Friday, May 24, 2013

ဗုဒ္ဓဟု ဝန်ခံခြင်း...

တစ်နေ့သောအခါ..
ကောသလမင်း ယုံမှားခြင်းဖြင့်
မြတ်ဗုဒ္ဓထံ ချဉ်းကပ်၍လာ..။
အရှင်ဂေါတမ.. သင်ဟာစင်စစ်
“သဗ္ဗညုဗုဒ္ဓ ဖြစ်ပါသလားဟု
မေး လျှောက်၍လာ…။

    ထိုသောအခါ..
မြတ်ဗုဒ္ဓမှ အရားအာလုံး သိမ်းကြုံးသိမြင်  ခေါ်တွင်သဗ္ဗညု
အမှန်ပဲဟု ရဲရဲစကား မိန့်ကြားလိုက်တာ...။

ဗုဒ္ဓစကား ကြားသောအခါ...။
ဘုရင်ကောသလ  စောဒကတတ်လာ
သင့်ထက်သက်ကြီး ဗြဟ္မာကြီးများမှာ
ဗုဒ္ဓစကား မမိန့်ကြားပါ။
အသက်ရွယ်ငယ်သေး သင်. ဒီအရွယ်လေးမှာ
အဘယ်ကြောင့်များ ဗုဒ္ဓဟုဝန်ခံတာ။

    အို...ကောသလ..
မင်းသားကိုလည်း ငယ်သေးဟုဆိုကာ အထင်မသေးသင့်ပါ။
မြွေများကိုလည်း ငယ်သေးဟုဆိုကာ အထင်မသေးသင့်ပါ။
မီးများကိုလည်း နည်းသေးဟုဆိုကာ အထင်မသေးသင့်ပါ။
ရဟန်းကိုလည်း ငယ်သေးဟုဆိုကာ အထင်အသေးသင့်ပါ။

    ရဲရဲတောက်
ဗုဒ္ဓစကား ကြားရသောအခါ
ကောသလမင်း ဥာဏ်မြင်လင်းကာ
ရတနာသုံးပါ ယုံမှားကင်းကွာ

ဗုဒ္ဓဟု အထူးယုံကြည်တာ။

ကောသလသံယုတ် ၊ ဒဟရသုတ်ကိုရေးဖွဲ့ပါသည်။

No comments:

Followers

My Blog List