လူငယ်တွေ အင်တာနက်မှာ သွားရင်လားရင်း လွယ်လွယ်ကူကူ တရားဓမ္မတွေလေ့လာနိုင်ဖို့ ရေးပေးနေတော့ တချို့လည်း တရားဓမ္မတွေကို ဖတ်ခိုက်ခဏ စိတ်တည် ငြိမ်မှုကို ရရှိပါတယ်လို့ဆို့တယ်။ စကားလုံးကြီးကြီးနဲ့ပြောရရင်တော့ ဓမ္မပီတိပေါ့လေ။
ဟုတ်ပါတယ် ၊ဓမ္မစာပေကိုဖတ်တာဟာ ကိလေသာပွားစေတဲ့ စာပေကို ဖတ်တာနဲ့စာရင် ဓမ္မစာပေက စိတ်တည်ငြိမ်မှုကို ပေးမှာကတာ့ အသေအချာပါပဲ။
တချို့ကြတော့ ဗုဒ္ဓတရားတော်တွေဟာ သိဖို့လွယ်သလောက် ကျင့်ရခက်တယ်လို့ ဆိုပြန်ပါတယ်။ ဖြစ်နိုင်တယ်ပါတယ်။ အာရုံငါးပါးဖြင့် အပြည့်ဆွဲဆောင်ထားတဲ့ လောကကြီးမှာ ရုန်းထွက်ဖို့တော့ အခက်သာ။ ထိုလူများအတွက်တော့ ဗုဒ္ဓဓမ္မနဲ့အလှမ်းကွားနေသေးရင်တော့ ကြုံတုန်း ဖတ်ရင်း၊လေ့လာရင်းနဲ့ တရာဓမ္မတွေက ဒီလိုရှိပါလားလို့ သင့်တင်သော နှလုံးသွင်းရှိပါစေ။
နောက်တချိန်မှာ အသုံးကျလာလိမ့်မယ်။
လူဆိုတာ အမြဲတမ်း အမှောင်ထဲမှာ မပျော်ပိုက်တတ်ပါဘူး။ အမှောင်ထဲမှာ ကြာရှည်နေရရင်လည်း အလင်းရောင်ကို တမ်းတစမြဲပါ။
တခါတရံ မိမိသိထာတဲ့ တရားဓမ္မတွေဟာ ဘဝလွှတ်မြောက်ရေးတွက် မထိရောက်သေးဘူးလို့ ယူဆရင် အရှင်နာဂသိန်ရဲ့ မိန့်ကြားစကားကို သတိရလိုက်ပါ။
ရေဟာ ကြိုက်ကြိုက်ဆူအောင်ပူနေပေမယ့်... မီးခဲကိုတော့ ငြိမ်းစေနိုင်တယ်။
ရွှံညွှန့်ရေဟာ နောက်ကျုနေပေမယ့် အစင်အညစ်အကြေးကိုတော့ ပြောင်စင်စေနိုင်တယ်။
သစ်သီးမှာ အပုပ်အနာရှိပေမယ့် ငတ်မွတ်ဆာလောင်နေသူကိုတော့ အဆာပြော ပြောက်စေနိုင်တယ်။
ထို့အတူပါပဲ...၊ လောလောဆယ်မှာ ဗုဒ္ဓဓမ္မတွေဟာ လေးနက်တယ်၊ ခက်ခဲတယ်ဆိုပေမယ့်.. သောကတွေ၊ ဒေါမနဿတွေကို ပြေပျောက်စေနိုင်ပါတယ်။
မြတ်စွာဘုရား ဘဒ္ဒဝဂ္ဂီညီနောင်များအား မိန့်ကြားသလို့ပေါ ဘဝပျော်ရွှင်ဖွယ်ရာအတွက် ပြင်ပလောကကို ရှာဖွေခြင်းထက် ကိုယ့်ကိုကိုယ် ရှာဖွေခြင်းက မြတ်ပါတယ်။
တခါတုန်းက မြတ်စွာဘုရား ဥရုဝေလတောသို့ကြွရာ လမ်းခရီးမှာ ကောသလမင်းကြီးရဲ့ အဖေတူ အမေကွဲ ညီနောင်သုံးကျိပ် မယားများနဲ့ ပျော်ပွဲစားထွက်တဲ့ ခရီးနဲ့ ဆုံနေပါတယ်။
သူတို့ တတွေ နေ့ခင်းမှာ သောက်စားမြူးတူပျော်ပါးနေတုန်း ကိုယ်ပိုင်းမယာမရှိတဲ့ ညီတစ်ယောက် ခေါ်လာတဲ့ ပြည့်တန်ဆာမက သူနဲ့အတူပျော်ပါးတဲ့ မင်းသာဆီက လက်ဝက်လက်စား
တွေကို ယူပြီး ထွက်ပြေးသွားပါတယ်။
ခလုတ်ထိမ အမိတဆိုသလို .. ပြည့်တန်ဆာမ ပစ္စည်းတွေ ခိုးယူတော့မှ ခုနက ပျော်နေတဲ့ အပျော်များ ကြက်ပျောက်၊ငှက်ပျောက်ကာ ညီးနောင် သုံးကျိပ်တို့ ပြည့်တန်ဆာ သူခိုးမကို အပူတပြင်း လိုက်ရှာပါတော့တယ်။
သူတို့ရှာတာက အမျိုးသမီး ၊ ဟော ! သူတို့တွေ့လိုက်ရတာက ၊ သစ်ပင်အောက်မှာ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒနဲ့ ထိုင်နေတဲ့ မြတ်စွာဘုရား၊ ဒီတော့ သူတို့ခင်ဗျာ.. ဘုရားသော ၊ဘာသော အရိုအသေးမပေး နိုင်တော့ပဲ "ဒီနာက မိန်းမတစ်ယောက် ဖြတ်သွားတာ မတွေ့လိုက်မိဘူးလားလို့" ဗုဒ္ဓကို အပူတပြင်းမေးလိုက်ကြတယ်။
ဒီတော့ မြတ်စွာဘုရားက... " သင်တို့ ပျောက်သွားတဲ့ မိန်းမတစ်ယောက်ကို ရှာဖွေတာနဲ့ မိမိကိုယ်ကို ရှာဖွေတာဟာ ဘယ်ကမြတ်ပါသလဲ" လို့ မေးလိုက်တယ်။
ရှာကြည့်လိုက်ပါ...၊တကယ်တမ်း မိမိခန္ဓာကိုယ်မှာရှိနေတာက..မတင်းတယ်ခြင်း၊ မလှပခြင်း အသုဘဖြစ်တယ်။ ဒါကို ပြင်ပ အလှအပ ရောင်စုံချယ်သထားလို့ လှတယ်၊ကြည့်ကောင်းတယ်လို့ ထင်မှတ်နေကြတယ်။
လူဖြစ်ခိုက် ဘဝကုသိုလ်ကံ အကျိုးပေးကြောင့် ပိုင်ဆိုင်ရတဲ့ ပစ္စည်းဥစ္စာ၊ ရားထူ ၊ ဌာနန္တရတွေဟာလည်း ခဏတာပါ အမြဲမဟုတ်ပါဘူး၊ ထို့အတူ့  ရှေးကုသိုလ်ကံကြောင့် ချစ်ဇနီး၊ချစ်သားသမီးနဲ့ ပျော်ပျော်ရွှင် ရွှင် နေရတယ်ဆိုတာဟာလည်း တခဏပဲ ၊ အမြဲမဟုတ်ပါဘူး။
အရားအားလုံးကို အလှအပ ၊ အထင်အမြင် ၊ အကာတွေနဲ့ ဖုံလွးမ်ထားတော့ ငါပိုင်တယ်၊ ငါဟာ စသည်ဖြင့် မက်မောနေကြတာဖြစ်တယ်။
မြတ်စွာဘုရားက အတောမသတ်နိုင်တဲ့ အပြင်လောက ရှာဖွေခြင်းထက် ၊ မိမိကိုယ်ကို ရှာဖွေကြလော့ လို့ မိန့်ကြားလိုက်တာနဲ့ ပါရမိရှင် မင်းသားသုံးကျိပ်မှာတော့ တရားရကာ သောတာပန်ဖြစ်လို့ သာသနာ့ဘောင်မှ ရဟန်းတွေပြုလိုက်ကြတယ်။
ကဲ...စာဖတ်ပရိသတ်လည်း ၊ မင်းသားသုံကျိပ်လို ပါရမီရှင်များမဟုတ်လို့ လောကီအာရုံတွေကို မစွန့်ခွာ နိုင်သေးပေမယ့်၊ သွားရင်းလာရင်း လမ်းဘေးမှာ အလှအပတွေ တွေလို့ စိတ် ဖောက်ပြန်သွားတယ်ဆိုရင်.
သတိထားပြီး ကိုယ့်ကိုကိုယ် ပြန်ကြည့်တတ်ဖို့၊
မြင်လိုက်တဲ့အခါမှာလည်း ဒါတွေဟာ အပေါ်ယံပဲလို့ သဘောပေါက်မိစေဖို့ လိုပါတယ်။ လောကီအာရုံများကလည်း လိုတာထက် ပိုသွားရင်တော့ အဆိပ်အတောက်ဖြစ်တယ်လို့ သတိပေးလိုက်ရပါစေ။
သို့အတွက်ကြောင့် အရာရာတိုင်းကို ဓမ္မနဲ့တိုင်းတာပြီး နေထိုင်သွားမယ်ဆိုရင်ဖြင့်...၊

No comments:
Post a Comment