၁)
ပေးသာပေးလိုက်ပါ…
ဒီနေ့ကတော့ ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၏ စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာပွဲ ခြိမ့်ခြိမ်သဲ ကျင်းပတဲ့ ပွဲပင်ဖြစ်သည်။
ခြိမ့်ခြိမ့်သဲဆို၍ .. မြန်မာပြည်မှာကဲသို့ ဆိုင်းသံ၊ဗုံသံတစ်ညံညံဖြင့် ပတ်ဝန်ကျင်းနားညီလောက်အောင် ဟိုလေးတစ်ကျော် ကြော်ညာသည့် ပွဲမျိုးမဟုတ် ၊ ဘာအကျိုးမှ မမျှော်ကိုးဘဲ ၊ စေတနာမိုး၊သဒ္ဓါမိုး ရွာသွန်းဖြိုးသော ခြိမ့်ခြိမ်းသဲ အလှူပွဲကြီးပင်ဖြစ်သည်။
အလှူပွဲကြီးတွင်း စေတနာ၊သဒ္ဓါမိုး ရွားသွန်းဖြိုးသူများကား မိုင်ပေါင်းထောင်ချီဝေသေား အရပ်ဒေသမှ လာရောက်ကာ လှူဒါန်းကြသော ပရိက္ခရာအလှူရှင်+ ကိုသဘာ မသန်းသန်း ( တိုရန်တို) မိသားစုများ ပင်ဖြစ်ပါသည်။
၂)
ဖြစ်ပုံက.. ဆန်းကြယ်..
စုပေါင်းရှင်ပြုပွဲ မတိုင်မီ သုံးလလောက်က ဗန်ကူးဘားတွင်၊ စုပေါင်း ရဟန်းခံရှင်ပြုပွဲ လုပ်မည်ဖြစ်ကြောင်း ဆရာတော်မှ ဖုန်းဆက်လာသည်။ ကိုဘသာ+ မသန်းသန်းမိသားစုသည်.. နှစ်တိုင်းလိုလို စက်စကာတွန်း၊ တိုရန်ုတိုဘုန်းတော် ကြီးကျောင်းများတွင် လှူဒါန်းပြီးဖြစ်၍ ဒီနှစ်တွင် မြန်မာပြည်အား လှူဒါန်းရန်လည်း ဆုံးဖြတ်ထားသူဖြစ်သည်။
သို့သော်.. ဆရာတော်ဖုန်းသံကြားသောအခါ… စေတနာများ အလိုအလျောက် ပေါ်လာပြီး လှူဒါန်းလိုစိတ်များဖြစ်ပေါ်လာကာ “ဆရာတော် အလှူပွဲဖြစ်အောင်သာ စီစဉ်လိုက်ပါ.. တပည့်တော်တို့ ဆရာတော်ဆန္ဒ အားလုံးဝိုင်းဝန်းပန့်ပိုးများပါမည်ဟု လျှောက်ထားလာသည်။ လှူဒါန်းမည်ဟု ဆိုသော်လည်း ဒီနှစ်ဘားဂျက်တွင် ပြည်ပအလှူအတွက် မပါဝင်သေး၍ ကိုဘသာ တစ်ယောက် ဒီနှစ်အသုံးစရိတ်များ ပြန်လည် စီစစ်နေရပြန်သည်။ ဆရာတော်အမိန့်ရှိဖူးသော “လှူချင်စိတ်သာရှိပါ အလို အလျှောက်ဖြစ်လာလိမ့်မည်”ဟူသော တရားစကားလည်း နာထဲမှာ ထပ်တလဲလဲ ကြားနေပြန်သည်။
ကိုဘသာ တစ်ယောက် အိမ်ရှင်ဇနီး အလုပ်ကပြန်ရောက်တော့ ဗန်းကူးဘား စုပေါင်းရှင်ပြုပွဲကို အကြောင်းကို တိုင်ပင်ဖြစ်သည်။ အိမ်ရှင်ဇနီးက ဗန်ကူးဘား အလှူပွဲသံကို ကြားရသည်ဆိုရင်ပဲ ၊ဝမ်းပန်းတသာ သူဆန္ဒတွေ ပြည့်ဝပြီးဖြစ်ကြောင်း ပြောလိုက်သည်။ အိမ်ရှင်ဇနီးသည် လွန်ခဲ့သော သုံးနှစ်ယောက်က တိုရန်တိုမဟာဓမ္မိကျောင်းမှာ သာမဏေ ၁၅ပါးကို ရှင်ဒကာပြုလုပ်ခဲ့ပြီး၊ ၂၀၁၁ ကလည်း စက်စကာတွန်း မေတ္တာဝိဟာရီကျောင်းတွင် သာမဏေပေါင်း ၁၅ပါးကို ရှင်ဒကာ ပြုလုပ်ခဲ့သည်။ နောက်တစ်ပွဲ သူရည်မှန်းထားသည်ကား ဗန်ကူးဘားရှိ၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းပင်ဖြစ်သည်။ ထို့ကြောင့် သူဆန္ဒပြည့်ဝ၍ ဝမ်းသာရခြင်းဖြစ်ပြီး၊ အထူးဝမ်းသာရသည်မှာ မြင့်မြတ်သောရဟန်း နှစ်းပါကို ပရိက္ခရာ ရှစ်ပါး လှူဒါန်းခွင့်ရခြင်းပင်ဖြစ်သည်။
ပြည်ပတိုင်းပြည်မှာ လှူနိုင်သော် မိမိလှူလိုသော ပစ္စည်းကို အလှူခံပုဂ္ဂိုလ် ခပ်ရှားရှားပင်ဖြစ်သည်။ နေ့စဉ်နှင့် အမျှ အလုပ်တက်ရ၍ ခဏတာမျှ ဒုလ္လရဟန်းပင် ဝတ်ဖို့ခက်ခဲလှသော ဒေသဖြစ်သည်။ ထိုကြုံတောင့် ကြုံခဲ အခွင့်အရေးကြီးကို သူတို့ရလိုက်ခြင်းဖြစ်၍ အိမ်ရှင်မဝမ်းသာနေခြင်းဖြစ်သည်။
အိမ်ရှင်မသည် သူအတွက် သီးခြားထားသော ငွေကိုထုတ်ကာ အလှူပွဲအတွက် သုံးဖို့ ဆုံးဖြတ်လိုက်သည်။ လှူမည်ဟု ဆုံဖြတ်လိုက်သည့်နောက် မထင်မှတ်ပဲ အလုပ်အကိုင်ပိုမိုအဆင်ပြောလာပြီး ရည်မှန်းထားသော သူ့သုံးစရိတ်ကပိုပင် ထုတ်စရာမလိုပဲ အလှူအတွက် ရည်မှန်းထားသော ငွေများဝင်လာသည်ဟုဆိုသည်။
စေတနာ၏ အကျိုးပေးကား ထူးဆန်းလှပေစွ.. မြတ်စွာဘုရား အမိန့်ရှိသော “ ဒါနစွမ်းအင်သည် မိမိဖြစ်ချင်သော အရာကို” ဖွင့်လှစ်ပေးသော လျို့ဝှက်ချက် သော့တစ်ချောင်းဖြစ်ကြောင်း ကိုဘသာ+ မသန်းသန်းမိသားစုကောင်းစွာ သိလိုက်ရသော နေ့တစ်နေ့ပင်ဖြစ်ပါတော့သည်။
No comments:
Post a Comment