Wednesday, July 10, 2013

သံဃာထုပြဿနာ

facebook တွင်ဖတ်ရသော သာမန်လူသားတစ်ယောက်၏ သံဃာထုပြဿနာကို မေးခွန်းထုတ်လာ၍ ဖြေကြားပေးပါသည်။ သူကိုယ်တိုင်းလည်း ဒီအချက်များဟာ မေးခွန်းများသာ ရှိနေသေးကြောင်းတင်ပြထားပါသည်။
သူ၏ မေးခွန်များကို မဖြေခင်..စာဖတ်သူများ သိထားရန်မှာ အနောက်နိုင်ငံများ၌ ခရစ်ယာန်နှင့် ဒေသခံလူမျိုးခွဲခြားမရသလို ၊ဆော်ဒီစသော မူစလင်နိုင်ငံများ၌ အစ္စလာမ်ဘာသာနှင့် ဒေသခံများခွဲခြား၍ မရသလို မြန်မာနိုင်ငံနှင့်သံဃာထု
ဆိုတာသီးခြား ခွဲခြား၍ မရသေးပါ။

 ခေတ်ကလာ အခြအနေအရ သံဃာထုများနေသည်ဟု ထင်ရသော်လည်း ခေတ်မှီ ဖွင့်ဖြိုးတိုးတက်လာသော အခါ သာသနာအဆုံးမများ မှေးမှိန်လာကာ၊သာသနာတွင်းသို့ ဝင်ရောက်သော အရေးအတွက်လည်း နည်းလာပါမည်။ သို့အတွက်ကြောင့် ပြဿနာရှာဖွေသည့် နေရာမှာ သာသနာနှင့်သံဃာကိုသာ စူးစိုက်မရှာပဲ ၊ ဘေးပတ်ဝန်းကျင်၊ နိုင်ငံရေးမျက်နှာစာ၊ စီးပွားရေးမျက်နှာစာတို့ကိုပါ ခြုံငုံသုံးသပ်ကပို၍ မှန်ကန်ပါလိမ်မည်။
 ( ရှင်းလင်းတင်ပြသူ)


မြန်မာနိုင်ငံ လက်ရှိအခြေအနေအရ.. ဘုန်းတော်ကြီးကျောင်းများက   ယောက်ျားများကို သင်္ကန်းဖြင့်ထိမ်း သိမ်းထား၍ ရာဇဝတ်နည်းပါးခြင်းဖြစ်နေသည်ကိုလည်း
 မေ့မထားသင့်ပေ သို့မဟုတ်က ကုလားများကဲ့သို့ မုဒိန်းမှုများ ၊ခိုးဝှက်မှုများ ဒီထက် များပြားလာပေမည်။

အဆိုး/အကောင်း ဒွန်းတွဲနေသည်ဖြစ်၍ တဖက်စောင်းနင်း အပြင်တင်ခြင်းသည် အပြင်မြင်သူ/ အပြစ်တင်ခံရသူ နှစ်လုံးကို ကောင်းကျိုး မဖြစ်ထွန်းစေပါ။

ပိုဂ္ဂိုလ်မည်သူ မည်ဝါဟု မဖော်ပြလိုပါ၊ သူ့အမြင်/ကိုယ့်အမြင်တင်ပြခြင်းသာဖြစ်၍  မည်သူမှားသည်/ မည်သူမှန်သည်ဟု မဝေဖန်လိုပါ။



"တစ်ကယ်တော့ ဒီစာကို ရေးချင်နေတာ ကြာပါပြီ။ သို့သော် ပျင်းသည်က တစ်ကြောင်း၊ ၉၆၉လိုဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်တဲ့ လုပ်ရပ်တွေကို ဝေဖန်ရင်တောင် ဘာသာမဲ့ဆိုတာ သိပြီး ဖြစ်သည့်လူများက ဗုဒ္ဓဘာသာကို စော်ကားသည်အထင်ဖြင့် comment box မှာလာ လာရန်ဖြစ်နေသည်ကြောင့် တစ်ကြောင်း၊ လူမုန်းအလွန်များလျှင် ချောင်းရိုက်ခံရမည်ဟု စိုးရိမ်စွာ သတိပေးသော ချစ်ရသူကြောင့်လည်းကောင်း၊ ကျနော့်ကို ဘာသာမဲ့ ရယ်ဒီကယ် တစ်ယောက် အဖြစ် လူအများထင်မည်ကို စိုးရိမ်သဖြင့် လည်းကောင်း ဤစာကို မရေးဖြစ်ခဲ့ပါ။"

ဘာသာတစ်ခုသည် သတ္တဝါ မျိုးစိတ်တစ်ခုလို၊ ဗိုင်းရပ်စ်ပိုးတစ်ခုလို ၄င်း၏ တည်တံ့မှုကို   ပြန့်ပွားစေရန်လိုအပ်သည်။ ထိုသို့ ပြန့်ပွားစေရန် ထိုဘာသာအတွက် အမာခံ တာဝန်ထမ်းဆောင်ပေးမည့် လူပုဂ္ဂိုလ်များကို မလွဲမသွေ လိုအပ်သည်။ ဗုဒ္ဓဘာသာတွင် ထိုသို့ပြန့်ပွားစေရန် အဓိက တာဝန်ရှိသူများမှာ သံဃာပင်ဖြစ်သည်။ အခြားဘာသာများနှင့် မတူသည့်အချက်မှာ ဗုဒ္ဓဘာသာတွင် သံဃာဦးရေသည် အခြားသော ဘာသာများ၏ ဘာသာရေးခေါင်းဆောင်များထက် လွန်စွာ များပြားနေသည်။ ဤသည်မှာ အကြောင်းရင်းအချက်များစွာရှိသည်။
-------------------------
ရှင်းလင်းချက်
facebook တွင် ဖက်ရသော " သံဃာထု" ပြဿနာ"ဆိုသည့် လူတစ်ယောက်အမြင်ကို ပြည်ပတွင် ဆယ်နှစ်ကျော် သာသနာပြုရောက်နေသော ဘုန်းကြီးတစ်ပါး အမြင်ယှဉ်တွဲဖော်ပြလိုက်ပါသည်။ သူသည် ဘာသာတစ်ခုကို ဗိုင်းရပ်ပိုးတစ်ခုနှင့် နိုင်းယှဉ်ဖော်ပြထားသည်။

အခြားဘာသာကိုတော့ မပြောတတ်ပါ။ ဗုဒ္ဓဘာသာကတော့ လူသားတွေ အတွက်   ကောင်းခြင်းကို သားပေးတတ်သောဆုံးမ စကားများသာဖြစ်ပြီး။ အန္တရာယ်ဖြစ်စေသော ပိုးမဟုတ်ပါ။  ဤတွင်အမည်ခံဗုဒ္ဓဘာသာနှင့် ဗုဒ္ဓအဆုံးအမကို ကွဲကွဲပြားပြား နားလည် စေချင်ပါသည်။


၁။ ဘုန်းကြီးကျောင်းများတွင် ပညာသင်ရခြင်း

ပညာရေးအလွန်အားနည်းသော မြန်မာနိုင်ငံတွင် မြန်မာဘုရင်များလက်ထက်ကတည်းက တည်ရှိလာသော ဘုန်တော်ကြီးများက ကလေးသူငယ်များအား စာသင်ပေးသော ဓလေ့မှာ မပျောက်ပျက်နိုင်သေးပါ။ စာသင်ပေးသည်ဆိုသော်လည်း ဘုရားစာသာဖြစ်သည်။ အရွယ်ရောက်သော အခါ ကိုရင်ဝတ်ကာ သာသနာဘောင်သို့ ရောက်ရှိလာသည်။
-----------------------

ရှင်းလင်းတင်ပြချက်

မြန်မာနိုင်ငံ တောဒေသမှာ အင်္ဂလိပ်မင်းလက်ထက်ကတည်းက ဘုန်းကြီးကျောင်းများတွင် မူလတန်းပညာကို သင်ရသည်။ စာရေးသူကိုယ်တိုင် စတုတ္ထတန်းမှ အဋ္ဌမတန်းအထိ ဘုန်းကြီးကျောင်းသားဘဝဖြင့်တက်ခဲ့ရသည်။  ဘုန်းကြီးကျောင်းမှာ ဘုရားစာကိုပဲ သင်ရသည်ဟု စွတ်စွဲချက်မှာ မဟုတ်ပါ။ တန်းစားများ ၊ အင်္ဂလိပ်စားများ သင်ကြားပေးပါသည်။

ကိုရင်ဝတ်ခါ သာသနာဘောင်သို့ရောက်ကြသည်ဟူသော အမြင်မှာလည်း မမှန်ပါ။ဘုန်းကြီးကျောင်းထွက် စစ်ဗိုလ်များ ၊ဆရာဝန်းများ ၊အင်ဂျင်နီယာများ မြောက်များစွာရှိပါသည်။

ခေတ်မှီ ဖွင့်ဖြိုးတိုးတက်သာ အမေရိက၊ကနေဒါလို နိုင်ငံများမှာလည်း ဘာသာရေးကျောင်းတွင် စာသင်ရသော လောကီတန်းကျောင်းများ မြောက်များစွာရှိပါသည်။ ဥပမာ။ ။ ရိုမင်ကက်သလစ်ကျောင်း၊ အစ္စလာမ်သာသနာပြုကျောင်း၊ စာရေးသူနေသော မြို့ငယ်လေးမှာပင် လောကီပညာသင်ပေးသော အစ္စလာမ်သာသနာပြုကျောင်း နှစ်ကျောင်းရှိပါသည်။

--------------------------

သာသနာပြုကျောင်းများတွင် စာသင်ရသောအကျိုးကျေးဇူး

လောကီပညာရေးသာမက ဘာသာရေးနှင့်အတွေ့အထိရှိ၍ ပိုမိုယဉ်ကျေးသိမ်မွေ့လာခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အနိုင်ကျင့်မှုများနည်းပါးခြင်း၊ ရာဇဝတ်မှုများ ပြင်ပအစိုးရကျောင်းများထက်နည်းပါးခြင်း။ လိင်ကိစ္စအရှုပ်အထွေးများ ပြင်ပကျောင်းများထက် နည်းပါးခြင်းကို လေ့လာတွေ့ရှိရသည်။ အနောက်နိုင်ငံ ဘာသာရေး Church ကျောင်းများမှထွက်သော ကလေးငယ်များမှာ ကိုယ့်ကျင့်စာရိတ္တကောင်း ပိုမိုကောင်းမွန်သောကြောင့် မိဘများမှ လိုလိုလားလား ဘာသာရေးကျောင်းတွင် ထားချင်ကြသည်။ သို့သော် ကျောင်းသားအကန့်အသတ်ရှိ၍ ထားမရပါ။
---------------------------------------

၂။ စီးပွားရေးအင်အားနည်းသူများသည် ကိုရင် သို့ ရဟန်းဘဝသို့ ကူးပြောင်းခြင်း

LDC နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်းနေ ပြည်သူများ၏ ဘဝသည် စီးပွားရေးအရ ခက်ခဲကြမ်းတမ်းလှသည်။ ထိုပြည်သူများအတွက် ရွေးချယ်နိုင်သည့် အကောင်းဆုံး alternative တစ်ခုမှာ အရွယ်မရောက်သေးသော ကလေးသူငယ်များနှင့် အရွယ်ရောက်ပြီး သူ ယောကျာင်္းလေးများကို ကိုရင် သို့မဟုတ် ပဉ္ဇင်း ခံခိုင်းလိုက်ခြင်းသာဖြစ်သည်။ ထိုနည်းအားဖြင့် ၄င်းတို့၏ စားဝတ်နေရေး၊ ပညာသင်စရိတ်များအား မိဘမှ ကုန်ကျခံရန် မလိုအပ်တော့ပဲ ဘဝတစ်သက်တာ ဖူလုံစေသည်။

ရှင်းလင်းချက်...

စီးပွားရေး မပြည့်စုံ၍ုဘုန်းကြီးရဟန်းဖြစ်လာခြင်းဟု စွတ်စွဲချက်မှာ လုံးဝမမှန်ပါ။

ဘုန်းကြီးရဟန်းမဝတ်ပဲ ဆင်းရဲ၍ ခိုးဝှက်နေသော ကလေးငယ်များ၊ လမ်းဘေး ပလက်စတစ်ကောင်နေသော ဆင်းရဲသားများ ၊ စစ်ထဲဝင်သွားသော ကလေးငယ်များ နှင့် ဖြစ်သလို ဘဝကိုရုန်းကန်သော ကလေးမလေးများ မြန်မာနိုင်ငံတွင် မြောက်များစွာရှိပါသည်။ မြန်မာပြည် အာဏာရှင်စနစ်ထွန်းခါးချိန်တွင်
 မြတ်စွာဘုရားသာသနာ ပြန့်ပွားချိန်ဟာ အတူချိန်ကိုက်ကျသွားခြင်းဟု သုံးသပ်က ပို၍ မှန်ကန်ပါမည်။  လူတို့သည် မည်သို့ပင် ဆင်းရဲပါစေ.. ကူညီအားပေး
 ထောက်ပံ့မည်သူမရှိက .. ဝိနည်းသိက္ခာပုဒ်များစွာဖြင့် ချုပ်တည်းစွာနေရသော သာသနာဘောင်ကို အဘယ်သူနေချင်ပါအံ့နည်း။ သင်တို့ကဲ့သို အရက်လေးတမြမြနှင့် သားမယားဖြင့် ပျော်ပိုက်ချင်သည်မှာ လူတို့သဘာဝပင်မဟုတ်ပါလား။

-------------------------------------

၃။ ဘဝနေဝင်ချိန်ရောက်နေသူများ လူ့အဖွဲ့အစည်းတွင် နေရာမရသူများအတွက် နားခိုရာဖြစ်ခြင်း

ပင်စင်စားများ၊ ဘဝတွင် အရှုံးသမားဟု ခေါ်ဆို၍ ရလောက်အောင် အဆင်မပြေခဲ့သူများ၊ အားကိုးရာမဲ့သူများအတွက် သံဃာဘဝကိုရွေးချယ်ကြသည်။ လူအများက ထိုင်ရှိခိုးခံရသူများဖြစ်လာသည့် အတွက် စိတ်ပိုင်းဆိုင်ရာအရ ကျေနပ် နှစ်သိမ့်မှုရနိုင်ပြီး လှူဒါန်းမှုများမှတဆင့် ဝင်ငွေအသင့်အတင့် ရနိုင်သည့် မက်လုံးလည်းရှိသည်။

ရှင်းလင်းချက်

ထိုအမြင်မှာလည်း အစွန်းရောက်အမြင်သာဖြစ်သည်။ သာသနာနှင့်သတ္တဝါတို့၏ ကံကြမ္မာကို ခွဲခြားစွာ နားမလည်တတ်ခြင်းဖြစ်၏။  သာသနာသည် ဘုန်းကံရှိသူတို့နားခိုရာဖြစ်၍ လူတိုင်းနှင့်လည်း မထိုက်တန်ပါ။ လူတိုင်းနှင့် ထိုက်တန်သည်ဆို အဘယ်ကြောင့်လူတိုင်း သံဃာ့ဘဝမရောက်ကြသနည်း။ ပင်စင်စားများ သာသနာ့ဘောင် ဝင်ရောက်သူများ ရှိသလို့  ၊ မယားငယ်များနှင့် ဘဝတွင့်မေ့မျှောသူများလည်း ဒုနှင့်ဒေပင်ဖြစ်၏။  သာသနာသည် လူအဖွဲ့အစည်းတွင် နေရာမရှိသူများအတွက် နားခိုရာနေဖြစ်ခြင်းဟု မြင်းခြင်းနှင့်စာလျှင် လူအဖွဲ့အစည်းတွင် ပြဿနာပေးမည့် လူတစ်ယောက် သာသနာ့ဘောင်ရောက်သွား၍ လူ့အဖွဲ့အစည်း ပိုမိုအေးချမ်းလာခြင်းဟု မြင်တတ်ပါက ပိုမိုစိတ်ချမ်းသာ စရာပင်ဖြစ်ပေသည်။
-------------------------------------

၎။ ရဟန်းဘဝသည် မြင့်မြတ်သည် နိဗ္ဗာန်ရောက်လွယ်သည် ဟူသော အယူအဆ

(ဤအချက်သည် ရဟန်းဘောင်ဝင်လာရသည့် နံပါတ်တစ်အချက် ဖြစ်သင့်သော်လည်း ယနေ့ခေတ်တွင် ထိုသို့သော ရဟန်းများ အလွန်ရှားသွားပြီဖြစ်သည်။) ရဟန်းသံဃာများကို ဘုရားသားတော်များဟု ခေါ်ကြသည်။ ဘာသာရေးကို အလွန်ယုံကြည်သူများအတွက် ဤနည်းလမ်းသည် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။ ဗုဒ္ဓ၏အဆုံးအမများကို သင်ယူလိုကြသောကြောင့် ရှိပြီးသား မိမိ၏ ရာထူးစည်းစိမ်များကို ပစ်ကာ ရဟန်းဘဝသို့ ကူးပြောင်းလာကြခြင်းဖြစ်သည်။ ဥပမာ အရှင် ဆန္ဒာဓိက။ သို့သော် ဤသို့သော် ရဟန်းများမှာ မရှိသလောက် ရှားပါးသွားပြီဖြစ်သည်။

ရှင်းလင်းချက်..
သံသရာမှ လွတ်မြောက်လို၍ သာသနာဘောင်ကို ဝင်လားခြင်းမှာ အမှန်ပင်ဖြစ်သည်။ သို့သော် ... နိဗ္ဗာန်သည် လွယ်လွယ်ကူကူဖြင် ရနိုင်သော အရာမဟုတ်၍  တဆင့်ခြင်းကျင့်ယူရသည် ။ ဒီဘဝမှစ၍ တဖြည်းဖြည်းကျင့် ယူပါမည်။ သင်အထင်ကြီးသော ရာထူးစည်းစိမ်ကိုစွန့်ကာ သာသနာ့ဘောင်ရောက်လာသော အရှင်ဆန္ဒာဓိကကော နိဗ္ဗာန်ရပြီးလားဟု မေးကြည့်ပါဦး။ သူကတော့ ဖြေလိမ့်မည်။ နိဗ္ဗာန်ဆိုတာ အေးချမ်းခြင်း ခဏတာ လိုချင်မှုလေး အေးချမ်းသွားရင် နိဗ္ဗာန် အရသာပဲဟုဖြေလိမ့်မည်။ တကယ့်နိဗ္ဗာန်ကိုကား ဖြေကြားရန် ခက်ခဲပေလိမ့်မည်။

လူတိုင်းတွင် အနည်းနှင့်အများဆိုသလို ပိုင်ဆိုင်မှုများရှိပါသည်။ ဥပမာ ..ဆံပင်..။ ဆံပင်ကို ချစ်မြတ်နိုးသူက .. ခေါင်းရိတ်ရမှာ စိုး၍ ဘယ်တော့မှ ဘုန်းကြီးဝတ်မည်မဟုတ်။ စာရေးသူ ဦးကြီးတစ်ယောက်ပြောဖူးတာကို မှတ်မိနေသည်။ ငါ့တူကိုရင်.. ကိုရင်က သင်္ကန်းနှင့်သိပ်လိုက်တယ်။ ညနေစာလည်း အဆာခံနိုင်တယ်။ ဦးကတော့ ညနေစာအဆာမခံနိုင်လို့၊ သူများလောင်းလှူတဲ့ ထမင်းအေး ဟင်အေး မစားတတ်တော့ ဒီတသက်တော့ ဘုန်းကြီးမဖြစ်တော့ဘူးတဲ့။ မိတ်ဆွေ ကားသမား တစ်ယောက်ပြောဘူးတာကိုလည်း ပြောပြချင်ပါသည်။ " အရှင်ဘုရား တပည့်တော်ကတော့ အရှင်ဘုရားတို့ကို မိန်းမ မယူတာ တစ်ခုတည်းနဲ့ ကြည်ညိုနေပြီ တပည့်တော် မိန်းမမရှိရင် မနေတတ်ဘူးဟု"ဆိုသည်။ အထက်ပါ သံဃာထု ပြဿနာကို တင်ပြသော သူလည်း မိန်းမမရှိပဲ နေနိုင်ပါ့မလားဟု မေးချင်ပါသည်။

-------------------------

၂။ ငယ်ဖြူများ ဖြစ်သော ဘုန်ကြီးများသည် ခေတ်စာပေ ကောင်းစွာ မသင်ရပေ။ ရလဒ်အနေဖြင့် လစ်ဘရယ်အတွေးအခေါ်များ၊ လူသားဝါဒနှင့် (အပြင်စာ ဖတ်ရှုခြင်းမရှိပါက) ဝေးလံနေသည်။ ပွင့်ပွင့်လင်းလင်းပြောရသော် ငယ်စဉ်ကတည်းက ကျောင်းမနေဘဲ ဘုန်းကြီးဝတ်သွားသူများသည် စာဖတ်တတ်သော်လည်း ပညာတတ်လူတန်းစားတွင် စာရင်းသွင်း၍ မရနိုင်ပေ။

ရှင်းလင်းချက်..

လောကီပညာတတ်ခြင်းနှင့် အသိပညာတို့ကွားခြားပေးသည်။ ဘုန်းကြီးသာ မဟုတ် လောကီပညာတတ်များလည်း အသိပညာ မရှိက ဘုန်းကြီးထက်ပင် ပိုဆိုးပါသည်။  ဖွင့်ဖြိုးမှုနောက်ကျသော မြန်မာနိုင်ငံမျိုးတွင် ထိုသူမြင်သကဲ့ အစွန်းရောက် ဘုန်းကြီးများ ရှိသလို လူများလည်းရှိပါသည်။သို့သော် သာသနာနှင့်မဆိုင်ပါ။ အချိန်ခါ ၊ ပတ်ဝန်ကျင်က စကားပြောပါသည်။

ခေတ်မှီ ဖွင့်ဖြိုတိုးတက်သော အနောက်နိုင်ငံများတွင်လည်း ထိုသူမြင်သကဲ့သို့ လစ်ဘရယ် အတွေးခေါ်များ မြောက်စွာ ရှိပါသည်။ စာရေးသူနေသော နိုင်ငံတွင် ဒီမိုကရေစီဆိုသော်လည်း ထိုကဲသို့ အစွန်းရောက်ပိုဂ္ဂိုလ်များနှင့်တွေ့က ဝေးဝေးကပင် အသိရှိစွာ ရှောင်ခွါရပါသည်။

----------------

၃။ သံဃာထု၏ အင်အားသည် ကြောက်စရာကောင်းလောက်အောင် များလှသည်။ ရွေဝါရောင် အရေးအခင်းတွင် ထိုအင်အားသည် စစ်အာဏာရှင်အစိုးရကို တော်လှန်သည့်အတွက် အပေါင်း လက္ခဏာဟုဆိုနိုင်သော်လည်း ဘာသာရေး အကြမ်းဖက်မှုများတွင်မူ မတွေးရဲအောင်ဖြစ်သည်။ သံဃာများ အစဉ်အမြဲ တစ်စုတစ်ဝေးတည်းနေသည့် ဘုန်းကြီးကျောင်းများသည်လည်း အကြမ်းဖက်မှု စုပေါင်း လုပ်ဆောင်နိုင်ရန် တွန်းအားပေးနေသည်။
 သွေးထိုးလှုံဆော်သူများအတွက်လည်း အပင်ပန်းခံ လူစုရန်မလို။

ရှင်းလင်းချက်အဖြေ

သံဃာထုများကို အကြမ်းဖက်အဖွဲ့အစည်းဟု စွတ်စွဲရအောင် ၊ထောင်ထဲမှာ သံဃာအရေအတွက်နှင် လူအရေတွက် မည်သူက များပါသနည်း။ လူဆိုးဆိုကတော့ အဖွဲ့အစည်းတိုင်းတွင် ရှိတတ်သည်။ သံဃာသည်ပင် လူဖြင့်ဖွဲ့စည်းထားသည် မဟုတ်ပါလား။ အချို့သံဃာများးကိုကြည့်ပြီး သံဃာ့အဖွဲ့အစည်းတစ်ခုလုံးကို မရှုတ်ချသင့်ပါ။

ရွှေဝါရောင်တော်လှန်ရေးသည်လည်း ခေတ်ကာလက တောင်းဆိုသောကြောင့် သံဃာထုကြီး ပြည်သူလူုထုရှေ့မှ မားမားမတ်မတတ်ရပ်ပေးခြင်းသာဖြစ်သည်။

---------------------

မြန်မာလူထုသည် နှစ်ပေါင်းများစွာ ကမ္ဘာနှင့် မျက်ခြေပြတ်ခဲ့၍ အတွေးအခေါ် အယူအဆများတွင် ရှေးရိုးစွဲ နေခဲ့သည်။ ထိုအထဲတွင် ရဟန်းသံဃာများလည်း အပါအဝင်ဖြစ်သည်။ ဗုဒ္ဓဘာသာသည် (ဘာသာတစ်ခုဟု ယူဆမည်ဆိုလျှင်) အခြားသော ဘာသာများနှင့် အိုင်ဒီယိုလော်ဂျီခြင်း မယှဉ်နိုင်အောင်သာသော်လည်း မြန်မာပြည်တွင်မူ ဗုဒ္ဓဘာသာ၏  spiritual ပိုင်းကို ဟောကြားခြင်းနည်းလှပြီး လူပိန်းကြိုက်စေမည့် ၃၁ ဘုံအယူအဆ၊ နတ်ပြည်၊ ငရဲ စသော လက်တွေ့နှင့် မနီးစပ်သည်များ၊ ခေတ်ပညာ အနည်းအကျဉ်းတတ်ထားသူများပင် ယုတ္တိ မရှိမှန်းသိသာသော မြင့်မိုရ်တောင်၊ စကြာဝတေးမင်းနှင့် အခြားသော နိပါတ်တော်နှင့် ဇာတ်တော်များကိုသာ ဟောပြောနေကြသည်။ ထိုမှတဆင့် စဉ်းစားဥာဏ်မရှိသော ယခင်အစိုးရ သွပ်သွင်းထားသော ဗမာလူမျိုးကြီးဝါဒတွင် ပိတ်မိနေသော၊ အမျိုးဘာသာသာသနာ ဆိုသော လူကြိုက်များစေမည့် marketing နည်းလမ်းကို အသုံးပြုသော ဆရာတော်များမှ မူဆလင် မုန်းတီးရေးကို သီးသန့် ဟောပြောလာသောအခါ ထိုသို့သော ဘုန်းကြီးများကို ဝေဖန်ရန်၊ အပြစ်တင်ရန်၊ လမ်းမှန်ရောက်အောင် နှုတ်အားဖြင့်ဖြစ်စေ၊ လူအားဖြင့်ဖြစ်စေ ကူညီရန် ကျနော်တို့တွင် တာဝန်ရှိသည်။

ရှင်းလင်းချက်...
ဘုန်းကြီးများကို ဝေဖန်ပြစ်တင်နေမည့်အစား ကိုယ့်တိုင်း ပြည်သူများ အမြင်ကျယ်အောင် ထိုဘုန်းကြီးများဟောကြားသော တရားတော်များကို မယုံကြည်အောင် ထိုဘုန်းကြီးများထက်
 ကောင်းမွန်သော အတွေးအခေါ်များ ချပြက ပိုမကောင်းပေးဘူးလား။ တစ်ယော်နှစ်တစ်ယောက် အပြစ်တင်ခြင်းသည် ပြည်သူများ အေးချမ်းခြင်းကို ဖြစ်စေပဲ၊  ပြည်သူများကို ပိုမိုရှုပ်ထွေးစေသည်။


(ဤသည်မှာ မေးခွန်းသက်သက်လို ဖြစ်နေပြီး အဖြေများကို အချိန်ရလျှင် ဆက်ရေးပါမည်။)

ထိုမေးခွန်းများကို စာရေးသူ ဖြေကြားပေးပါသည်။

1 comment:

Burmese Buddhist Society, BC said...

ကျေးဇူးတင်ပါတယ်။

Followers

My Blog List