မိအေး။ ။ မိဂျမ်း တစ်နေ့က လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ငြိမ်းအေးစေဖို့ မန္တလေးမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ လုပ်တယ်ဆို။
မိဂျမ်း။ ။ ဟုတ်တယ်လေ။ ငါလည်း ဒီအကြောင်း သတင်းတွေမှာကြာလိုက်တယ်။ အစ္စဘာသာဝင်တစ်ယောက် ပြောသွားတာ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်နော်။ ရဟန်းတော်တွေရဲ့ မေတ္တာဓာတ်ကို ကျေကျေနပ်ကျေခံစားရလို့ ၊ အရင်ကလို ထိတ်ထိတ်လန့်လန့် မဖြစ်တော့ဘူးတဲ့။ မြန်မာနိုင်ငံမှာရှိတဲ့ သံဃာတော်တွေရဲ့ မေတ္တာဓာတ်ကြောင့် မြန်မာနိုင်ငံမှာ ဘာသာအားလုံး အေးအေးချမ်းချမ်း အတူနေ ထိုင်သွားရတော့မှာပါလို့ ပြောသံကြားရတယ်ဟ။
အေး။ ။ ဒါကောင်းတဲ့ သတင်းပဲ။ ဒီလိုဆုတောင်းပွဲတွေ ၊ ဘာသာပေါင်းစုံနှီးနှောဖလဲပွဲတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဗလီတွေမှာတွေ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ တစ်လှည့် လုပ်သင့်တယ်ထင်တာပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာပြည်ဖွား မွတ်စလင်တွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု၊ နားလည်မှုတွေရပြီး တိုင်းပြည်ကြီးအေးချမ်း သာယာအောင် လုပ်နိုင်မယ် လို့ယုံကြည်တယ်ကွာ။
ဂျမ်း။ ။ ဟုတ်တော့ ဟုတ်တယ် မြန်မာဘုရားကျောင်းတွေက လူမျိုးမရွေး ၊ဘာသာမရွေး ဝင်နိုင်ထွက်နိုင်ပေမယ့် ဗလီတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေက လူတိုင်း ဝင်ဖို့ခက်တယ်ဟ။ မူစလင်မှာဆို တို့ဗုဒ္ဓဘာသာအဖွဲအစည်းလို ဘုန်းကြီးကျောင်း၊ ဘုန်းကြီးစသည်မရှိပဲ ဗလီပဲရှိတာ။ ငါတောင် အသက်လေး ဆယ်ကျော်တော့မယ် ဗလီကို မရောက်ဖူးဘူး။
အေး။ ။ဟုတ်ပ.. ဒါလည်း မြန်မာနိုင်ငံက မွတ်စလင်တွေ မြန်မာဘုန်းကြီးတွေနဲ့ ရင်းရင်းနှီးနှီးရှိအောင် ဗလီတွေမှာ ဘုန်းကြီးတွေကို ပင့်ပြီး ဘာသာရေး ဆွေးနွေးပွဲ လုပ်ရင်ကောင်းတာပေါ့ကွယ်။ သြော်ဒါနဲ့ တို့မူစလင် အကြောင်း ပြောနေတာ ၊မူစလင်ဆိုတာဘာ ၊အစ္စလာမ်ဆိုတာဘာ၊ အလ္လာအရှင်မြတ် ဆိုတာဘာ ဆိုတာ ကောင်း ကောင်းမသိသေးဘူးဟ။ မင်းသိရင်းလည်း ငါ့ကိုရှင်းပြပါဦး။
ဂျမ်း။ ။ အေး ငါလည်း အရင်က ကောင်းကောင်းမသိဘူး ၊ ဒီလိုဘာသာရေး ပြဿနာတွေဖြစ်မှ သိခြင်လို့ " ညိုသောင်းရေးထားတဲ့ ဘာသာကြီးလေးခုကို ဖတ်ထားတယ်ဟ။
အေး ။ ။ ဒါဆို အစ္စလာမ်အကြောင်းကို အရင်ပြောပြပါလား
ဂျမ်း။ ။အစ္စလာမ်ဆိုတာ အာရဗီစကား နာခံခြင်းလို့အဓိပ္ပါယ်ရတယ်။ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံတဲ့သူကို။ မွတ်စခလင်လို့ခေါ်တယ်ဟ။ ဗုဒ္ဓကိုယုံကြည် ကိုကွယ်သူကို ဗုဒ္ဓဘာသာခေါ်သလို့ပေါ့ ထာဝရဘုရား သခင် အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်တွေကို နာခံသူကို မူစလင်လို့ခေါ်တယ်။ ထူးဆန်းတာက သတ်ရှိသတ္တဝါတွေသာမက သတ်မဲ့ သစ်ပင်၊ တောတောင်တွေတောင် အလ္လာအရှင်မြတ်က ဖန်းဆင်းထားပြီး ၊အလ္လာရဲ့ အမိန့်ကို နာခံရလို့ မူစလင်လို့ခေါ်နိုင်တယ်တဲ့။
အေး။ ။ သူတို့က တယ်ထူးဆန်းပါလား ။ သတ်မဲ့တွေလည်း မူစလင်ဘာသာ ဝင်တွေတဲ့လား။ နောက် စိတ်ဝင်စားဖို့ ကောင်းတာက တို့ဗုဒ္ဓဘာသာလို့၊ တရားတော်၊ ဆုံးမစကား ၊သြဝါဒလို့ မသုံးပဲ ၊ အမိန်တော်လို့ သုံးတယ်နော်။
ဂျမ်း။ ။ ဟုတ်တယ်.. ဟုတ်တယ်။ ဘာကြောင့်လည်းဆိုရင် အလ္လာရဲ့ အမိန့်တော်ကို အစ္စလာမ်တွေ မသွေမတိမ်း လိုက်နာရတယ်ဟ ၊ မလိုက်နာရင်တော့ အလ္လာအမိန့်ကြောင့် ငရဲကျရောက်တတ်တယ်ပေါ့။
အေး။ ။ တယ်ပြင်းထန်းပါလား သူတို့ရဲ့ အမိန့်အာဏာတွေ ဘာတွေလည်း ပြောပြပါဦး ပြောပြပါဦး
ဂျမ်း။ ။ အမိန့်အာဏာက ငါးမျိုးရှိတယ်။
၁) အလ္လာအရှင်မြတ်မှ တပါး တခြားဘုရားကို မကိုးကွယ်ရဘူး၊ မဆည်းကပ်ရဘူး။
၂) တစ်နေ့ ငါးကြိမ် အလ္လာအရှင်မြတ်ကို ရှိခိုးကန်တော့ရမယ်။
၃) ဆင်းရဲသားကြေး ပေးဆပ်ရမယ်။
၎) ဥပုသ်သီလဆောက်တည်ရမယ်။
၅) ငွေကြေးတက်နိုင်ရင် တစ်နှစ်ကို တစ်ခေါက် မက္ကာသွားပြီး ဟာဂ်ျလုပ်ရမယ်တဲ့။
အေး။ ။ တယ်ဟုတ်ပါ့လား သူတို့မှာလည်း တို့လို့ ဒါနတွေ၊ သီလတွေနဲ့ပါလား။
ဂျမ်း။ ။ဟုတ်တယ်..ဟုတ်တယ်..။ အစ္စလာမ်ဘာသာဝင်တွေမှာ သူတို့ရှာထားတဲ့ ငွေကို ရာနှုန်းနဲ့ ဗလီတွေကို လှူဒါန်းရတယ်ဟ၊ ဆင်းရဲသားတွေကိုလည်း ကူညီစောင့်ရှောက်ရတယ်ဟ။
အေး။ ။ အဲဒါကြောင့်ဖြစ်မယ်။ တို့မြန်မာနိုင်ငံ နေရာတိုင်းမှာ ဗလီကြီးတွေ ဟီးနေတာပဲနော်။
ဂျမ်း။ ။ မြန်မာနိုင်ငံရင်မကဘူးဟေ ကမ္ဘာမှာ ဘယ်နိုင်ငံကြည့်ကြည့ှ်ဗလီကြီးတွေဟီးနေတာပဲဟ။ တစ်လောက အမေရိကန်နိုင်ငံ၊နယူးယောက်မြို့၊ 9/11 က ဘင်လာဒင်တို့ ဖြိုခွင်းလိုက်တဲ့ ဝေါထရိုက်စင်တာနားမှာ ကမ္ဘာ့ ဗလီကြီးဆောက်မယ်ဆိုလို့ အမေရိကန်က လူတွေ ကန့်ကွက် ဆန္ဒပြတာ သတင်းတွေမှာ တွေ့လိုက်ရတယ်ဟ။
အေး။ ။ ဒါနဲ့ ဥပုသ်စောင့်ရတယ်ဆို ပြောပါဦး ဗုဒ္ဓဘာသာတွေလို ရှစ်ပါးသီလ၊ ကိုးပါသီလ တို့နဲ့ အတူတူပဲလား။
ဂျမ်း။ ။ အဲဒီလို မဟုတ်ဘူးကွဲ ။ ဥပုသ်နေ့လို့ ခေါ်တဲ့ ရမဒမ်နေ့မှာ နေထွက်ကနေ နေဝင်ထိ ထမင်းမစားရဘူး၊ ရေမသောက်ရဘူး၊ ကာမဂုဏ်မခံစားရဘူး ၊ ဒါပေမယ့် နေဝင်သွားရင်တော့ စားရတယ်လို့ပြောတယ်။
အေး။ ။ တမျိုးကြီးပဲနော် ..တစ်နေကုန် ရေးမသောက်ရဘူးဆိုတော့ တော်တော်ကျင့်ယူ့ရမှာပဲ။
ဂျမ်း။ ။ ဟုတ်တယ်..ဟုတ်တယ်။ အစ္စလာမ်ဘာသာက အရှေ့အလယ်ပိုင်း သဲကန္တရတွေမှာ ပေါ်ပေါက်လာတာ ဆိုတော့ ရေခြားတဲ့ အပူပိုင်းဒေသဖြစ်တယ်။ ဒါကြောင့် ဘာသာဝင်တွေ သဘာဝအန္တရယ်တွေ ကြံကြံခံနိုင်အောင်လို့ ကျင့်ခိုင်းတာလို့ တို့ဆရာတွေ ပြေားဘူးတယ်။ တမန်တော်မိုဟာမက်တို့ ပေါ်လာာတကည်းက ၊ အဲဒီတိုင်းဒေသမှာ ပြဿနာတွေ မျိုးစုံနဲ့ အစ္စလာမ်ဘာသာဝင်တွေ ပြေးလွှားနေရတယ်ဟ။ နောက်ထူးခြားတာ တစ်ခုက သူတို့မှာ တို့ဗုဒ္ဓဘာသာတွေလို့ လောကီအာရုံ ကာမဂုဏ်တွေရဲ့ အပြစ်ကို မပြောဘူးဟ၊ အားလုံး စိတ်တိုင်းကျ ခံစားလို့ရတယ်။
အေး။ ။ဟုတ်လား ။ ဒါဆို သူတို့ ကျင့်ကြံရမှာတွေက ဘာတွေလဲ။
ဂျမ်း။ ။ သူတွေကျင့်ကြံရမှာက ယုံကြည်ချက် (၇) မျိုးရှိတယ်ကွဲ။
၁) အလ္လာအရှင်မြတ်ကို ယုံကြည်ရမယ်။
၂) ကောင်းကင်တမန်ကို ယုံကြည်ရမယ်။
၃) တမန်တော်ကို ယုံကြည်ရမယ်။
၎) အလ္လာကျမ်းစာတွေကို ယုံကြည်ရမယ်။
၅) တမန်တော် ဘဝကို ယုံကြည်ရမယ်။
၆) ကောင်းမှု့ /မကောင်းမှုတွေက အလ္လာအရှင်မြတ်ထံမှ ကျလာတယ်လို့ ယုံကြည်ရမယ်။
၇) သေပြီးနောက် တဖန်ရှင်သန်ထမြောက်ကာ အလ္လာအရှင်မြတ်ထံမှာ စစ်ဆေးအမေးမြန်ခံရမယ်။ မယုံကြည်သူကို ကာဖိရ် ( အမိန့်တော်ကို ငြင်းပယ်သူလို့) သတ်မှတ်မယ်တဲ့။
အေး။ ။ တို့ဒီနေ့တော့ ဒီလောက်နဲ့ပဲတော့ကျစို့နော်။

No comments:
Post a Comment