ပြီးခဲ့တဲ့ တနင်္ဂနွေက နေမင်းကြီးသည် အရှေ့ဂေါယာကျွန်းမှ မပူလွန်း၊မအေးလွန်း ပေါ်ထွန်းကာ နေချည်နုမျှ တောက်ပလျှက်ရှိသည်။ လူတွေကလည်း တစ်ပတ်တွင် ငါးရက်တာမျှ အလုပ်ပင်ပန်းခြင်းကို အေးအေးဆေးဆေး ပျော်ပျော်ပါးပါး အနားယူရန် တာစူလျှက် ရှိသည်။
ရာသိတုကလည်း၊ သယာရှိလျှက်သောကြောင့် ပြည်ပရောက် မြန်မာမိသားစုများ အမိမြန်မာလွမ်းပြေ ဗုဒ္ဓရံသီနိဗ္ဗာန်ဈေးပွဲတော်သို့ ဝင်လာမစဲ တဖွဲဖွဲရောက်လာကြသည်။
ဗုဒ္ဓရံသီနိဗ္ဗာန်ဈေးပွဲတော်ကလည်း စားသောက်စရာ စုံလင်လှသည်၊ မုန့်ဟင်းခါး၊ ဒါန်ပေါက်၊ မန္တလေးနန်းကြီး၊ ဘယာကြော်၊ မုန့်ဖတ်ထုပ်၊ ကောက်ညှင်းထုပ်၊ ဗူသီးကြော် စသည်ဖြင့် အမျိုးအမည်စုံလှသည်။ ဤသို့အမျိုးစုံတာက တစ်ကြောင်း၊ လှူလည်း လှူ စားလည်းစား ကုသိုလ်ရသောကြောင့် ဗန်ကူးဘာရောက်မြန်မာများ နိဗ္ဗာန်ဈေးကို အထူးစိတ်ဝင်စားကြသည်။
စာရေးသူကိုယ်လည်း အများနည်းတူ နိဗ္ဗာန်ဈေးအလှူကို နိဗ္ဗာန်ဈေးရက် မရောက်ခင်ကတည်းက လှူရန်အထူးစိတ်အား ထန်သန်နေသည်။ ထို့ကြောင့် “ ငါ.. ဒီတစ်ခေါက်နိဗ္ဗာန်မှာ မြန်မာဗုဒ္ဓဘာသာအသင်းကြီးအတွက် ခါတိုင်းကဲ့သို့ စံချိန်မှီအောင် လှူဒါန်းမည်ဟု အဓိဌာန်ထားလိုက်သည်။ လှူမည်ဟု ဆုံးဖြတ်လိုက်သောအခါ သဒ္ဓါစိတ်များလည်း တဖွားဖွားဖြစ်ပေါ်၍ နေသည်။ သဒ္ဓါစိတ်များ ဖြစ်ပေါ်၍နေသောကြောင့် စိတ်ထဲမှာလည်း တစ်ယောက်ထည်း ပျော်ရွှင်နေသည်၊ တက်ကြွနေသည်။ သဒ္ဓါစိတ်က ရုပ်ကိုအထူးကြည်လင်စေသည်ဆိုသော အဘိဓမ္မာသဘေားကိုလည်း စာတွေ့အပြင်ကိုယ်တွေခံစား လိုက်ရခြင်း ဖြစ်သည်။
ပြည်ပတိုင်းပြည်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများသည် ၊ လစဉ်ပေးငွေများ ရှိနေ၍ ပွဲတော်များ ကျင်းပကာ ဘဏ္ဍာငွေရှာရသည်။ မြန်မာဗုဒ္ဓဘာသာအသင်းဦးဆောင်းသော ဗုဒ္ဓရံသီမြန်မာဘုန်းတော်ကြီးကျောင်းလည်း လစဉ်ပေးငွေ $ 3000 နီးပါးရှိ၍ ဤကဲ့သို့ ပွဲတော်များဖြင့် ဘဏ္ဍာငွေကိုရှာရသည်။ အသင်း၏ဘဏ္ဍာငွေ အဝင်/အထွက်ကို သိနေသော စာရေးသူက လိုအပ်ချက်ကို အထူး ဖြည့်ဆီးလိုသောကြောင့် အထူးလှူးဒါန်းချင်
စိတ်ဖြစ်နေခြင်းဖြစ်သည်။
နိဗ္ဗာန်ဈေး မရောက်ခင် တစ်ပတ်လောက်အလိုတွင် ကျောင်းတွင် ဒကာတစ်ယောက်
ရောက်လာပြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်က လွတ်လိုက်လို့ဟုဆိုကာ ဒေါ်လာ ငါးရာကို လာရောက်လှူဒါန်းသွားသည်။ စာရေးသူ အံဩမဆုံးဖြစ်ရသည်။ မိမိလှူလိုသော ငါးရာကို တစ်ယောက်ယောက်က လာရောက် ပါရမီဖြည့်ဆီးသွားခြင်းကြောင့်ဖြစ်သည်။
နိဗ္ဗာန်ဈေးအားလုံးရောက်ချပြီးနောက် စာရင်းရှင်းလိုက်သောအခါ ၊ ကျင်းပနေကြပွဲတိုင်း စံချိန်မီဖို့က ငါးရာလောက်သာ လိုတော့သည်။ စာရေးသူ မှန်းချက်နှင့်အကိုက်ပါလားဟု
တွေးတောမိခါ၊ စာရေးသူအား လာရောက်လှူဒါန်းသော ငါးရာကို နိဗ္ဗာန်ဈေးအဖြစ် ပါဝင်လှူ ဒါန်းလိုက်သည်။
နိဗ္ဗာန်ဈေးကား သတ်မှတ်သော အချိန်မရောက်ခင် တစ်နာရီအလိုပြီးဆုံးသွား၍
ဈေးရောင်း/ဈေးဝယ်များအားလုံး ပစ္စည်းသိမ်းပြီး ပြန်ကုန်ပြီး၊ စာရေးသူတစ်ယောက်သာ
ကျောင်းတွင် ကျန်ခဲ့သည်။ ထိုအခိုက် မိသားစု တစ်စုရောက်လာသည်။ နှိဗ္ဗာန်ဈေးသို့ လာရောက်ခြင်းဖြစ်သည်။ စားသောက်စရာများက ဘာမှမရှိတော့ ။ ထိုမိသားစုမှ အိပ်မက် မက်ဟုဆိုကာ စာရေးသူအား ကိုယ်တိုင်သုံးရန် (သို့) မဟုတ်က စာရေးသူမိဘများအား
ထောက်ပံ့ရန်ဟု ဆိုကာ ဒေါ်လာငါးရာကို လာရောက်လှူးဒါန်းသွားပါသည်။
စားရေးသူ အလှူရှင်းများ ပြန်သွားသောအခါ.. ဩော်… နိဗ္ဗာန်းဈေးအလှူ အကျိုးကျေးဇူးက ချက်ခြင်းလက်ငင်း အကျိုးပေးပါလားဟု တွေးမိ၍ ဤဆောင်းပါးကို ရေးလိုက်ရပါသည်။
မနေ့က ဗုဒ္ဓရံသီ နိဗ္ဗာန်ဈေးပွဲတော်သို့ လာရောက်ကြသော နိဗ္ဗာန်ဈေးအလှူရှင်းများအာလုံးလည်း ကျန်းကျန်းမာမာဖြင့် အလှူအကျိုး၊ အမျိုးမျိုး ရရှိခံစားစံစားနိုင်ကြပါစေဟု ဆုတောင်း မေတ္တာပို့သလိုက်ရပါသည်။ .ဗုဒ္ဓရံသီဆရာတော်
No comments:
Post a Comment