‘ကျား’ တစ်ကောင်လား?၊ ‘ဖား’ တစ်ကောင်လား?
ဒီနေ့ မြန်မာကို
အာရှမှာ ကျားတစ်ကောင် ဖြစ်လာမယ်လို့
တချို့ စီးပွားရေးသမားများက
ပြောကြ ဟောကြ။
ဆိုရိုးစကားတော့ အရှိသား
“တရုတ်ကဖိ၊ ရှမ်းက အိ၊
ရှိသည့် မြန်မာ အနောက်မှာ” တဲ့။
တရုတ်က မြန်မာပြည် အထက်ပိုင်း
စီးပွားရေး ၊ လူမှုရေး သိမ်းပိုက်။
ကချင်ကိစ္စမှာတောင်
တရုတ် ထိုးနက်ချက် မကင်းဘူးတဲ့။
တရုတ်တို့ရဲ့ မြန်မာပြည်
ရင်းနှီးမြုပ်နှံမှုက ၇၀ % ရှိသတဲ့။
ဒီလိုသာဆိုရင်..၊
မြန်မာပြည် တစ်ပြည်လုံးသာ
သိမ်းကြုံးယူမယ် ထင်ပါရဲ့ဗျာ၊
တရုတ်က ဖိလိုက်ပုံများ။
ဟော ကြည့်!
ရှမ်းလို့ ခေါ်တဲ့ ယိုးဒယာကလည်း
မြန်မာပြည်က ဓာတ်ငွေ့ ထွက်သမျှ
သူတို့ဟာတွေ
အကုန်ဝယ်ထားပြီးပြီတဲ့။
သူတို့ကတောင် မြန်မာပြည်ကို
ဓာတ်ငွေ ပြန်ရောင်းမလိုတဲ့။
ရှမ်းက… အိလိုက်ပုံများ။
ဟော ! နောက် တစ်ယောက်။
ဒုတိယ ကမ္ဘာစစ်က
ရန်သူတွေဖြစ်ခဲ့တဲ့ ဂျပန်၊
ယခု ကြွေးတွေ ခဝါချ၊
ငွေတွေထုတ်ချေး
သူတို့ လိုချင်တဲ့
သိလဝါဆိပ်ကမ်း၊
ထာဝယ်ဆိပ်ကမ်း၊
စီမန်ကိးန်တွေမှာ ဝင်လေရဲ့။
ဟော ! နောက်တစ်ယောက်။
ဆော်ဒီတဲ့
ရခိုင် အရေးအခင်း အကြောင်းပြ
ရဟန်းပြည်သူတွေ
ဘယ်သူမှ မခေါ်ပဲ ၊
အစိုးရနဲ့ လက်သိပ်ထိုးလို့
OIC အစ္စလမ်မစ် ထောက်ပံရေး
ဝင်ကြဦးမတဲ့။
ဘယ်လောက်ကြာမလဲ မသိ၊
ဘာတွေလုပ်ဦးမလဲ မသိ။
အမေရိကန်ကိုသာ
ဥပမာကြည့်ပါတော့။
ဘာသာရေး လွတ်လပ်ခွင့်
အကြောင့်ပြ ၊
ဗလီတွေဆောက်
ဆော်ဒီတွေ ပညာသင်ရောက်လို့
ဝေါထရိတ် စင်တာကြီး ကွဲသွားဘူးပြီးနော်။
ဟော ! နောက်တစ်ယောက်… ။
အမေရီကနဲ့ အီယူုတို့ ပူးပေါင်းလို့
လူ့အခွင့်အရေး အကြောင်းပြ။
နယ်စပ်ခြင်းထိစပ်နေတဲ့ တရုတ်နဲ့အိန္ဒိယ၊
အင်အားကြီး နှစ်နိုင်ငံကို ထိမ်းချုပ်ဖို့
မြန်မာနိုင်ငံ အတွက်
ဝေါဟာရအသစ် တစ်ခု တိုးလားတာက
ဂျိအိုပေါ်လစ်တစ်တဲ့။ ( Geo-Politic )
ကဲ…ကဲ....
ကြည့်သာ လုပ်ကြပေတော့။
မြန်မာဟာ အရှေ့တောင် အာရှမှာ
‘ကျား’ တစ်ကောင်းပဲဖြစ်မလား
တုံးအောက်က ‘ဖား”
တစ်ကောင်းပဲဖြစ်မလားဆိုတာ။
No comments:
Post a Comment