- သူနဲ့ မတွေ့ခင်က..
- သူငယ်ချင်းတွေနဲ့ ... အားလပ်းတဲ့အချိန်းတိုင်းမှာ တယ်လီဖုန်းဖြင့်တစ်မျိုး၊ အွန်လှိုင်းဖြင့် တစ်ဖုံ မျိုးစုံအောင် အပြင်းပြေ စကားတွေ မကြာမကြာ ပြောဖြစ်တယ်။ စကားပြောတဲ့ အခိုက်မှာတော့ ၊ ပျော်စရာ ၊ ကြည်နှုးစရာပဲ၊ စကားပြောပြီး လမ်းခွဲကြတယ်အခါ ကိုယ်တစ်ယောက်တည်း လွမ်းစရာကြီးပဲ။
- သူနဲ့ မတွေ့ခင်က...
- သူငယ်ချင်းတွေနဲ့ အားလပ်ရက်မှာ ကော်ဖီဆိုင်တွေ ထိုင်ဖြစ်တယ်။ ရှေးဟောင်း နှောင်းဖြစ်တွေကို
- ပြောဆိုကာ.. ဝမ်းသားကြည်နှုးရတယ်။ မိတ်ဟောင်း၊ဆွေဟောင်းတွေ ပြန်သွားတော့လည်း ကိုယ်တစ်ယောက်တည်း ပျင်းစရာကြီးပဲ။
- သူနဲ့မတွေ့ခင်က...
- ရက်ရှည် ရုံးပိတ်ရက် (Long Weekend) တွေမှာ သူငယ်ချင်းတွေနဲ့ ခရီးရှည် ထွက်ပြီး အပျော်အပါး ငါးတွေ မျှားဖြစ်တယ်။ ပြန်လာတော့လည်း ... ကိုယ်တစ်ယောက်တည်း ပျင်းစရာကြီးပဲ။
- သူနဲ့ မတွေ့ခင်က..
- ပျော်စရာထင်လို့ သူငယ်ချင်းတွေနဲ့ ဘီယာတွေသောက်၊ ဖဲတွေ ညလုံးပေါက်ရိုက် မိုက်မိုက်ကန်းကန်း အပျော်တမ်းတွေ လုပ်ခဲ့ဖူးတယ်။ ပြီးသွားတော့လည်း ဘာမှ မဟုတ် ငုတ်တုတ်တုတ် ကြောင်တောင်တောင် အမှောင်ထဲပဲ ဆက်လျှောက်နေမိတယ်။
- တစ်နေ့တော့..
- ကိုယ်တစ်ယောက်တည်း အွန်းလှိုင်မှ တရားတွေကိုနာ .. တရားထိုင်နည်းတွေကိုရှာရင်းနဲ့.. တစ်ယောက်တည်း ဘယ်ပါတီ ဘယ်အပျော်မှ မသွားပဲ .. အဖော်သစ်ဖြစ်တဲ့ " ထွက်သက်..ဝင်သက်ကလေးကို" အေးအေးလေး ဖြေးဖြေးလေး ထိုင်ပြီး စောင့်ကြည့်နေမိတယ်။
ကိုယ်က အဖော်ပြုပေမယ့် ၊ကိုယ်အနားကို ခဏလောက်လာပြီး သူ ပျောက်ပျောက် သွားတယ်။
ဒီလိုနဲ့ပဲ ကြိုးစားလို့ ဇွဲနဲ့ သူ့ကိုပဲ နေ့တိုင်းလိုလို အားတဲ့အချိန်တိုင်းမှာ အဖော်လုပ်ဖြစ်တယ်။
နောက်တော့မှ သူက ကိုယ့်အနားမှာ အမြဲရှိနေတယ်။
ကိုယ်ကပဲ ထွက်ခွါသွားတတ်တာကို သတိထားမိတယ်။
သူနဲ့ကိုယ် အတူ ရှိနေချိန်မှာတော့ စိတ်ထဲမှာ ခံစားမှုလေး တစ်မျိုးရလာတယ်။
ဒါကတော့ အမည် မဖော်ပြတတ်တဲ့.. ရှေးတုန်းက အပျော်အပါးတွေနဲ့ မတူတဲ့ ပျော်ရွှင်မှုလေးပဲ။
နောက်ပိုင်းမှာတော့ ..
အားတဲ့အချိန်တိုင်းမှာ သူ့ကိုပဲ အဖော်လုပ်ဖြစ်လာတယ်။ သူက ကိုယ်ခေါ်တိုင်း ဘယ်တော့မှ မငြင်းဘူး။ မမြဲတမ်း ကိုယ့်အနာမှာပဲ။
ခုတော့ ..
သူကို လေးစားလို့ သူ့အတွက် အချိန်လေး.. နေရာလေးတစ်ခုပေးထာတယ်။ဗုဒ္ဓဟူးနေ့ ညနေ ၈-နာရီ။
တိတ်ဆိတ်ငြိမ်သက်နေတဲ့..
တရားထိုင်းရာ ခန်းမလေးတစ်ခု...။
P.S တရားထိုင်လာသော ဓမ္မမိတ်ဆွေ ခံစားချက်ကို ရေးဖွဲ့ပါသည်။
No comments:
Post a Comment