မဟာသန္တိသုခပြည်ပသာသနာပြုကျောင်းတော်ကြီးအဆက် -၂
လက်ရှိမဟာသန္တိသုခကျောင်းတော်ကြီး ဦးဆောင်၍ မင်္ဂလာဧည်ခံပွဲ ခြိမ်းခြိမ့်သဲ နေ့ကောည ပါ ကျင်းပကာ ဝင်ငွေရှာနေတဲ့ ကျောင်းတော်ကြီး အကျိုးဆောင်များက ကျောင်းတော်ကြီးမှာ
ကြွေးများဝိုင်းနေ၍ သာသနာရေးဦးစီဌာနနှင့်နိုင်ငံတော် သံဃနာယကကို ထိုးအပ်းလိုက်ရကြောင်း ၊ အကယ်၍ ကြွေများကို ဆရာတော်ကြီးမှ ပေးဆပ်နိုင်လျှင် ကျောင်းတော်ကြီးကို ဆရာတော်ကြီးဆန္ဒအတိုင်း ပြန်လှူဒါန်းမည်ဖြစ်ကြောင်းလည် ကြားရသေးပါတယ်။
ကြံကြံဖန်ဖန်ဗျာ မကြားစဖူးကြားရသေးတယ်။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း မှာ ကြွေးတင်ရတယ်လို့၊ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း ကြွေးတွေဝိုင်းနေတယ်ဆိုတာ မဟာသန္တိသုခ တစ်ကျောင်းပဲ ရှိမယ်ထယ်ပါတယ်။ ကျန်တဲ့ပုဂ္ဂလိကျောင်းတွေမှာဆို တစ်နှစ်နဲ့တစ်နှစ် တိုးတတ်လာတာကိုပဲတွေ့ရပါတယ်။ စားရေးသူရဲ့ မိတ်ဆွေ မန္တလေးက ဓမ္မဓရကျောင်းဆိုရင် သုံးနှစ် အတွင်း ကျောင်းဆောင်ပေါင်း ၃၅-ဆောင်တည်ဆောက်ပြီးသည်ဟုဆိုပါတယ်။ ကျောင်းအသုံး
အဆောင်များကလည်း ပြည့်ပြည့်စုံစုံပါပဲ။
အမှန်တကယ်ကြွေးရှိတယ်ဆိုရင်တောင် ကျောင်းတော်ကြီး စတင်ဖွင့်လှစ်တာ ၁၂-နှစ်တောင်ရှိပြီးပဲ၊ မှန်မှန်ကန်ကန် သာသနာပြုလုပ်ငန်း ၊ သာသနာအကျိုးကို မျှော်ကိုးလုပ်မယ်ဆိုရင် မြန်မာပြည်က ဒကာတွေ လက်မနှေးပါဘူး လှူဒါန်းလို့ ကြွေးကျေလောက်ပါပြီဗျာ။
စာရေးသူ စဉ်းစာမိတာကတော့ သွားလေသူ ရာသက်ပန် မဟာသန္တိသုခကျောင်းဒကာကြီး ၊ တမလွန်ဘဝကနေ လာခွင့်ရမယ်ဆိုရင် ခဏလောက် လူပြည်ပြန်လာပြီး သူ့တပည့်တွေကို
“ မောင်းမင်းတို့ သာသနာကို ခုတုံးလုပ်ပြီး မဟုတ်တာမလုပ်နဲ့၊ တစ်ဘဝဆိုတာ ခဏပဲ၊ ခု ငါ့သာကြည့်ပေတော့လို့” တရားလာချပေစေချင်တယ်ဗျာ။
အင်း… ပြောမယ့်သာ ပြောရတာ သွားလေသူ ရာသက်ပန်းကျောင်းဒကာကြီးလည်း ၊ ရောက်ရာဘုံဘဝမှ ဒုက္ခတွေ ပင်လယ်ဝေနေလို့ “ဒု၊သ၊န၊သော” တို့လို တစ်လုံး တစ်ပါဒလောက်တောင် ပြောခွင့်ရမယ်မထင်ပါဘူး။
သမ္မတ ဦးသိန်းစိန်အစိုးရက မြန်မာနိုင်ငံမှာ Clean Government , Good Government ဆိုကြေညာပြီး တက်လာပါတယ်။ ဒါအပြင် ဌာနတိုင်းမှာလည်း ထင်သာ၊မြင်သာရှိရမယ်ဆိုပါတယ်။
အဘယ်ကြောင့် သာသနာရေးဦးစီးဌာနနှင့်နိုင်ငံတော်သံဃနာယကတို့မှာ ထင်သာမြင်သာ
မရှိသေးတာလည်းဆိုတာ စဉ်းစားလို့မရပါဘူး။
အမှန်တယ်ဆို
သာသနာရေးဦးစီးဌာနမှာ တာဝန်တွေများလှပါတယ်။ ရန်ကုန်၊မန္တလေး သာသနာ့တက္ကသိုလ်ကြီးရယ်၊ မင်းဓမ္မကုန်းက ထေရဝါဒ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ရယ်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွေရယ်။ အခြား ဘာသာခြားကိစ္စတွေရယ် များပြာလှပါတယ်။ မိမိတို့ဌာနက ထိထိရောက်ရောက် မဆောင်ရွက်နိုဘူးဆိုရင် ထိရောက်စွာ ဦးစီးဦးဆောင်ရွက်နိုင်တဲ့ ဆရာတော်များကို တာဝန် ခွဲဝေပေး သင့်ပါတယ်။
နိုင်ငံတော်သံဃမဟာနာယကများဆိုလည်း အသက်ကကြီးတာက တကြောင်း၊ ကိစ္စဝိစ္စများတာက တကြောင်းဆိုတာ သာသနာပြုကျောင်းတွေကို လှည့်မကြည့်နိုင်ပါဘူး။
နိုင်ငံခြားတိုင်းပြည်တွေမှာဆို ဌာနတိုင်းကို အစိုးရက မကိုင်တော့ပါဘူး ၊ အချို့ အဆောက်အဦးတွေကို
ပုဂ္ဂလိကကုမ္ပဏီများအား ငှားရမ်းထာပြီး ၊ ပညာရေးဆိုင်ရာတက္ကသိုလ်များကိုလည်း ဆိုင်ရာတက္ကသိုလ်အကြီးအကဲများအား လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပါတယ်။
တိတိကျကျပြောရရင်…ဒီကျောင်းတော်ကြီးကို နဝတအစိုးရလက်ထက်က ဗိုလ်ချုပ်မှူကြီးသန်းရွှေ ကိုယ်တိုင် ပီနန်ဆရာတော်ကြီးကို ရေစက်ချလှူထားပြီးဖြစ်ပါတယ်။
သတင်းစာအဟောင်းတွေ ပြန်ကြည့်မယ်ဆိုရင် ဓာတ်ပုံနှင့်တကွ တွေ့နိုင်ပါသေးတယ်။ အဲဒီတုန်းးက ဦးသန်းရွှေက ကျောင်းတော်ကြီးကို သဘောကျလို့ တကယ်လို မြေနေရာ ကျဉ်းနေဦးမယ်ဆိုရင် ကပ်လျှက်ရှိတဲ့ နတ်ချောင်းကိုပါ ၊ တိုးချဲ့လှူဒါန်းပေးဖို့ လျှောက်ထား သွားပါသေတယ်။
ဒီနတ်ချောင်းလေးကလည်း ငွေကြေအကုန်အကျခံကာ ပြုပြင်မယ်ဆိုရင် သာယာလှပတဲ့ စမ်းချောင်းလေးပါပဲ။
စာရေးသူတို့ ၂-နှစ်တာ သင်တန်းကာလ ဘယ်မဟန၊ ဘယ်သာနာရေးကမှ ဝင်မစွက်ပါဘူး ဆရာတော်ကြီးရဲ့ ဩဝါဒကိုပဲ ခံယူကာကျောင်းတော်ကြီးလည်ပတ်ခဲ့ပါတယ်။ စာရေးသူတို့ သင်တန်း ၂-နှစ်တာကာလအပြီးမှာတော့ ဘာတွေဖြစ်ကုန်းသလဲ ဆိုတာကတော့ ဆက်ရန်..၃
No comments:
Post a Comment