Sunday, May 12, 2013

မြန်မာ့လူငယ်သူဌေးတစ်ယောက်နှင့်တွေ့ဆုံမိခြင်း


မှတ်ချက်။ ။ ဤဝတ္ထုသည် စိတ်ကူးယဉ် သက်သက်သာဖြစ်ပါသည်။ အနာဂတ်လူငယ်များ ကြိုးစား အားထုတ်လိုစိတ်၊ မှန်ကန်သော စိတ်ထားများရရှိစေရန် ရည်ရွယ်သည်။
                                       ။။။။။။။။။။။။။။။။။။။။။။။

ပြီးခဲ့တဲ့သုံးနှစ်လောက်က စားရေးသူသည်
  မြန်မာပြည် ပြန်ရောက်ခိုက် ပြည်တွင်းခရီးစဉ် တစ်ခုတွင် 'Air Bagan'   ကို စီးဖြစ်သည်။ စားရေးသူက  ဘုန်းကြီးဆိုတော့ ရှေ့ဆုံးထိုင်ခုံမှ လေယာဉ် လတ်မှတ်ကို ရသည်။

စားရေးသူရဲ့ ခုံနဘေး ကပ်လျှက်မှာ  ရုပ်ရေခပ်သန့်သန့် လူငယ်တစ်ယောက် ကွန်ပျုတာ တစ်လုံးနှင့် အလုပ်ရှုပ် နေသည်။

 မြန်မာနိုင်ငံတွင်  အနောက်နိုင်ငံများကဲ့သို လေယာဉ်ပေါ်ထိအောင် အလုပ်ရှုပ်သော လူငယ်များကို တွေ့ရခဲသည်။ သို့အတွက် စာရေးသူ စိတ်ဝင်စားသွားသည်။
လေယာဉ်ပေါ်တွင်  အစောဆုံးတက်လာသော လေယာဉ်ဝန်ထမ်းများက  သူ့အားရိုရိုသေသေ ဆက်ဆံပုံ၊ လေယာဉ်မယ်များအား  ခရီးသည်များ လိုအပ်ချက်များကို လိုလေသေးမရှိအောင် ကူညီဆောင်ရွက်ပေးဖို့ မှာကြားနေပုံကို ခန့်မှန်း၍   ထိုလူငယ်သည်   လေယာဉ်၏ မန်နေဂျာသော်လည်းကောင်း၊ လေယာဉ်၏ ပိုင်ရှင်သော်လည်းကောင်း ဖြစ်ရပေမည် ဟု စာရေးသူ စဉ်းစားနေမိသည်။

အချိန်အနည်းခန့်ကြာသောအခါ ထိုလူငယ်မှ….
“ဆရာတော်ဘုရား တပည့်တော်တို့ လေယာဉ်မှ နေ့ဆွမ်းကပ်ပါမည်ဘုရား” ဟု လျှောက်ထားလာသည်။  ဒီတော့ စာရေးသူက ကျေးဇူးပဲဒကာဟု မိတ်ဆက်စကားပြောရင်း..
“ဒကာလေးက ဒီလေယာဉ်ရဲ့ မန်နေဂျာလား”လို့ မေးလိုက်မိသည်။

“မဟုတ်ပါဘူးဘုရား။ တပည့်တော်ကာ owner ပါ” ဟု ဖြေသည်။

စာရေးသူ တော်တော်လေးစိတ်ဝင်စားသွားသည်။ ထို owner ဆိုသူ၏ နာမည်ကို ပြည်ပတိုင်းပြည်မှာ အင်တာနက်မှ သတင်းတွေဖတ်ရင်း အမျိုးမျိုးကြားခဲ့ရဖူးသည်။ ထိုသူကို အင်တာနက် သတင်းတွေ ဖတ်ရကတည်းက စိတ်ဝင်စားနေသည်။ ယခုတော့ တိုက်တိုက်ဆိုင်ဆိုင် မျက်နှာချင်းဆိုင်တွေ့ရတော့ရသည်။

"တွေ့ရတာဝမ်းသာတယ်ဗျာ ဒကာတော်၊  ဘုန်းဘုန်းက ကနေဒါကပဲ ၊ မြန်မာပြည် ခဏအလည်ပြန်လာတာ၊  ဒကာလေးနာမည်ကို ကြားဖူးနေတာကြာပြီ။ ခုတော့ ဒကာလေးနဲ့ ကိုယ်တိုင်တွေ့ရတော့ ဘုန်းဘုန်း သိချင်တာလေးတွေ မေးလို့ရတာပေါ့နော်"

၁)
မိဘများမှာလွတ်လပ်ရေးခေတ်က  နိုင်ငံတော် ပြန်ထမ်းဝင်အရာရှိများဖြစ်သည်။  ဦးနေဝင်းအစိုးရတက်လာပြီးနောက် အေးအေးဆေးဆေးမိသားစုဘဝကို ရပ်တည်သူများဖြစ်သည်။ မိခင်ကြီးမှာ စိတ်ထားအလွန်ကောင်းမွန်ပြီး လင်ယောကျာ်းနှင့်သား၊သမီးများအပေါ် အလွန် အနွံနာခံသည်။သား၊သမီးများကိုလည်း  ဖခင်၏ စိတ်ဓာတ်မျိုး သူရဲကောင်းစိတ်ဓာတ်၊
  မြင့်မြတ်သောစိတ်ထား၊ မှန်းကန်သော ဖက်မှ ရပ်တည် တတ်ရန် အမြဲတမ်းပြုစု စောင့်ရှောက်ပေးသည်။

သား၊သမီးများကလည်း ယခုထက်တိုင်းမိခင်ကြီးရဲ့ ဂုဏ်ကျေးဇူးကိုအမြဲတမ်း သတိရတမ်းတလျှက်ရှိသည်။

၂)
တော်လှန်ရေးအစိုးရလက်ထက်တွင် မြန်မာပြည်စီးပွားရေ ချွတ်ခြုံကျသွားတာနဲ့ ၊  ထိုလူငယ်လေးဘဝ ဖြစ်သလို ရပ်တည်ရင်းဖြင့်၊ နိုင်ငံခြားသဘော်သားဘဝသို့ရောက်သွားသည်။
ထိုလူငယ် ငယ်စဉ်က မြန်မာပြည်တွင် အဓိကစီးပွားရေးသမားများမှာ တရုတ်၊ကုလားဖြစ်နေသည်ကို သူလုံးဝဘဝင်မကျ၊ ငါတို့်မြန်မာတွေလည်း လုပ်ငန်းပိုင်းရှင်ကြီးများ ၊ ဘဏ်ပိုင်ရှင်ကြီးများ တစ်နေ့ဖြစ်ရမည်ဟု အမြဲတမ်း စိတ်ထဲတွင် အားခဲထားသူဖြစ်သည်။  တရုတ်၊ကုလားများသည်  အကွက်မြင်၍   အာဏာရှိသူတို့နှင့်ပေါင်းကာ မြန်မာပြည်စီးအပွားရေးကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေ သည်ကို ထိုလူငယ် အကဲခတ်မိသည်။

ထို့အတူ  သူငယ်စဉ်က မာစီဒီး Benz များ၊ ပြိုင်ကားများကို သံရုံးများနှင့် ဧည့်နိုင်ငံသား၊ တရုတ်၊ ကုလား စီးပွားရေး လုပ်ငန်းရှင်များသာ စီးနေသည်ကို  ထိုလူငယ်  လမ်းဘေးမှ မော်ကြည်ကာ မခံချင်စိတ်၊ ထိုသူများကဲသို့ ကြီးပွားလိုစိတ် ထိုလူငယ်စိတ်တွင် ပြင်းပြခဲ့သည်။

သို့သော် ထိုလူငယ်၏ ထူးခြားစိတ်ကာ၊  မဟုတ် မခံစိတ်၊ အမြန်တမ်း အမှန်တရားမှ ရပ်တည်လိုစိတ် ၊  မြန်မာစိတ်အပြည့်အဝရှိသူဖြစ်သည်။

၃)
တစ်ခုသော  နိုင်ငံခြားသင်္ဘောခရီးစဉ်တွင် သူ့တို့သင်္ဘော ထိုင်းနိုင်ငံသင်္ဘောဆိပ်တစ်ခုတွင် တစ်ပတ်ခန့် ကမ်းတွင်ရပ်နားသည်။  ထိုအခိုက် လူငယ်သည် သူငယ်ချင်းများနှင့် ဗန်ကောက်သို့  အလှည်အပတ်ရောက်သွားသည်။ သူငယ်ချင်းများနှင့်လည်းပတ်ရင်း၊ ဘားတစ်ခုတွင် မြန်မာ သင်္ဘောသားတစ်စုနှင့်နိုင်ငံခြားသားများ ပြဿာနာတက်နေသည်ကို သူတွေ့ရလိုက်ရသည်။ ပြဿနာကား ကြီးမားလာကာ တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်၊သတ်ပုတ်မည့်အနေအထားရောက် နေသည်။ ထိုလူငယ်က ကြားဝင်ကာ ဖျန်ဖြေးပေးလိုက်သည်။

ထိုအခါ နိုင်ငံသားများက….
“ ဟေ့ကောင် .. မင်းက ဘာဆိုင်လို့ ငါတို့ ပြဿနာမှာ ဝင်ပါလာရတာလဲ”
“ကျနော်က မဟုတ်တာ၊ မမှန်တာကို ရပ် ကြည့်မနေတတ်ဘူးဗျ”

“သြော် ဒီလိုလား၊ ကဲ မင်းတို့တစ်စုကို ငါတို့က အပြီး ဖြောင်လိုက်မယ်ဆိုရင်ကော”

“လူတစ်ယောက်မှာ တစ်ခါပဲ သေရမှာပါဗျာ..၊ အမှန်တရားကြောင့် သေရမယ်ဆိုရင်လည်း ကျွန်တော် သေဝံ့ပါတယ်။ အမှားကိုတော့ မျက်လုံးပိတ် လက်ခံကာ ကျွန်တော်အသက်ရှင်မနေချင်ပါဘူး”

“အိမ်း.. မင်း စိတ်ဓာတ်ကိုတော့ ကြိုက်သွားပြီ။  ရော့ ငါ့ရဲ့ လိပ်စာကဒ်၊ မင်းကိုဆက်သွယ်လို့ ရမယ့် လိပ်စာရှိရင်လည်းပေးခဲ့ဦး”

ထိုလူငယ်၏ ဖျန်ဖြေမှုကြောင့် ရုန်ရင်းဆန်ခတ်ဖြစ်နေသော ၊ မြန်မာ သင်္ဘောသားတစ်စုနှင့် နိုင်ငံခြားသားများ ပြဿနာ အေးအေးဆေးဆေးပြီးသွားခဲ့သည်။

၎)
မြန်မာနိုင်ငံမှာ ပြည်တွင်းနိုင်ငံရေး ပြဿနာကြီးမားသည်နှင့်အမျှ နိုင်ငံတကာမှလည်း စီးပွားရေးတွေ ပိတ်ဆို့လာသည်။ အမေရိကန်၊ ယူရုပ်တို့မှ မြန်မာအစိုးရအရာရှိများ
  ပြည်ဝင်ခွင့်ကို ပိတ်းထားလိုက်သည်။ အမေရိကန် အစိုးရမှလည်း မြန်မာပြည် လက်နက် ရောင်းဝယ်ခွင့်ကိုပိတ်ထားလိုက်သည်။ပြည်တွင်းမှာလည်း နယ်စပ်လက်နက်ကိုင်အဖွဲ့များဖြစ်သော KIA. KNU . DKBA. KOI စသော  လက်နက်ကိုင်အဖွဲ့များကလည်း သောင်းကျန်းလာသည်။

တရုတ်အစိုးရရဲ့ မြှောက်ထိုးပင့်ကော်မှု ကြောင့် ဝ,တပ်ဖွဲ့များကလည်း အင်အားတောင့်လာသည်။

မြန်မာ့တပ်မတော် အစိုးရအတွက် တရုတ်မှ ရောင်းသော တပတ်ရစ် လက်နက်များက ၊  နယ်စပ်လက်နက်ကိုင် တပ်ဖွဲ့များနှင့်ပင် ယှဉ်ပြိုင် တိုက်၍ မရ ၊  မြန်မာ့တပ်မတော်အတွက် ခေတ်မီ လက်နက်တွေလိုလာသည်။

သို့အတွက်ကြောင့် မြန်မာ့တပ်မတော်သည် ခေတ်မီလက်နက်များ ရရှိရေး ရုရှာကို ကပ်ရတော့သည်၊ မြန်မာ့တပ်မတော်အစိုးရကို အမေရိကန်တို့၊ ယူရုပ်တို့က စီးပွားရေးပိတ်ဆို့ထားသည်မဟုတ်လား။

မြန်မာ့တပ်မတော်မှ အရာရှိကြီးများအား ရုရှားမှ လက်နက်ကုမ္ပဏီကြီးများနှင့်ဆက်သွယ်သော အခါ မြန်မာအစိုးရအနေဖြင့် တိုက်ရိုက်ဆက်သွယ်၍မရကြောင်း၊ အကယ်၍ လက်နက်များ ဝယ်ယူလိုက မစ္စတာတွန်နှင့် ဆက်သွယ်ဖို့လိုကြောင်း ၊ မစ္စတာတွန်ဆိုသူဟာ၊ တစ်ကမ္ဘာလုံးရဲ့ လက်နက် ကိုယ်စလှယ်ဖြစ်ကြောင်း အကြောင်းပြန်လိုက်သည်။

ထိုအခါ မြန်မာ့တပ်မတော်ကိုယ်စလှယ်များ မစ္စတွန်ကို ဆက်သွယ်ရတော့သည်။များမကြားမီအချိန်တွင် ကမ္ဘာ့လက်နက်ကိုယ်စလှယ်ကိုအဆက်အသွယ်ရသည်။ မစ္စတွာန်းက သူ့မှာ မြန်မာပြည်တွင် ယုံကြည်စိတ်ချရတဲ့ လူငယ်တစ်ယောက် ရှိကြောင်း  ၊ မြန်မာတပ်မတော်အတွက်  ခေတ်မီ လက်နက်များလိုချင်လျှင် သူနှင့်အတူတကွ ပူပေါင်းလုပ်လိုကြောင်း အကြောင်း ပြန်လိုက်သည်။ 

မြန်မာ့တပ်မတော် ကိုယ်စလှယ်များ မစ္စတာတွန်း ပြောသော ယုံကြည်စိတ်ချသော သူကို လိုက်ရှားသော အခါ  ယခုစာရေးသူ လေယာဉ်ပေါ်တွင် အတူဘေးချင်းထိုင်နေသာ လူငယ်သူဌေးတစ်ယောက် ပင်ဖြစ်တော့သည်။

No comments:

Followers

My Blog List