ကောင်းကျိုးသုခတွေ ရသွားကြတဲ့ ပုံပြင်သာဓကလေးတွေ
ပြောကြရအောင်ပါ။
ဂုဏ်တော်တွေကို လေ့လာတဲ့အခါ ဒီလိုသာဓကလေးတွေနဲ့ဆိုတော့ ပိုပြင်စိတ်ဝင်စားစရာကောင်းပါတယ်။
ဓမ္မိက ဥပသကာ
မြတ်စွာဘုရားလက်ထက်တော်တုန်းက သာဝတ္ထိမြို့မှာ ဓမ္မိကဥပသကာပေါင်း ငါးရာရှိခဲ့တယ်။ သူတို့တစ်ယောက်စီ တစ်ယောက်စီးမှာ တပည့်ဥပသကာ ငါးရာစီရှိတယ် လို့ဆိုပါတယ်။ ခေါင်းဆောင်ဖြစ်တဲ့ ဓမ္မိက ဥပသကမှာတော့ သား ၇-ယောက်၊သမီး ၇-ယောက်ရှိပါတယ်။ သားသမီးများကိုလည်း ဖခင်နည်းတူ ကုသိုလ်ဒါန အမြဲထာဝရပြုလုပ်စေကာ စာရေးတံဆွမ်း၊ ၁၅-ရက် တကြိမ်လှုသောဆွမ်း၊ ဝါဆိုသက်န်းအလှူစသဖြင့် အမြဲမပြတ်ပြုလုပ်တဲ့ ဒါနရှိကြပါတယ်။
ဒါကြောင့် ဓမ္မိကာမိသားစုမှာ အမြဲတမ်းလိုလို အလှူဒါနလက်နှင့်မကွာ အကျင့်သီလနှင်ပြည့်စုံကာ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် သား၊သမီး၊ဇနီးနဲ့အတူ နေထိုင်ကြရတယ်။
တစ်နေ့တော့ ဓမ္မိကဥပသကာကြီး ဇရာဖိစိးကာ သေလုမျောပါး မကျန်းမာဖြစ်လာတဲ့အခါ သားသမီးများကို တရားလိုကြောင်းပြောပြီး မြတ်စွာဘုရားထံ သံဃာတော်များကို အပင့်ခိုင်းလိုက်ပါတယ်။
သံဃာတော်များ ဓမ္မိကဥကာကထံရောက်လာပြီး သူအား ဝိုင်းရန်ကာ “အဘယ်သုတ္တန်တရာတော်ကို နာကြားချင်ပါသလဲ”လို့ မေးလိုက်တယ်။ ဒကာကြီးက မြတ်စွာဘုရား မမြဲလက်စွဲဖြစ်တဲ့ “မဟာသတိပဋ္ဌာနသုတ္တန်” တရားတော်ကို နာလိုကြောင်း လျှောက်ထားလိုက်ပါတယ်။
သံဃာတော်များ သတိပဋ္ဌာန်တရားတော်ကို ရွတ်ဆိုလို့ အတန်ကြာသောအခါ နတ်ပြည်ခြောက်ထပ်မှ နတ်ရထားများ ဒကာကြီးကို အလုအရက်ခေါ်ယူရန် ဆိုက်ရောက်လာပါတယ်။ ဒီတော့ ဒကာကြီးက တရားနာယူနေတာ အနှောက်အယှက်ဖြစ်တာကြောင့် နတ်သားများအား “ ရပ်ပါဦး၊ ခဏစောင့်ပါဦး” လို ပြောလိုက်ပါတယ်။ ဒကာကြိး စကားသံကို ကြားရတော့ သံဃာတော်များက သူတို့အား အရပ်ခိုင်းသည်ထင်လို့ ရွတ်ဖက်ခြင်းကို ရပ်ဆိုင်း လိုက်ကြပါတယ်။
ိုသား၊သမီးများကလည်း ဖခင်ကြီးစကားကို ကြားတော့ “ အရင်းတုန်းကဆို ဖေဖေဟာ တရားနာတာ ဝမ်းသာအားရတယ် မရှိဘူး၊ ခုတော့ သေခါနီးမို့၊သေမှာကြောက်တာနဲ့ သံဃာတော်များ တရားရွတ်ဆိုတာကို အရပ်ခိုင်းတယ်။ လူတိုင်း သေးခြင်းတရားကို ကြောက်ကြပါတကား” လို့ဆိုကာ ငိုကြွေးကြတယ်။သံဃာတော်များကလည်း ၊ သူဆို့ ဆက်လက် ရွတ်ဆိုဖို့် မလိုတော့ဘူးလို့ ယူဆကာ ကျောင်းသို့ ပြန်သွားကြပါတယ်။
အချိန်အနည်းငယ်ကြာတော့ ဒကာကြီး သတိပြန်ရလာကာ အနီးနားမှာ သားသမီးတွေ ငိုသံကြားရတော့ ဘာဖြစ်တာလို့ မေးလိုက်ပါတယ်။ သားသမီးများက အဖေဟာ သေခါနီး သတိလက်လွတ် ငှက်တောင်ကျွတ် အနေအထားကို မြင်ရ၍ ငိုကြကြောင်းနဲ့ ရဟန်းတော်များလည်း အဖေရဲ့ တားမြစ်ချက်ကြောင့် တရားတော်များကို ဆက်လက် မရွတ်ဆိုပဲ ကျောင်းတော်ကို ပြန်ကြွသွားကြ ကြောင်း ပြန်ပြောင်းပြောဆိုလိုက်ပါတယ်။
ထိုအခါ ဖခင်ကြီးက ငါဟာ သံဃာတော်များကို ပြောတာမဟုတ်းဘူး နတ်ပြည်က ရောက်လာတဲ့ နတ်ရထား ခြောက်စင်းကို တရားနာတုန်း အနှောက်အယှက်ဖြစ်မှာစိုးလို့ နတ်သားများကို ပြောဆိုခြင်းဖြစ်တယ်” လို့ ပြောလိုက်တယ်။
အဖေရဲ့ဒီစကားကို ကြားတော့ သားသမီးများ အားရဝမ်းသာဖြစ်ကာ “ ဘယ်မှာပဲ အဖေ နတ်သားတွေလို့ မေးလိုက်ပါတယ်” အဖေက “ဟောဟိုမှာဟုဆိုကာ ကောင်းကင်ကို လက်ညိုးထိုးပြလိုက်တယ်။ ဘယ်မှားလည်း သားတို့သမီးတို့ မြင်လည်း မမြင်ရပဲနဲ့ဆိုတော့။ “ အိမ်း.. မင်းတို့ မြင်းချင်ရင် ငါသက်သည်ပြမယ်ဟုဆိုကာ .. ငါ့အတွက် လုပ်ထားတဲ့ ပန်ကုန်း အရန်သင့် ရှိသလားလို့မေးလိုက်ပါတယ်။သားသမီးများကလည်း ပန်းကုံးအရန်သင့်ရှိကြောင့် ပြောပြီးပြောအခါ၊ သားတို့သမီးတို့ အဖေကို ဘယ်နတ်ပြည်သွားရောက်စေချင်သလို့ ထပ်မေးလိုက်ပြန်ပါတယ်။ သား၊သမီးများက ဘုရာလောင်းများနှင့် ဘုရာလောင်း မယ်တော် ခမည်းတော်များ စံမြန်းရာ တုသိတာနတ်ပြည်ကို သွားရောက်စေချင်ကြောင်း ပြောလိုက်တယ်။
အိမ်း..ဒါဆို မင်းတို့ကိုယ်တိုင် ပန်းကုံးကို ကိုင်ပြီး တုသိတာ နတ်ပြည်မှ လာသော နတ်ရထားကို ချိတ်ဆွဲပါစေတည်းဟုဆိုကာ ပန်းကုံးကို ပစ်တင်လိုက်ပါဟုဆိုတော့ သားသမီးများလည်း ဖခင်ကြီးပြောဆိုတဲ့အတိုင်း ပစ်တင်လိုက်ရာ တုသိတာနတ်ရထားဦး၌ သွားချိတ်ပါတယ်။
သား၊သမီးများမှာတော့ နတ်ရထား မမြင်ရပဲ။ ကောင်းကင်မှာ ပန်းကုးံသာ တွဲလျောင်းဆွဲနေတာကို မြင်ရပါတယ်။
ထိုအခါ.. ဖခင်ကြီးက သူ့အတွက် ဘာမှ ပူးဆွေးစရာမလိုကြောင်းနဲ့၊ သူဟာ ဒီဘဝပြီးဆုံးရင် တုသိတာနတ်ပြည်ကို ရောက်မှာဖြစ်ကြောင်း၊ သားတို့သမီးတိုလည်းတုသိတာကို ရောက်ချင်သပဆိုရင်
ဖေဖေတို့နေ့စဉ်ပြုနေကြအတိုင်း ဆက်လက်ပြုလုပ်ကာ အခွင့်အခါသင့်သမျှတရားဓမ္မကို နာယူကြလို့ မှားကြားကာ ကွယ်လွန်သွားပါတယ်။
ဓမ္မိကဖြစ်စဉ်ကို လေ့လာမယ်ဆိုရင် သံဃာတော်များ ရွတ်ဆိုအပ်တဲ့ တရားတော်များကို ကောင်းစွာနာယူမှတ်သားမယ်ဆိုရင်လည်းကောင်းရာသုဂတိရောက်နိုင်ကြောင့် လေ့လာတွေ့ရှိရပါတယ်။
ကဲ.. အပျော်အပါး ပါတီတွေကို မက်မောကြတဲ့ စာဖတ်ပရိတ်သတ်ကြီးလည်း လူပြည်က ပျော်ပွဲရွှင်ပွဲတော်ဟာ မတ်လောက်စရာမရှိပါဘူး။ နတ်ပြည်မှာတော့ “ နတ်တီး၊ နတ်ခြိမ့် တညိမ့်ညိမ့်နှင့် ပွဲလမ်းသဘင် အမြဲရွှင်၏” တဲ့..။ ဒါဆိုတရားတွေကို နာကြား၊ ပွားများ ၊လိုက်နာရင်းနဲ့ နတ်ပြည်ကို သွားရရင်ကော မကောင်းဘူးလားဗျာ။
နာ-ကိုး၊ တောင်း- ရှစ်- သာဓု- တစ်တဲ့…။။။
No comments:
Post a Comment