ပြရန် ခက်ခဲလာပြီး ၊ မိဘစကားကိုပင် ကောင်းကောင်းနာမထောင်ဖြစ်လာတတ်သည်။
ကိုရင်လောင်းများ မိဘနှင့်အတူနေရာမှ ဘဝပြောင်း သင်္ကန်းဝတ်ကာ ဘုန်းတော်ကြီးကျောင်းမှာ နေရခြင်းသည်။ ပထမဆုံး အိမ်းကို စွန့်ခွါခြင်းဟူသော စွန့်စားမှု တစ်ခုဖြစ်သည်။ လူဘဝတွင် ပထမဆုံး မိဘတွေကို အမှီမပြုပဲ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်စားစရာ ကိုရှာစားဘဝကို လက်တွေ့ စမ်းသပ်လိုက်ခြင်းဖြစ်သည်။ အနောက်တိုင်းယဉ်ကျေးမှုအရ ၁၈-နှစ်ပြည့်မှ မိဘနှင့် ခွဲခွာကာ နေထိုင်ရမည်ဟူသော ဘဝေနေနည်းကို ဗုဒ္ဓဘာသာက စောစောစီးစီး သင်တန်းပေးလိုက်ခြင်းပင်။
အတုမြင် အတတ်သင်
ကလေးတို့သဘာဝအရ..အရာရာကို စူးစမ်းလိုစိတ်ရှိသည်။ ကလေးများ နေထိုင်ရာ ပေါင်းသင်းရာ ပတ်ဝန်ကျင်ကို လိုက်၍ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းများကို အတုခိုးတတ်ကြသည်။ ကြည့်ရှု လေ့လာသောရုပ်ရှင်နှင့်စာပေများလည်း ပတ်ဝန်းကျင် သူငယ်ချင်းမိတ်ဆွေများကို လိုက်၍ အတူယူ လေ့လာကြည့်ရှု့တတ်ကြသည်။
တစ်ခါတုန်းက အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို စာရေးသူ မေးကြည့်ဖူးသည်။ မင်းကြီးလာရင် အရက်သောက်မှာလားဆိုတော့ ကလေးငယ်က အရက်သောက်မယ်ဟု ဖြေဆိုသည်။ ဤကဲ့သို့ဖြေဆိုခြင်းမှာ ထိုကလေးငယ်သည် သူ့အဖေ အရက်သောက်ခြင်းကို မကြာခဏမြင်တွေ့နေရသော ကြောင့်ဖြစ်သည်။
ဒကာတစ်ယောက်မှလည်း သူ့အတွေ့အကြုံကိုပြောပြရာတွင်.. သူသည် တစ်ခုသော ညနေခင်းတွင် အလုပ်ကအပြန် အိမ်ပြင်ထွက်ကာ ဆေးလိပ်သောက်နေသည်ဟုဆို၏။ ခဏကြာတော့ ကလေးက အဖေ့နား ပြေးလာကာ “အဖေ ဘာလုပ်နေတာလဲ” ဟု မေးလိုက်သည်။ အဖေက “ငါ ဆေးလောက်သောက်နေတာ”လို့ ဖြေလိုက်တော့ သားငယ်က ဆောလျင်စွာ “ သားလည်း ကြီးလာရင် ဆေးလိပ်သောက်မယ်”ဟုသားငယ်က ဆိုကြောင်း ပြောပြဖူးသည်။
ကလေးများသည် အတုမြင် အတတ်သင်လွယ်၏။ ထို့ကြောင့် ကလေးငယ်များ ငယ်စဉ်ကတည်းက သူတစ်ပါး အသက် မသတ်ရ၊ သူတစ်ပါး ပစ္စည်းမခိုးရ၊ အရက်မသောက်ရ စသော တားမြစ်ချက်များကို နှလုံးသားထဲရောက်အောင် သာသနာ့ဘောင်မှာ ကိုရင်ဝတ်ခါ သင်ကြားပေးခြင်းဖြစ်သည်။ လူငယ်တို့သဘာဝ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းကို အစမ်းသဘော မြည်းစမ်းလို့သော်လည်း အသိစိတ်ထဲမှာ မကောင်းဘူးဟု သိနေသောအခါ ၊ နှောင်အခါ ရှောင်းကြဉ်လိုစိတ်ဖြစ်လာပါလိမ့်မည်။
ကလေးများ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်
မိဘများသည် မိမိသားသမီးများကို အသက်ဘယ်လောက်ပင်ကြီးကြီး ကလေးဟုထင်မှတ်ကာ နေရာတိုင်းတွင် ပါဝင်တတ်သည်။ ကလေးငယ်များ စဉ်စား၊သိတတ်လာမည်မျှ ကိုယ်တိုင် လွတ်လပ်သား စဉ်စား တွေးခေါ်ခွင့်ကိုပေးသင့်သည်။
ဒီနေ့ ကိုရင်ဝတ်ပြီးစ ကိုရင်သစ်သုံးပါးအား စာရေးသူမှာ ဗုဒ္ဓဘာသာတွင် ကိုရင်တို့ အကြိုက်ဆုံးအချက်ကို ပြောပြပါဟု အလွတ်သဘောမေးကြည့်သည်။
ထိုအခါ ကိုရင်တစ်ပါးက အတန်ကြာစဉ်းစားပြီးနောက် “ ဗုဒ္ဓဘာသာတွင် အကြိုက်ဆုံးအချက်မှာ “ဗုဒ္ဓသည် အခြားဘာသာရေး ခေါင်းဆောင်တို့ကဲ့သို့ ငါကိုယုံကြည်ပါဟု မပြောပဲ ၊ ကိုယ်ပိုင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ကိုပေးသည်။ ဗုဒ္ဓ၏တပည့်သားသံဃာတော်များကလည်း သာသနာပြန့်ပွားရေးကို ဆောင်ရွက်ရာတွင် အတင်းအဓမ္မတိုက်တွန်းခြင်းမရှိ လွတ်လွတ်စွာ ရွေးချယ်ခွင့်ကိုပေးသည်။ ဗုဒ္ဓသည် ၊ သူ့ မယုံကြည်သူကိုလည်းကောင်း။ ဗုဒ္ဓဘာသာခေါင်းဆောင်များသည် သူ့ဘာသာ မဝင်သူများကို အကြမ်းဖက် စစ်မက်ပြုကာ
တိုက်ခိုက် သွန်းသွင်းခြင်းမရှိသည်ကို အကြိုက်ဆုံးဖြစ်သည်ဟုဆိုသည်။
ဟုတ်ပါသည်။
ဗုဒ္ဓသည် လူသားတိုင်းကို ကိုယ်တိုင်းဆုံးဖြတ်ခွင့်ပေးသည်။ ဗုဒ္ဓက လမ်းညွှန်သင်ကြားပြသပေးရုံသာ။
လူတို့သဘာဝ ကလေးများ မမြဲတမ်းလိုလို မိမိကိုယ် ဗဟိုရ်ပြုတတ်၏။ ကလေးများ ကစားစရာအရုပ်ကလေးကိုပင် သူများနှင့်အတူ မျှဝေကာ မကစားချင်။ ငါ ပိုင်ဆိုင်လိုစိတ်၊ ငါ ကြီးစိုးလိုစိတ် ရှိတတ်၏။ ဘုန်းတော်ကြီးကျောင်းမှာ ကိုရင်ဝတ်လိုက်ခြင်းဖြင့် စားသောက်စရာ၊ အိပ်ရာနေရာ၊ ပစ္စည်းများကို အားလုံး မျှဝေသုံးစွဲရသည်။ ဤသို့ သုံးစွဲလာတတ်ခြင်းဖြင့် self ပိုင်ဆိုင်လိုခြင်းအနေအထားမှ self-less ငါ-ပိုင်ဆိုင်လိုခြင်းကို နည်းပါအောင် ကိုယ်တွေ့လေ့လာလိုက်ခြင်းဖြစ်ပါသည်။
ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသားဘဝက ဥယျာဉ်တော်ကို လှည့်လယ်ရင်း သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီးလေးပါးကို တွေ့လိုက်ရတော့ လောကမှာ အိုတာရှိရင် ..မအိုရာလည်း ရှိရမယ်၊ နာတာရှိရင်၊မနာရာလည်းရှိရမယ်။ သေတာရှိရင် မသေတာလဲရှိရမယ်လို့ အတွေးပေါက်ကာ နောက်ဆုံးဖြေရှာတော့ မအို၊မနာ၊မသေရာ လမ်းစကတော့ ရဟန်းဘဝဖြစ်ကြောင်းသိရ၍ ၊ တောထွက်ကာ ရဟန်းပြုခဲ့ခြင်းဖြစ်သည်။
ယခုလည်း ဗုဒ္ဓဘသာကလေးငယ်များကို “ အိုးခြင်း၊နာခြင်း၊သေးခြင်း”ရဲ့လမ်းစအဖြေသော ရဟန်းဘဝ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။
ဤသို့ ကလေးဘဝက မိတ်ဆက်ပေးခြင်းဖြင့် ပါရမီအထုံရကာ birth to birth-less , aging to age-less , sick to sick-less, death to deathless လမ်းစကို ရှာဖွေတွေ့ရှိဖြစ်သောကြောင့် ကလေးဘဝဖြင့် ဗုဒ္ဓတရားများကို လေ့လာခြင်းသည် ကောင်းသောအစဉ်အဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

Self- to self-less

No comments:
Post a Comment