ပြည်ပတိုင်းပြည်မှာ ကျောင်းထိုင်းဘုန်းကြီးဖြစ်ရတာ၊
မြန်မာပြည်က ရွာတစ်ရွာမှာ ကျောင်းထိုင်ဘုန်းကြီး ဖြစ်ရတာနဲ့အတူတူပါပဲ။
ကျန်းမာရေးမကောင်းရင်လည်း
ကျန်းမာစေဖို့ ဆုတောင်ပေးရသလို အန္တရာယ် ကင်းစေဖို့
တတ်သလို မှတ်သလို ရွတ်ဖတ် သရဇ္ဈယ် ပေးရပြန်ပါတယ်။ လူတွေရဲ့ဆန္ဒ ကျန်းမာရေး၊လူမှုရေး ၊စီးပွားရေး စုံလုံပါပဲ။ တစ်ခါတစ်ရံ
.. ရိုးရာ ယုံကြည်မှုဆိုင်ရာတွေကိုပဲ ဖြစ်စေ၊ ရိုးရာဓလေ့ကိုပဲဖြစ်စေ ခဲရာခဲဆစ် လာရောက်မေးမြန်တတ်ပါတယ်။
အဲဒါကြောင့် ရိုးရာဓလေ့များကို
လေ့လာရင်း “ မြန်မာဗုဒ္ဓဘာသာဆိုင်ရာ မွေးစားခြင်း ဓလေ့ထုံးစမ်ကို တင်ပြလိုက်ရပါတယ်။
ဓလေ့ထုံစံနှင့်ပတ်သတ်၍
အရာရာကို ဓလေံထုံးစံလို့ သတ်မှတ်လို့မရပါဘူး
ဓလေ့ထုံးစံဆိုတာ
၁။ ကာလကြာရှည်စွာ အခိုင်အမာနဲ့ တည်ရှိလာတဲ့ ဓလေ့ထုံးတမ်း ဖြစ်ရမယ်။
၂။ တရားမျှတမှု ရှိရမယ်။
၃။ လူအများ လက်ခံကျင့်သုံးမှု ရှိရမယ်။
၁။ ကာလကြာရှည်စွာ အခိုင်အမာနဲ့ တည်ရှိလာတဲ့ ဓလေ့ထုံးတမ်း ဖြစ်ရမယ်။
၂။ တရားမျှတမှု ရှိရမယ်။
၃။ လူအများ လက်ခံကျင့်သုံးမှု ရှိရမယ်။
ဓလေ့ထုံးတမ်း ဥပဒေနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်သူများအတွက် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ၊ အစ္စလာမ်ဘာသာဝင်များအတွက် အစ္စလာမ် ဓလေ့ထုံးတမ်းဥပဒေ၊ ခရစ်ယာန်ဘာသာဝင်များအတွက် ခရစ်ယာန် ဓလေထုံစံ ဥပဒေ၊ ဟိန္ဒူလူမျိုးများအတွက် ဟိန္ဒူဓလေ့ထုံးစံ သက်ဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများနဲ့အညီ ဆုံးဖြတ်ကြပါတယ်။ ကတ္တိမသား မွေးစားခြင်း၊ လက်ထက်မင်္ဂလာတို့ကို ဆိုင်ရာ ဘာသာရေး ဓလေံထုံးစံအတိုင်း ကျင့်သုံးကြပါတယ်။
ဒီနေရာမှာ ဗုဒ္ဓဘာသာ ရိုးရာဓလေံထုံးစံကို ပြောပါရစေ...
၁) ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက မိရင်းဘရင်းက ချို့တဲ့မယ်၊ ပစ္စည်းဥစ္စာ
မပြည့်စုံရင် ပစ္စည်ဥစ္စာ ပြည့်စုံတဲ့ ဦးလေး၊ ဒေါ်လေးတို့ကဖြစ်စေ၊ဆွေးမျိုး မတော်စပ်သော်လည်း
ပစ္စည်းဥစ္စာ ပြည့်စုံသူက ဖြစ်စေ ကတ္တိမသားအဖြစ် မွေးစား၍ ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် အသက် ၈/၉ နှစ်သား အရွယ်လောက်မှာ ရှင်ဒကာ ၊ မွေးမိဘ အဖြစ်ခံယူက မြတ်စွာဘုရား သာသနာဘောင်ကို
သွတ်သွင်း ချီးမြှင်းတတ်ကြပါတယ်။
သာသနာဘောင်မှာ ဆက်လက် ပျောက်ပိုက်က မွေးစားသား အဖြစ်ဆက်လက်ထောက်ပံလှူဒါန်၍ ။အကယ်၍ မပျော်ပိုက်က
လူဝတ်လဲကာ လောကီတန်းပညာဆက်လက်ဆည်းပူးက ဆက်လက် ငွေကြေး ထောက်ပံတဲ့ မွေးစား မိဘများလည်းရှိတတ်ကြပါတယ်။
၂) ထို့အတူ ကိုရင်များ
အသက်နှစ်ဆယ်ပြည့်က မွေးစားမိဘခေါ် ပစ္စည်းလေးပါး ထောက်ပံ့သော ရဟန်းဒကာများဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်ကို တက်ရောက်ရပါပါတယ်။ မိဘရင်း
(သို့) ပစ္စည်းလေးပါး ထောက်ပံ့သူ ရဟန်းဒကာများမရှိက ရဟန်းဖြစ်ခွင့်မရှိပါးဘူး။ ဒါကတော့ သာသနာနဲ့ ဆိုင်တဲ့
ကိတ္တိမ မွေးစား ခြင်း ဓလေ့ထုံးစံဖြစ်ပါတယ်။
ထို့ အတူပါပဲ လောကီနယ်ပယ်မှာလည်း မိရင်းဘရင်းက ပစ္စည်းဥစ္စာ ချို့တဲ့လို့
သားသမီးရင်းကို
ကျောင်းဆက်မထားနိုင်ရင် ၊ဆွေးမျိုးထဲမှဖြစ်စေ၊ အခြား ပစ္စည်းဥစ္စာ ပြည့်စုံသူကဖြစ်စေ
ကျောင်းထားပေးကာ ပညာရေးထောက်ပံ့ခြင်း အားဖြင့် မွေးစားမိဘအဖြစ်ကို ခံယူတတ်ကြပါတယ်။
ကျောင်းဆက်မထားနိုင်ရင် ၊ဆွေးမျိုးထဲမှဖြစ်စေ၊ အခြား ပစ္စည်းဥစ္စာ ပြည့်စုံသူကဖြစ်စေ
ကျောင်းထားပေးကာ ပညာရေးထောက်ပံ့ခြင်း အားဖြင့် မွေးစားမိဘအဖြစ်ကို ခံယူတတ်ကြပါတယ်။
မြန်မာ့ယဉ်ကျေးမှုအရ .. မိဘရင်းနှင့်သော်လည်းကောင်း၊မွေးစားမိဘများနှင့်သော်လည်း
ကလေးမှ ကူးလူး ဆက်ဆံမှုရှိပါတယ်။ ဥပမာ။ ။ ကျောင်းတတ်ချိန်မှာ
မွေးစားမိဘအိမ်နေသော်လည်း ၊ ကျောင်းပိတ်ချိန်တွင် မိဘရင်းဖရင်း အိမ်ကို အလည်အပတ်သွားနေတတ်ကြပါတယ်။
စာရေးသူအတွေ့အကြုံအရ… စာရေးသူရဲ့ ဒေါ်ကြီးမှာ ကလေးတစ်ယာက်မှ မထွန်းကားသဖြင့်
၊ ဦးလေ၏းသာ တစ်ယောက်ကို ခေါ်ယူမွေးစားကာ ၊ ကျောင်းထားပေးခြင်း၊ အဝတ်အစားဆင်ပေးခြင်း
စသည်ဖြင့် ကူညီစောင့်ရှောက်ကာ တူတော်မောင်ကို
မွေးစားလိုက်ကြပါတယ်။
ဒါကြောင့် မြန်မာမှုနယ်ပယ်မှာ “ မွေးမိဘ၊ ကျွေးမိဘ” ရယ်လို့ ဆိုရိုးစကားရှိလာပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြောင်းရပြောရရင်တော့ ရှေးတုန်းက ကိတ္တိမသားအဖြစ် မွေးစားရင် စာချုပ်စာတမ်းတွေ မလိုအပ်ခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်း အမွေပုံ စီမံခန့်ခွဲတဲ့အခါ အမွေရလိုမှုတွေ တရားစွဲဆိုတဲ့အခါမှာ အငြင်းပွားမှုတွေ ဖြစ်လာတဲ့အတွက် ၁၉၃၉ ခုနှစ် ကိတ္တိမသားသမီး မွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေကို ပြဌာန်းခဲ့တယ်။ ၁၉၄၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှာ စတင် အတည်ဖြစ်လာတယ်။ ဒါကြောင့် ၁၉၄၁ ခုနှစ်နောက်ပိုင်းမှာ ကိတ္တိမသားသမီး မွေးစားမယ်ဆိုရင် မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ မွေးစားမှသာ တရားဝင်မွေးစားတဲ့ အဆင့်အတန်းကို ရမှာ ဖြစ်ပါတယ်။ ကိတ္တိမသားသမီးအဖြစ် တရားဝင်ခဲ့ပြီဆိုရင် သားသမီးအရင်းများနဲ့အတူ အမွေပုံကို အညီအမျှ ခံစားရမှာ ဖြစ်တယ်။
မည်သို့ဖြစ်စေ .. လက်ရှိမြန်မာနိုင်ငံမှာ မွေးစားမှု ဓလေ့ကတော့ ဗုဒ္ဓဘာသာ ဓလေ့ထုံးလမ်းစဉ်လာအရ.. ပညာရေးထောက်ပံခြင်းအားဖြင့်ဖြစ်စေ၊ ကူညီစောင့်ရှောက်ခြင်းအာဖြင့်စေ နားလည်မှုများနှင့် စာချုပ်စာတန်း မရှိပဲ မွေးစားပုံဓလေ့ထုံးစံမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
No comments:
Post a Comment