Thursday, February 14, 2013

မပြီးဆုံးနိုင်သော လူ့လောက



ဘာပဲလုပ်လုပ် ရှင်းရှင်းလင်းလင်း၊ စဉ်းစဉ်းစားစား ပညာသားပါပါလုပ်၊  အစကတည်းက ရှင်းရှင်း လင်းလင်း လုပ်ထားရင် လုပ်ငန်းဆောင်တာပြီးမြောက်ဖို့ .. အပန်းကြီးစရာမလိုဘူး။ အလုပ်မှာ ပြဿနာတွေ ရင်ဆိုင်ရတယ်။ အလုပ်တွေ ပိနေတယ်ဆိုတာ လုပ်စကတည်းက မရှင်းလင်းလို့၊
ဘာပဲလုပ်လုပ် စိတ်ရော ၊ ကိုယ်ပါလုပ်။  ဒါမှ စိတ်ရောကိုယ်ပါ သက်သာရာ ရမယ်။

အလုပ်ကိစ္စ တစ်ခုခုကို မပြီးဆုံးသေးဘဲနဲ့ ၊ ဟိုဟာလဲ ငါ ပြီးအောင်လလုပ်ရမယ် ဒါလည်း ငါ ပြီးအောင် လုပ်ရမယ်လို့ ငါပြီးအောင်လုပ်မယ်လို့ စိတ်မကူးလိုက်ပါနဲ့ ..။ ဒီလိုစိတ်ကူး လိုက်တာနဲ့  သင့်မှာ မကျေနပ်စရာတွေ၊ ပူပင်စရာတွေက တစ်ပုံတစ်ပင်ကြီးရောက်လာမှာပါ။
လူ့ဘဝလူကိစ္စ အရာအားလုံး ပြီးမြောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။

ဘုန်းဘုန်းဆီ အမြဲလာတွေ့နေတဲ့ ကုန်သည် တစ်ယောက်အကြောင်းနဲ့ ပြောရရင်...သူက
" တပည့်တော် အလုပ်မှာ ကြွေးတွေကျေပြီး ၊ စနစ်တကျဖြစ်သွားရင် တပည့်တော် ဘုန်းကြီး လာဝတ်မယ်တဲ့။ ဘယ်တော့မှ အလုပ်ကတော့ ပြီးမှာ မဟုတ်ပါဘူး၊ ကြွေးတွေကို နောက်ထပ် ကြွေးယူဆပ် တာကို။ ကုန်သည်ပြောတာက ကြွေးတွေ ကျေရင် သူပျော်ပြီတဲ့ ဒါပေမဲ့ ပေးရမယ့် ကြွေးတွေက ရှိနေသေးတယ်။

ဒီလိုနဲပဲ လူတွေဟာ  ရုပ်လောကကြီးမှာ မိုက်မဲစွာနဲပဲ ကျင်လည်နေရပြီး လှုမှုပြဿနာတွေကို ဘယ်တော့မှာ သဘော ပေါက်နာလည်းနိုင်မှာ မဟုတ်ပါဘူး။

AJAHN CHAH,

No comments:

Followers

My Blog List