Friday, July 5, 2013
သုဂတဂုဏ်တော်
တစ်ခါတုန်းက နိဂဏ္ဍနာဋပုတ္တဟာ အဘယမင်းသားကို အသုံးချပြီး မြတ်စွာဘုရားကို စကားပရိယာယ်ဖြင့် အနိုင်ယူဖို့ ကြိုးစားခဲ့ဖူးတယ်။ သူ့ရဲ့ စကားပရိယာယ်က အဓိပ္ပါယ်နှစ်ချက်ထွက်ချက်တဲ့ ဖြေတဲ့သူ အကြပ်အတည်းတွေ့စေတဲ့ စကားမျိုးပေါ့။ ခုခေတ် ကတ်သီးကတ်သတ် နိုင်ငံရေးသမားတွေကို ရန်တိုက်ပေးတတ်တဲ့ မီဒီယာသမားတွေရဲ့ စကားမျိုး၊ နှစ်ဖက်အစွန်းမလွတ်သော မေးခွန်းဖြစ်မျိုးဖြစ်ပါတယ်။
သူ့အကြံက
“ ဘုရားရှင်ဟာ သူတစ်ပါးကို မနှစ်သက်တဲ့ စကားမျိုးပြောပါသလား” လို့မေရမယ်တဲ့။ မြတ်စွာဘုရားက အေး…ပြောတယ်ဆိုရင်… အရှင်ဘုရား… ပုထုဇဉ်နဲ့ ဘာထူးသေးလဲလို့ စွတ်စွဲပါ” တဲ့။
မပြောဘူးဟု ဆိုခဲ့ရင်.. “ ဒေဝဒတ်ဟာ အပါယ်လားမယ့်သူ၊ ငရဲလားမယ့်သူ၊ တကမ္ဘာလုံး ငရဲကျမယ့်သူ၊ ကုစား မရကောင်းသောသူလို့ ဒေဝဒတ်မကြိုက်သော စကားကို ဘာလို့ ပြောသလဲလို့ စွတ်စွဲပါ” ဟု သင်ပေးလိုက်တယ်။
အဘမင်းသားလေက ဆရာ ဒီနေ့တော့ အချိန်မရှိတော့ဘူး မနက်ဖန်မှ ဘုရားရှင်းကို အိမ်ဆွမ်းပင့်ပြီး မေးလျှောက်မယ်လို့် ကတိပေးလိုက်တယ်။
နံက်မိုးသောက် အလင်းရောက်လို့ မြတ်စွာဘုရား ဆွမ်းစားကြွလာတော့ ၊ ဆရာသင်ပေးလိုက်သည့်အတိုင်း ဘုရားရှင်အား လျှောက်ထားပါတော့တယ်။ အစွန်းနှစ်ဖက်မလွတ် ထောင်ဖမ်းသည်ကို သိတော်မူသော မြတ်စွာဘုရားက “ ဒီအရေးမှာ တထစ်ချ ပုံသေပြောလို့ မရဘူး မင်းသား” လို့ အစွန်းနှစ်ဖက်လွတ်အောင် ဖြေလိုက်ပါတယ်။
ဒီအဖြေကို ကြားရတော့ မင်းသားလေး က “နိဂဏ္ဍတွေတော့ ပျက်စီးကုန်ပါပြီ”လို့ ရုတ်တရက်ထအော်လိုက်သတဲ့။
ဘုရားရှင်းက မင်းသား ဘာအကြောင့် နိဂဏ္ဍတွေ ပျက်စီးကုန်ပြီလို့ ဆိုတာလဲလို့မေးတော့ ဒီလိုဘုရား .. တပည့်တော်ရဲ့ဆရာ နိဂဏ္ဍက အရှင်းဘုရားကို စကားအရာ အဓိပ္ပါယ်နှစ်မျိုးကောက်ယူရသော ဝါဒဖြင့် အနိုင်ယူဖို့ တပည့်တော်ကို သင်ပေးလိုက်တာဘုရား အရှင်ဘုရားက ဒီအစွန်နှစ်ဖက်လွတ်အောင် ၊ စကားအရာ ပိုင်နိုင်စွာဖြင့် ရှောင်လွဲကာ ဖြေဆိုနိုင်လို့
နိဂဏ္ဍတွေ အနှစ်နှစ်အလလ စဉ်းစားခဲ့ရတဲ့ စွတ်စွဲရေးဝါဒဟာ အရှင်ဘုရားစကား တစ်ခွန်းတည်းနဲ့ အနိုင်ယူနိုင်လို့ “ နိဂဏ္ဍတွေ ပျက်စီးကုန်ပြီး” လို့အံဩစွာ ဆိုလိုက်ခြင်းပါဘုရား။
ဘုရားရှင်က.. “ တထစ်ချ ပြောမဖြစ်” ဆိုတာကို ထပ်မံရှင်းလင်းလို၍ .. အဘမင်းသားလေး ရင်ခွင်ထဲမှ သားလေးကို သက်သေတင်ကာ ဆက်လက်ပြီး ရှင်လင်းပြပြန်တယ်။
ဘုရားရှင်။ ။မင်းသား..သင့်ရဲ့ချစ်လှစွာသော သားလေးဟာ မေ့လျော့မှုကြောင့်ပဲဖြစ်ဖြစ်၊ အထိန်းတော်များမေ့လျော့လိုပဲဖြစ်ဖြစ် သစ်သာစ သို့မဟုတ် အိုးခြမ်းကွဲတစ်ခုခု မျိုမိ၍ လည်ချောင်ထဲ တစ်ဆို့ နေလျှင် သင်ဘယ်လိုလုပ်မလဲ”
မင်းသား။ ။တပည့်တော် ထုတ်ယူပါမယ်ဘုရား။ သာမန်ထုတ်လို့မရလျှင် လက်ချောင်းကို ကွေး၍ သွေးသံရဲရဲနှင့်ပင်ဆွဲထုတ်ပါမည်ဘုရား။ ဘာကြောင့်လည်းဆိုတော့ တပည့်တော်သားကို ချစ်လို့ပါဘုရား။
မင်းသား .. ထို့အတူပဲ ဘုရားရှင်တို့မည်သည်
၁။ မမှန်၊ အကျိုးမရှိ၊ သူတစ်ပါး မလိုလား မနှစ်သက်သောစကားကို မပြောပါ။
၂။ မှန်ကားမှန်၏ ၊ အကျိုးမရှိ၊သူတစ်ပါး မနှစ်သက်သော စကားကိုလည်း မပြောပါ။
၃။ မှန်လည်းမှန် အကျိုးလည်းရှိ သူတစ်ပါးကာ မနှစ်သက် ဤစကားမျိုးကိုတော့ အချိန်ခါကြည့်၍ ပြောသင့်သော အခါပြောပါတယ်။
၎။ မှန်၏၊ အကျိုးရှိ၏၊ သူတစ်ပါးလည်းးနှစ်သက်၏ ဤစကားမျိုးကို ပြေားလေ့ရှိတယ် ၊ အဘယ်ကြောင့် ဆိုသော် သတ္တဝါတွေကို ချစ်မြတ်နိုးသောကြောင့်ဖြစ်ပါတယ်လို့ မိန့်တော်မူပါတယ်။
မဇ္ဈိမပဏ္ဏာသ၊ အဘယရာဇကုမာရသုတ်
စကားအရာ ကြည်ညိုဖွယ်ရာ ကောင်းသော မြတ်စွာဘုရား
လောကတွင် သူတစ်ပါးနှစ်သက်အောင်၊ ကျေနပ်အောင်ပြောတတ်ရုံမျှဖြင့် စကားပြောကောင်းသူဟု မဆိုသေး။အခြေအတင်ပြောရာ၌ အချက်ကျကျ အကွက်မိမိ မပြောတတ်လျှင်လည်း စကားပြော ကောင်းသူဟု မဆိုနိုင်သေး။
ဘုရားရှင်ကဲ့သို့ သူများနာချင်ဖွယ်ဖြစ်အောင်၊
နှစ်သက်ဖွယ်ဖြစ်အောင် ပြောတတ်ဟောတတ်သူ။ ဝါဒပြိုင်လာလျှင်လည်း အချက်ကျကျ ရှင်းလင်းပြတတတ်သူကိုသာ စကားပြောကောင်းသူဟုဆိုနိုင်ပါတယ်။
ထို့ကြောင့် စကားအရာ မကျွမ်းကျင်သော၊ စကားမပြောတတ်သော သူများ မြတ်စွာရား ဘုရား၏ သုဂတဂုဏ်တော်ကို ပွားများကာ ကြည်ညို၍ .. စကားအရာကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး ဘုရားရှင်ကဲ့သို့  မဂ်ဥာဏ်ဖိုလ်ဥာဏ်များ ရနိုင်ကြပါစေ…။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment