ခုတစ်လော တစ်ချို့အင်တာနက် စာမျက်နှာတွေမှာ .. ယခုလောလောဆယ် ဖြစ်ပျက်ခဲ့တဲ့ မိတ္ထီလာကိစ္စကို မြန်မာဗုဒ္ဓဘာသာ လူငယ်အဖွဲ့ ၉၆၉ ကို တချို့ ရိုးမယ်ဖွဲ့နေတာ မြင်နေရ ၊ ကြားနေရပါတယ်။
စားရေးသူက ပြည်ပမှာနေတာဆိုတော့ ဒီအဖွဲ့နဲ့လုံးဝ မပတ်သက်သလို၊ ဒီအဖွဲ့ အကြောင်း ကိုလည်း ကောင်းကောင်း မသိပါဘူး။ သိတာလေးတွေ မျှဝေချင်တာကတော့၊ လူမှုရေးအဓိကရုဏ်ကို ဘာသာရေးထဲ ဆွဲမထည့်ဖို့ဆိုတာပါပဲ။
ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေး ဝေါဟာရထဲမှာ " ဘာသာရေး လွတ်လပ်ခွင့်ဆိုတာလည်း" အတိုင်းအတာ တစ်ခုပါဝင် တယ်ဆိုတာ နိုင်ငံရေးလေ့လာသူတိုင်း သိပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ စည်းကမ်းဥပဒေနဲ့ အညီ လွတ်လပ်စွာ ဟောပြောခွင့်၊ စည်းရုံးခွင့်တို့ပါဝင်ပါတယ်။
ယနေ့မြန်မာနိုင်ငံမှာ ၉၆၉ လူငယ်အဖွဲ့ဟာ လွတ်လပ်စွာ ဘာသာရေး စည်းရုံးတာကို လူမှုရေးအဓိကရုဏ် တရားခံလို့ စွတ်စွဲတာဟာ ဘာသာရေး ပြဿနာ ပိုဖြစ်အောင် ဖန်တီးတာလို့ပဲ ယူဆပါတယ်။
အနောက်နိုင်ငံမှာရောက်နေကြတဲ့ မြန်မာလူမျိုးတိုင်း မိမိနေထိုင်ရာ နိုင်ငံတိုင်းရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို နာလည်ကြမှာပါ။ စာရေးသူတို့လည် ပြည်ပမှာ သာသနာပြုဆိုတော့ မိမိနေထိုင်ရာ နိုင်ငံရဲ့ စည်းကမ်းဥပဒေနဲ့ အညီ သာသနာပြုရပါတယ်။
ဒီနေရာမှာ စာရေးသူရဲ့အတွေ့အကြူံပြောချင်လို့ပါ..။
ခေတ်မှီဖွင့်ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ .. ဘာသာပေါင်းစုံ စုပေါင်းပြီး ဘာသာရေး ခေါင်းဆောင်တွေ.. မိမိတို့ဘာသာရေး အယူအဆနဲ့ ငြိမ်းချမ်းရေး တရားတွေကို ဟောကြ ပြောကြ ၊ မှတ်သားကြပါတယ်။ ဘာသာမတူပေမယ့်။ လူမှုဘဝအတွက် ကောင်းတယ် လိုက်နာကျင့်သုံးသင့်တယ်ဆိုရင် အားလုံးမှတ်သား နာယူကြတာပါပဲ။ စာရေးသူကိုယ် ၂၀၀၈ -ခုနှစ်က ဘာသာ ပေါင်းစုံ ဟောပြောပွဲမှာ မွတ်စလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာစတဲ့ ဘာသာရေး
ခေါင်းဆောင်တွေနဲ့ အတူ ဟောပြောခဲ့ဖူးပါတယ်။ ဒီခေါင်းဆောင်တွေ ကိုယ်တိုင် ဗုဒ္ဓတရားတော်ကို သဘောကျလို့ မှတ်သား ကာ ပြန်လည်ဟောပြောတာတွေ ကို ကြားနေရပါတယ်။
ယနေ့ မြန်မာနိုင်ငံမှာ ၉၆၉ ဗုဒ္ဓဘာသာ လူငယ်အဖွဲ့ဟာ အနောက်နိုင်ငံတွေမှာ အိမ်တိုင်းကို တံခါးခေါက်ကာ သာသနာပြုနေတဲ့ " ဂျေဟိုးဝါး" အဖွဲ့လောက်မဆိုးသေး ပါဘူး။ ဂျေးဟိုးဝါးအဖွဲ့ဆိုရင် အိမ်ဦးမှာ ဘုရားခန်းရှိလို့ ဗုဒ္ဓဘာသာမှန်း သိတာတောင် .. သူတို့ဟောပြောချင်းတာကို .. အိမ်ထဲဝင်ပြီး ဟောပြောတတ်ပါတယ်။
မူစလင်တွေရဲ့ သာသနာပြုနည်းကိုတော့ လူတိုင်း သိပြီးဖြစ်လို့ အထူးမပြောလိုတော့ပါဘူး။
စာရေးသူအတွေ့အကြုံတစ်ခုထပ်ပြောရရင်.. စာရေးသူ မြန်မာနိုင်ငံ ဇိဝိတဒါန ဆေးရုံတက်တုန်းက နက်(စ်)မ တစ်ယောက်ဟာ စာရေးသူ ဘုန်းကြီးတစ်ပါးကိုတောင် ဘုရားသခင်ကောင်းချီးပေခြင်းကို ခံရအောင်ဆိုပြီး ဘိုင်ဘယ်(လ်) ကို ရွတ်ဆိုခိုင်းပါတယ်။ စာရေးသူလည်း လူမှုရေးအရ ဘိုင်ဘယ်(လ်) ကို ယူထားလိုက်ပါတယ်။ ဒါကိုလည်း စားရေးသူက နာလည်စွာနဲ့ သူ့ယုံကြည်ချက်နဲ့ သူ ကိုယ့်ရောဂါ ပျောက်အောင် ကူညီတာပဲလို့ သဘောထားလိုက် ပါတယ်။
စာရေးသူပြောချင်တာက ၉၆၉ လူငယ်အဖွဲ့ဟာ သူတို့ရဲ့ ဘာသာရေးအစိတ်ဓာတ်နဲ့ လွတ်လပ်စွာ သူနိုင်ငံမှာ စည်းရုံးတာကို ဘာကြောင့် လူမှုရေးအဓိကရုဏ်ထဲ ဆွဲထဲ့တာကို စဉ်းစားမရလို့ပါ။
လက်ရှိ မိတ္ထိလာပြဿနာမှာလည်း မြန်မာဗုဒ္ဓဘာလူမျိုးနဲ့ ရဟန်းတော်တွေဟာ ဘာသာခြားကို မရက်စက်ပါဘူး ။ ကိုယ်စားရတဲ့ ထမင်း၊ ဟင်းကို မျှဝေကြွေးနေတာကို သတင်းဓာတ်ပုံတွေအရ မြင်နေ ၊တွေ့နေရပါတယ်။
ခုလည်း အင်တာနက် သတင်းကို နားထောင်ရင်း အချို့ စိတ်ကောင်းရှိတဲ့ မူစလင်တွေကဆိုရင်.. မူစလင် တချို့ရဲ့ ရိုင်းပြပုံကို ပြောတာ ကြားနေရပါတယ်။ ဥပမာ.. ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးအတူ တွဲလုပ်ခဲ့တဲ့ ဦးရာဇတ်ဆိုရင် မြန်မာစိတ်ဓာတ်အပြည့်အဝရှိပြီး၊ တိုက်ပုံ၊ ပုဆိုးကို ဝတ်လေ့ရှိပါတယ်။ ဒီနေ့ မူစလင်တွေက ဒီလိုမဟုတ် သူတို့ပြုမှုပုံက မူစလင်နိုင်ငံဖြစ်တဲ့ ဆော်ဒီရောက်နေတဲပုံပါပဲ။
ဗဟုသုတနဲပါးတဲ့ မြန်မာပြည်မှာ မွေးဖွားတဲ့ မူစလင်တွေ သိပ်သနားစရကောင်းပါတယ်။ ဘာမဟုတ်တဲ့ ပြည်ပက အစွန်းရောက် မူစလင်တွေရဲ့ သွေးထိုးလှုပ်ဆော်မှုကြောင့် သူတို့လည်း
ယောင်ဝါးဝါးဖြစ်ရပါတယ်။ ဒါကြောင့် မြန် မာပြည်ဖွား မွတ်စလင်းများလည်း မြန်မာစိတ်ဓာတ် အပြည့်အဝရှိတဲ့ ဦးရာဇတ်ကို အတုယူစေချင်ပါတယ်။ အစွန်းရောက်တွေရဲ့ ဟောပြောချက်တွေကို နားမယောင်စေချင်ပါဘူး။ မြန်မာလူမျိုး ဘယ်လောက် သဘောကောင်းတယ်ဆိုတာ အတူနေထိုင်ကြတဲ့ မြန်မာပြည်ဘွား မွတ်စလင်များ အသိဆုံးပါ။
ဒီလို ခေတ်ပြောင်း ခေတ်လွှဲကာလမှာ မြန်မာပြည်သားအားလုံး ၊ အစွန်းရောက်တွေရဲ့ သားကောင်း မဖြစ်ဖို့ တိုက်တွန်း လိုက်ရပါတယ်။
သူတော်ကောင်းမြတ်၊တရားဓာတ်၊ လွှမ်းပတ်ကမ္ဘာတည်စေသော်...။
သူတော်ကောင်းမြတ်၊တရားဓာတ်၊ လွှမ်းပတ်ကမ္ဘာတည်စေသော်...။
No comments:
Post a Comment