Thursday, May 2, 2013

စကားလုံးများရဲ့တန်ဖိုး

'ဟေ! သူငယ်ချင်း .. 
မင်း ဟိုမှာ အသားတွေတင်လာတဲ့ မုဆိုးကြီးဆီက မင်းအသားတွေ ရအောင်  တောင်းနိုင်သလာ'
'တောင်းနိုင်တာပေါ့ကွ..'

'အေး.. ဘယ်သူက အကောင်းဆုံး၊ အသားကို ရအောင်တောင်းနိုင်မလဲဆိုတာ တို့သူငယ်ချင်း လေယောက် ပြိုင် တောင်ကြည့်ရအောင်'

'ကဲ..လုပ်လိုက်လေ ၊ ကြာသလားလို့..'

 *****
ရှေးရှေး တုန်းက ဗာရာဏသီပြည်မှာ ဘုရားလောင်းဟာ သူဌေးသားတစ်ယောက်ဖြစ်ခဲ့တယ်။သူနဲ့ ရွယ်တူ သူဌေးသာ လေးယောက်နဲ့ မိတ်ဆွေသူငယ်ချင်းများ အဖြစ်တူသွား၊အတူလာနေထိုင်ကြသတဲ့။ တစ်နေ့မှာ မြို့ကထွက်လို့ သူငယ်ချင်းများ တွေ့ဆုံရာ နေရာတစ်ခုမှာ သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေရင်း ၊ အသားရောင်းဖို့ မြို့ထဲကိုဝင်လာတဲ့ မုဆိုးကြိးကို မြင်လိုက်ရလို့ သူတို့တတွေ ဘယ်သူက ပိုစကားပြော ကောင်းသလဲ ဆိုတာ ၊ ပြိုင်ကြတယ်။

၁) ပြောပြောဆိုဆို ပထမ သူဌေးသား တစ်ယောက်က မုဆိုးထံချည်းကပ်လို့ "  ဟဲ.. မုဆိုး ငါ့ကို အသားတစ်ပိုင်းပေးစမ်းပါ" လို့ တောင်းလိုက်တယ်။

ဒီတော့ မုဆိုးက...'မိတ်ဆွေ သူတစ်ပါး ပစ္စည်းကို တောင်းသူဆိုတာ ချစ်ဖွယ်သောစကားနဲ့ ချိုးချိုသာသာ တောင်းရတယ်" ကဲကဲ မင့်စကားနဲ့ထိုက်တန်တဲ့ အသားတစ်ပိုင်းကို ရမယ်လို့ပြောကာ " မင့် စကားဟာ ကြမ်းတမ်းတယ်၊ ငါ့ကို အသားတောင်းတဲ့ မင်းရဲ့စကားဟာ အမြှေးနဲ့တူတယ်၊ ဒါကြောင့် မင်းကို အမြှေပဲ ပေးလိုက်မယ်" လို့ဆိုကာ အရသာလည်းမရှိ၊ အသား၊အသွေးလည်းမရှိတဲ့ အမြှေးအပိုင်း အစကို ပေးလိုက်တယ်။

၂)  ဒုတိယ သူဌေးသားက  ငါ့အလှည့်ဟုဆိုကာ .. မုဆိုးကြီးထံ ချည်းကပ်ပြီး " အစ်ကိုကြီး ကျနော်ကို အသားအပိုင်းအစလေး ပေးပါဦး" လို့တောင်းလိုက်တယ်။

မုဆိုးကြီးက..." မင်းရဲ့ စကားနဲ့ သင့်တော်တဲ့ အသားပိုင်းကို ရမှာပေါကွာ" ဟုဆိုကာ.. " လောကမှာ အစ်ကို၊ အမ၊ ညီ၊ ညီမလေးဆိုတဲ့ စကားအသုံးအနှုန်းဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းနဲ့တူတယ် ၊ ရော့ မင်းစကားနဲ့  ထိုက်တန်တဲ့  အင်္ဂါအစိတ်အပိုင်း အသားတွေကို  ကိုယူသွား" ဟုဆိုကာ ပေးလိုက်တယ်။

၃) တတိယ သူဌးသားကတော့ မုဆိုးကြီးထံ ချည်းကပ်ပြီး " ဖခင်..ကျနော်ကို အသားလေးတစ်ပိုင်းလောက်ပေးပါ" လို့တောင်းလိုက်တယ်။

မုဆိုးကြီးက "  ဖခင်လို့ခေါ်တဲ့သားရဲ့စကားလုံးဟာ ဖခင်တို့ရဲ့ စိတ်နှလုံးကို တုန်လှုပ်စေတယ်၊ မင့်စကားဟာ အသဲနှလုံနဲ့ တူတယ် ၊ ရော့ မင်းကို အသဲနှလုံးပေလိုယ်မယ်"ဟုဆိုကာ အသဲနှလုံးကို ပေးလိုက်တယ်။


၎)  စတုတ္ထမြောက် သူဌေးသားကတော့ " မိတ်ဆွေ ငါ့ကို အသားတစ်ပိုင်းလောက် ပေးပါလို့" တောင်းလိုက်တယ်။

မုဆိုးကြီးက.. "မိတ်ဆွေ ဆိုတဲ့ စကားလုံးဟာ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်းခြင်းကို အဓိပ္ပါယ်ဆောင်တယ်။ မိတ်ဆွေမရှိတဲ့ အရပ်ကို မနေသင့်ဘူး၊ သင့်ရဲ့ စကားလုံးဟာ ငါ့ရဲ့ဥစ္စာအားလုံးနဲ့ တူနေ တယ်။ ဒါကြောင့် မင့်ကို ငါပိုင်တဲ့ ဥစ္စာတွေ အားလုံးပေးပါတယ်ဟုဆိုကာ  ၊စတုတ္ထသူဌေးသားအား အသားလှည် အားလုံးကို အိမ်အရောက် ပို့ပေးလိုက်တယ်။ 

သူဌေးသားက မုဆိုးကို သူအိမ်ခေါ်သွားပြီး ၊ မိတ်ဆွေရင်းတစ်ယောက်လို တရိုတသေပြုစု စောင့်ရှောက်တယ်၊ မုဆိုးကြီးရဲ့ ဇနီးမယားနဲ့ သား၊သမီးတွေကိုလည်း  သူဌေးအိမ်မှာ   နေထိုင်စေကာ မုဆိုအလုပ်ကို မလုပ်ခိုင်းတော့ပဲ ၊ ပျော်ပျော်ရွှင်ရွှင် ခင်မင်ကြတဲ့ မိတ်ဆွေများအဖြစ် အသက်ထက်ဆုံး ညီညီညွတ်ညွတ်   နေထိုင်သွားကြတယ်။

ဤဇာတ်လမ်းမှာ မုဆိုးကြီးက အရှင်သာရိပုတ္တာအလောင်းဖြစ်ပြီး ၊သူဌေးသားကတော့ ဘုရာလောင်းဖြစ်တယ်။ ဒီဖြစ်ရပ်ကို လေ့လာကြည့်ခြင်းအားဖြင့် စကားလုံးများဟာ ဘယ်လောက် တန်ဖိုးရှိတယ်။ တစ်ဖက်သားကို ဘယ်လောက် ထိရောက်စေတယ်ဆိုတာ သင်ခန်းစာရစေပါတယ်။ 

ဒါကြောင့်
 လောကကောင်းကျိုး ၊သံသရာကောင်းကျိုးအတွက် စကားလှလှလေးတွေ ပြောဆိုနိုင်ကြပါစေ...။

ပုစိမန္ဒဝဂ်၊ သဗ္ဗသလာဘဇာတ်ကို မျှဝေခံစားပါသည်။

No comments:

Followers

My Blog List