Wednesday, May 29, 2013

ကျောင်းကန်၊ဘုရားနားမှ ရယ်စရာများ


ရှေးရှေးတုန်းက ရွာတစ်ရွာတွင်  ဒေါ်သောင်နှင့်ဒေါ်ဆာမိ အဖွားကြီးနှစ်ယောက် လပြည့်လကွယ်နေ့တိုင်းတွင် ရွာဦးကျောင်း ဆရာတော်ထံ ဥပုသ်စောင့်လေ့ရှိသတတ်။

ဆရာတော်မှ အဖွားကြီးနှစ်ယောက်အား အမြဲတမ်း ရှစ်ပါးသီလပေးလေ့ရှိပါတယ်။ သီလပေးခန်းတွင် “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံသရဏံ ဂစ္ဆာမိ” ဟု သရဏံသုံးပါးဆောက်တည်ရာတွင်။ ဂစ္ဆာမိ- ကိုးကွယ်ဆည်းကပ်ပါ၏ ဟူသော စကားသည်။ အဖွားဒေါ်ဆာမိနာမည်နှင့် တိုက်တိုက်ဆိုင်ဆိုင် တူနေပါတယ်။

ထိုအခါ.. အဖွားဒေါ်သောင်မှ  “အမြဲတမ်း သီလပေးတိုင်း ဆရာတော်သည် ဒေါ်ဆာမိနာမည်ကိုတော့ ခေါ်သည်
 ငါ့နာမည်တော့ မခေါ် ၊ ဆရာတော်သည် ဒေါ်ဆာမိအား မျက်နှာလိုက်၍ ခေါ်ခြင်းဖြစ်မည်” ဟု တွေးထင်ကာ  နှလုံးမသာယာ စိတ်ကောက်နေပါတယ်။

နောက်တစ်ပတ် လပြည့်နေ့ ရွာဦးကျောင်းသို့ ဥပုသ်စောင့်သွားရန်
 ဒေါ်ဆာမိမှ ဒေါ်သောင်အား သွားရောက် ခေါ်ရာတွင် “ဒေါ်ဆာမိ ကျမသိရသလောက်တော့ ၊ ဆရာတော်မှ သီလပေးရာတွင် မျက်နှာလိုက်၍ ဒေါ်ဆာမိနာမည်ကိုတော့ အကြိမ်ကြိမ် ခေါ်သည်  ကျမနာမည်ကိုတော့ တစ်ကြိမ်မှ မခေါ် သို့အတွက်ကြောင့် ကျမ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်မစောင့်တော့ပါ။  အိမ်မှာပဲ စောင့်တော့မယ်” ဟု ဘုတော တောလိုက်ပါတယ်။

ဆရာတော်မှ  အဖွားနှစ်ယောက် ဥပုသ်စောင့်မြဲတွင်  ဒီတစ်ပတ် ဒေါ်သောင်မပါလာ၍ ဒေါ်ဆာမိအား ဘာကြောင့် ဒေါ်သောင် ဥပုသ်စောင့်မလာရသလဲဟု မေးလိုက်ပါတယ်။

ထိုအခါ ဒေါ်ဆာမိမှ  ဖြစ်ကြောင်းကုန်စင် လျှောက်ပြသောအခါ..ဆရာတော်မှ “ အိမ်း.. ဒါဆိုလည်း နောက်တစ်ပတ်သီလပေးရင် ဒေါ်သောင်နာမည်းလည် ပါအောင်  သီလပေးပါမည်။ နောက်တစ်ပတ် ဥပုသ် စောင့် လာဖြစ်အောင်လာခဲ့ပါဟု ခေါ်ခဲ့ရန် မှာကြားလိုက်ပါတယ်။

နောက်တစ်ပတ် အဖွားနှစ်ယောက် ဥပုသ်လာစောင့်သောအခါ..ဆရာတော်မှ သီလပေးရာတွင်
ဗုဒ္ဓသရဏံ ဂစ္ဆာမိ၊ ဒေါင်သော် ၊ဒေါ်သောင်။ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ ဒေါင်သော် ၊ ဒေါ်သောင်။ သံဃံသရဏံ ဂစ္ဆာမိ၊ ဒေါင်သော်၊ဒေါ်သောင်ဟု နာမည်ထည့်၍ သီလပေးလိုက်သောအခါ.. ဒေါ်သောင်မှာ ကျေနပ်အားရ ၊ ဝမ်းသာလှ၍ ။ ကြည်ညိုစရာကောင်းလိုက်ပါတဲ့ ကော်တို.. ကိုယ်တော်ဟု ထအော်လိုက်ပါသတဲ့။

No comments:

Followers

My Blog List