လူမျိုးစုများတိုးပွာလားခြင်းအတွက် အဖြူးများရဲ့ အနာဂတ်စိုးရိမ်လာ
ကနေဒါသို့ နှစ်ပေါင်း ၅၀ က ရောက်လာကျတဲ့ Ind-Canadian တွေ၊ Chinese- Canadian တွေဟာ မျိုးဆက်သစ် နှစ်ဆက် သုံးဆက် ၊ ယခုထက်တိုင်အောင် အချင်းချင်းပဲ အိမ်ထောင်ပြုကြသည်။ ဒါကြောင့် ကနေဒါနိုင်ငံ တရုတ်၊ ကုလားများမှာ သိသိသားသာ သွေးရောနှောမှု
မရှိသေးပေ။
Vancouver Richmond တွင် တရုတ်များနှင့် ကုလားများကို အများဆုံးတွေ့ မြင်နိုင်သည်။ ရှေးရှေးက နေထိုင်ခဲ့ကြသော တချို့အဖြူးများလည်း အေးအေးဆေးဆေ နေလို၍ ပြောင်းရွေ့
သွားကြသည်။
ထို့ကြောင့် ကနေဒါနိုင်ငံ ဗန်ကူးဘား မြို့တော်ကို ဟောင်ကောင်မှ တရုတ်များ တိုးပွားလာခြင်းကြောင့် “ ဟောင်ကူးဘားဟူ၍လည်းကောင်း၊ တရုတ်ကုလားစသော အာရှမှ လူမျိုးစုများ တိုးပွားလားခြင်းကြောင့် ၊ အာရှမြို့တော်ဟူ၍လည်းကောင်း” ခေါ်ဆိုတက်ကြသည်။ ဒီလို တဟုန်တိုး တိုးတက်လာခြင်းကို တချို့အဖြူများက သဘောမကျပေ။
လေးငါးနှစ်အတွင်းတွင် .. အရှေ့အလယ်ပိုင်းမှ မွတ်စလင်မိသားစုများ လာရောက်အခြေချသူများ ၊တိုးပွားလားခြင်းအတွက် ၊ ကနေဒါ လူဝင်မှုကြီးကြပ်ရေး ခေတ္တပိတ်ထားရသည်။
သတင်းများအရ.. ကနေဒါတွင် မွေးဖွားသော မူစလင်ဘာသာဝင် လူငယ်များသည်ပင် ကနေဒါမူရဲ့ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ရေးကို ကျော်လွန်ကာ ဘာသာရေးအစွန်းရောက်များ
ပေါ်ထွက်လာသည်။
လေ့လာတွေ့ရှိချက်အရ. ကနေဒါတွင်.အဖြူနှင့်အမဲ၊ အခြားမြန်မာ၊ ထိုင်းစသော လူမျိုးစုများ အဖြူများနှင့် သွေးရောနှောမှုရှိလာတာကို လေ့လာတွေရှိရသည်။
ကနေဒါမှာ ယဉ်ကျေးမှုပေါင်းစုံ ၊လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်နိုင်သော ဥပဒေများ ပြဌာန်းထားသော် လူမျိုးစုများမှာ သီခြားနေထိုင်ကြ၍ လူမျိုးစုအဖြစ်သီးသန့်ရှိနေခြင်း၊ လူမျိုးစု အဖွဲ့အစည်းများ သီခြားခွဲခြားထားခြင်း၊ ခွဲခြားဆက်ဆံခြင်း များ ရှိနေဆဲဖြစ်သည်။
ပြည်နယ် အစိုးရ၊ အုပ်ချုပ်ရေးမှုးများမှ မိမိလူမျိုးစု ရိုးရာယဉ်ကျေးမှုကို နှစ်စဉ်ထုတ်ဖော် ပြသခွင့်ပြုခြင်းသည်ပင်လျှင် ပြည်ပမှ အခြေချသူများသည် မိမိကိုယ် ကနေဒီယန်၊ ကနေဒါလူမျိုးဟု ဂုဏ်ယူဝံ့ကြွားသော်လည်း ၊ သီးခြား လူမျိုးစု အဖြစ်သာ ရှိနေခြင်းကို ပေါ်လွင်ထင်ရှားစေသည်။
ကနေဒါနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ က ပထမဆုံးအခြေချနေထိုင်သူဟု ခေါ်ဆိုရသော အင်ဒီယန်းလူမျိုးမျာ အခြေချနေထိုင်ကြပြီး ၊ နှစ်ပေါင်း ၁၀၀ ကျမှ အဖြူများ လာရောက် နေထိုင်ခြင်းဖြစ်သည်။
ယခုလက်ရှိတွင် .. ပထမအခြေချ နေထိုင်ကျသော အင်ဒီယန်းလူမျိုးများက လူမျိုးတစ်စု အဖြစ်သာရှိနေပြီး ၊ မကြာခင် အမျိုးပျောက်ဖို့ကိန်းရှိနေသည်။ အဘယ်ကြောင့် ဆိုသော် အထင်ကရဖြစ်သော သတင်းမီဒီယာများ၊ အစိုးရရုံးဌာနများ၊ ဝန်ကြီးရုံးများ၊ ပညာရေးဌာများ နှင့် အရေးကြီးသော ဌာနများတွင် အဖြူများက အာဏာ၊ ပါဝါကို ယူထားဆဲဖြစ်သည်။
ကနေဒါတွင် ပြည်ပမှ အခြေချလာသူများ တစ်နေ့ထက် တစ်နေ့ တိုးပွားလာသဖြင့် အဖြူများလည်း နေရာပျောက်၊ ဘုံပျောက်မှာကို စိုးရိမ်လာကြသည်။
အမှန်အားဖြင့် ကနေဒါနိုင်ငံ ယခုလို တဟုန်တိုး တိုးတက်ပြောင်းလဲလာခြင်းသည် ။ ပြည်ပမှ လာရောက် အခြေချသူများကြောင်းဆိုတာကို မည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။ အစိုးရအခွန်များ၊ အိမ်၊ကား စသည့်ပိုင်ဆိုင်မှုများအတွက် ပြည်ပမှ အခြေချသူများက နိုင်ငံသားများနည်းတူ ပေးဆပ်ရသည်။
သို့သော် လယ်ယာလုပ်ကိုင်ကြသော ၊ ကနေဒီယန်များ ၊ white colour ခေါ် အရာရှိအမှုထမ်းများအတွက် အထူး အကျိုးခံစားခွင်းများ ရှိသည်။
သမိုင်းကို လေ့လာကြည့်လျှင် ဘော်စတွန်၊ နယူးရောက်၊ ဝါရှင်တန်၊ တိုရန်တို၊ မွန်ထရယ်၊ တိုရန်တို စသည့်နယ်များတွင် အနောက်ယူရုပ်မှ လူမျိုးနွယ်စုများ လာရောက်အခြေချ
နေထိုင်ခဲ့ခြင်းဖြစ်သည်။
ယနေ့ လူမျိုးစုများ တိုးပွားလားခြင်းကို အချို့အဖြူများ ပူပန်းကြသော်လည်း။ ဗဟိုရ်အစိုးရနှင့် လူဝင်မှုကြီးကျပ်ရေးဌာနတွင် လူမျိုးစုနှင့် ပတ်သတ်၍ အာဏာအပြည့်အဝ လုပ်ပိုင်ခွင့်ရှိသည်။ အာဏာရ အဖြူများ လိုသလို မဲခွဲ ဆုံးဖြတ်နိုင်သည်။
ထို့ကြောင့် ကမ္ဘာတွင် အဖြူများ၏ ဦးနှောက်သည် လူသားအားလုံးကို ဆက်လက် ကြီးစိုးနေဦးမည်ဖြစ်သည်။

No comments:
Post a Comment