Wednesday, October 10, 2012

ကုသိုလ်ကောင်းကျိုးများကို ရရှိလိုသော်...

ကံအကြောင်းကို တင်ပြရင်းနဲ့ စာဖတ်သူများမှ မရှင်းလင်တဲ့ ကံနဲ့ဆိုင်တဲ့
 မေးခွန်းလေး တွေမေးလာပါတယ်။

အကုသိုလ်အမှုတို့ကိုယ်တတ်နိုင်သလောက်ရှောင်ကျဉ်၍ ကုသိုလ်အမှုတို့ကိုယ် တတ်စွမ်း သလောက် လုပ်သော်လည်း အဘယ်ကြောင့် ကောင်းသော   ကံအကျိုး ကိုမခံစား ရသေးသည့်အကြောင်း သိချင်ပါသည်ဘုရားလို့ မေးမြန်းလျှောက်ထားလာပါတယ်။

  အဘိဓမ္မာသဘော မပြောကြသေးခင်.. ဇာတ်တော်မှာလာတာတဲ့ ကံရဲ့ အကျိုးပေးပုံသာဓကလေးတွေကို အရင်လေ့လာကြည့်ရအောင်ပါ။

ရှေးရှေးတုန်းက ဝိဒေဟတိုင်း ၊ မိထိလာမြို့မှာ အင်္ဂတိမင်းဆိုတာ ရှိတယ်တဲ့။သူတော်ကောင်းမင်းတပါးပါပဲ။

 မင်းကြီးမှာ ရုစာလို့ခေါ်တဲ့ အင်မတန်လှပတဲ့ သမီးလေးတစ်ယောက်လည်းရှိသတဲ့။  ဒီကလေးမက ဘယ်သူလဲဆိုတော့ ရှင်အာနန္ဒာလောင်းပါ၊ အကြောင်းမသင့်လို့  မိန်းမဖြစ်နေတာ။ မင်းကြီးမှားလည်း ဒီသမီးလေးတစ်ယောက်ပဲရှိတာ။ ဒီတော့ သမီးတော်အတွက် ပန်းတွေ အမြဲပို့ပေးတယ်။  မင်းကြီးက သမီးကိုချစ်လွန်းလို့ “ သမီး ဝတ်ကောင်းစားလှတွေ နေ့တိုင်းလဲနော် ၊ လိုအပ်တောပြောနော်” စသဖြင့်  အစစအရာကို လိုလေသေးမရှိ ထောက်ပံတယ်။ သမီးအတွက် အခြွေအရံတွေကလည်း မနည်းဘူးတဲ့။

တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့မှာ မင်းကြီးက မှူးမတ်တွေစုပြီး အစည်းအဝေးတစ်ခုလုပ်တယ်။ မင်းကြီးက မောင်းမင်းတို့ ဒီနေ့ လပြည့်နေဟာ သိပ်သာယာတယ် ဘာလုပ်ရင် ကောင်းမလဲလို့ အကြံတောင်းတယ်။

“အထင်ကရ ပုဂ္ဂိုလ်ဆီသွားပြီး မရှင်းလင်းတာတွေ ၊ ပြဿနာတွေ မေးရင် မကောင်းဘူးလားလို့  မှူးမတ် တစ်ယောက်က အကြံပေးတယ်။  မင်းကြီးက ဒီနည်းကောင်းတယ်လို့ သဘောတူလိုက်တယ်။

လပြည့်ညမှာ မင်းကြီးနဲ့မှူးမတ်ပရိတ်သတ်တို့ နာမည်ကြီးနေတဲ့ ဦးဂုဏဆီကို သွားတယ်။ ထူးခြားတာက ဒီဆရာကြီးက အဝတ်မဝတ်ဘူးတဲ့။ ဆရာကြီးက ပြောသေးတယ် အဝတ်ဝတ်တဲ့ သူတွေဟာ မရိုးသားလို့တဲ့။  ရိုးသားတဲ့သူ စင်ကြယ်တဲ့သူမှာ ဝတ်စရာမလိုဘူးတဲ့။  မင်းကြီး ဦးဂုဏဆီရောက်တော့ ပရိတ်သတ်တွေလည်းအများကြီး တရားလာနာနေတာ ရှိသတဲ့။ဒီလိုနဲ့  မင်းကြီးလည်း ဦးဂုဏရဲ့ တရားပွဲထဲကိုရောက်သွားတယ်။

မင်းကြီးမေးတာက..
*** မိခင်၊ ဖခင်ဆိုတဲ့ အပေါ်မှာ ဘယ်လို့ကျင့်မှ သားကောင်း ၊ သမီးကောင်း ဖြစ်နိုင်ပါသလဲတဲ့။
*** ဆရာသမားတွေ အပေါ်မှာလည်း ဘယ်လိုကျင့်မှ တပည့်ကောင်း တပည့်လိမ္မာ ဖြစ်နိုင်ပါသလဲတဲ့။
*** သား၊ သမီး ၊ အိမ်ရှင်ဇနီးအပေါ်မှာ ဘယ်လိုကျင့်မှ သူကောင်း ၊ သူကောင်းဖြစ်မှာလဲတဲ့။
*** စစ်သည် ဗိုလ်ပါတွေ အပေါ်မှာ ဘယ်လိုကျင့်မှ မင်းကောင်းဖြစ်မှာလဲ။
*** ဘယ်လို ကျင့်မှ နောင်ဘဝကို ကောင်းသောဘဝကို ရမှာလဲ။
*** ဘယ်လို ပုဂ္ဂိုလ်တွေ ငရဲရောက်မှာလဲ စတဲ့မေးခွန်းတွေပါ။

ဒီအမေးတွေ  ဆရာကြီးဦးဂုဏလည်း ကြားလည်းမကြားဘူးဖူး။ မဖြေလည်း မဖြေတတ်ဘူးတဲ့။ ဒီတော့ သူစိတ်ထဲမှာရှိရာ သူ့အတွေးအခေါ်တွေကို လျှောက်ပြောတာပေါ့။
သူဖြေတာက ..
၁)လောကမှာ ကုသိုလ် ၊အကုသိုလ်မရှိဘူး။
၂) ဟိုဘဝ ဒီဘဝဆိုတာလည်း မရှိဘူး
၃) အမေ ၊ အဖေဆိုတာ မရှိဘူး
၎) ဆရာဆိုတာ မရှိဘူး တဲ့။
အရားအားလုံးဟာ ဓာတ်ကြီးလေးပါပဲတဲ့။ လောကကြီးမှာ သတ်မှတ်ချက်ပဲရှိတယ်တဲ့ ဒီသတ်မှတ်တဲ့အတိုင်း လူတွေ ကျင်လည်နေရတာတဲ့
၅) ဒါနရဲ့ အကျိုးဆိုတာလည်မရှိဘူး။
၆) တရားကျင့်လည်းဘာမှ မထူးဘူး ။ အချိန်တန်ရင် ကောင်းရာသုဂတိ ရောက်သွားမှာတဲ့ ။ မချိန်မတန်ခင် ဘယ်လောက် တရားအားထုတ် အားထုတ် ကျွတ်တန်းမရဘူးတဲ့။  လူတွေဟာ ကမ္ဘာပေါင်းရှစ်သောင်းလေးထောင်ရှိရင် အားလုံး ကျွတ်တန်းဝင်မှာလို့ ဒိဋ္ဌိဆရာကြီးက ဖြေသတဲ့။

ဆရာကြီးဦးဂုဏရဲ့ တရားလည်းပြီးရော.. အလာတစစ်သူကြီးက “မှန်လိုက်လေဆရာကြီး အရာအားလုံးဟာ နိယတ- သတ်မှတ်တဲ့အတိုင်းသွားနေတယ်ဆိုတာ မှန်တယ်။ ကုသိုလ်၊ အကုသိုလ်နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာ မှန်တယ်”တဲ့။

အလာတစစ်သူကြီးဟာ သူရဲ့ ရှေးအတိတ်ဘဝကို ပြန်မှတ်မိတယ်တဲ့။ ရှေးဘဝတစ်ခုတုန်းက သူက နွားသတ်သမားဖြစ်ခဲ့ဘူးတယ်။ အဲဒီကသေလာတော့ ဒီဘဝမှာစစ်သူကြီးလာ ဖြစ်တယ်။  အကုသိုလ်လုပ်တိုင်း  ငရဲကျတာ မဟုတ်ဘူးလို့ သူ့အယူအဆကိုတင်ပြလာတယ်။
ဒီစစ်သူကြီးရဲ့ ထောက်ခံစကားဟာ ကံ၊ကံရဲ့အကျိုး နားမလည်ဘူးဆိုရင် ယုံစရာလို ဖြစ်နေတယ်နော်။

အမှန်တကယ်တော့ ဒီလိုမဟုတ်ဘူး၊  ဒီစစ်သူကြီးက ကဿပမြတ်စွာဘုရားလက်ထက်တုန်းက ပန်းကုန်းနဲ့ မြတ်စွာဘုရာကို ပူဇော်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ဘဝက မဟုတ်ဘူးနော် ဟိုရှေးရှေးဘဝတုန်းက ပူဇော်ခဲ့တာ။ အဲဒီကုသိုလ်ကံကြောင့် ဒီဘဝမှာ စစ်သူကြီးလားဖြစ်တာပါ။ နွားသတ်တဲ့ အကုသိုလ်ကံက  မီးခဲပြာဖုံးဖြစ်သွားတာပါ။  အဲဒီ အလာတစစ်သူကြီးဆိုတာ ဒေဝဒတ်လောင်းပဲလေ။

ဒီစစ်သူကြီးတင်မကသေးဘူး ။  ပရိတ်သတ်ထဲက ဗီဇကကျွန်ကလည်း ဆရာကြီးဦးဂုဏရဲ့ တရားကို ထောက်ခံလိုက်ပြန်ပါသေးတယ်။ ဗီဇကကျွန်က ပရိတ်ထဲမှာ ရှိုက်ကြိးတငင်ငိုပြီး “သူဟာပြီးခဲ့တဲ့ဘဝက ကျွန်မဟုတ်ပါဘူး။ သူဌေးတစ်ယောက်ပါ  အလှူပေးတယ်။ သူတော်ကောင်းစိတ်မွေးတယ်။ ဒီဘဝမှာတော့ ကျွန်မသား လာဖြစ်ရတယ်” တဲ့။ ဒါကြောင့် ဆရာကြီး ဦးဂုဏပြေတာ မှန်တယ် သီလတွေ၊ ဒါနတွေဟာ ဘာမှ အကျိုးမရှိဘူးဆိုတာ” ပြောသတဲ့။

ဒီလူနှစ်ယောက်ရဲ့ စကားကို ကြားရင် ကံ၊ကံရဲ့အကျိုးတရားဆိုတာ မျက်စီလည်စရာ သံသယဖြစ်စရာနော်၊ ဒီတော့ ဘုရင်းက အတွေးဝင်လာတယ် သူရဲ့စစ်သူကြီး ဘဝနဲ့ ၊ ဗီဇကကျွန်တို့ရဲ့ အဖြစ်အပျက်ကို ကောက်ချက်ချပြီး ဆရာကြီးဦးဂုဏ  ပြောတာ မှန်လောက်တယ်လို့ ယူဆလာတယ်။

အမှန်တကယ်တော့ ဗီဇကကျွန်ဟာ ကဿပဘုရားရှင်လက်ထက်တုန်းက သူဟာ တောထဲမှာ နွားပျောက်လို့ နွားရှာတာ ၊ နွား-ရှာမတွေ့လို့ စိတ်ညစ်နေတဲ့အချိန် ခရီးသွားရဟန်းက လာမေးတယ်။ ဒကာ  “ဦးဇင်း လမ်းပျောက်နေလို့ ဒီလမ်းက ဘယ်သွားတာတုန်း” လို့သွားမေးမိတယ်။ ဒီတော့ သူက စိတ်ဆိုးလို့ “ ဘုန်းကြီးတွေ သိပ်စကားများတာ ၊ ဒီလိုစကားများတာ ကျွန်တွေ၊ သင်လဲ ကျွန်ဘဝကလာတာဖြစ်လိမ့်မယ်” လို့ပြောမိတယ်။ အဲဒီလို့ သူတော်ကောင်းကို ဝစီကံ-နုတ်နဲ့ ပြစ်မှားမိတဲ့ အကုသိုလ်ကံစေတနာကြောင့် ဒီဘဝမှာ ကျွန်ဖြစ်ရတာပါ။

မင်းကြီးလည်း ဒီလို  ဒွိဟဖြစ်စရာတွေ ကြားရတော့  သူလည်းစိတ်ပြောင်းသွားပြီး  ဆရာကြီး ဦးဂုဏရဲ့ တရားကို သဘောကျသွားတယ်။နောက်တစ်နေ့နံက် မိုးလင်းတာနဲ့ နန်းတွင်းမှာ   စိတ်ထင်တိုင်းပျော်ပါးတော့တာပဲ။

 ဘုရင့်သမီးလေး ဒီးတသင်းကြာတော့ စိတ်မကောင်းဖြစ်သွာတယ်။ ဒါပေမယ့် သူအခွင့်မသာသေးလို့ သွားပြီး မတားသေးပါဘူး။ နောက်တပတ် ဘုရင်ကြီးပေးနေကျ လှူဒါန်းဖို့ အသပြာတစ်ထောင်သွားတောင်း တယ်။ ဒီတော့ မင်းကြီးက သမီးကို ပြောလိုက်တယ် “မပေးနိုင်ဘူး။ လှူလို့လည်း ဘာမှ အကျိုးမရှိဘူး လောကမှာ ပျော်ပျော်ပါးပါးနေ ၊ ဘာကုသိုလ်မှာ မလုပ်နဲ့တော့နဲ့” လို့ သမီးလေးကို ပြောလိုက်သတဲ့။

ဒီတော့ သမီးတော်က ဖခင်ကို ရဲရဲဝင့်ဝင့်လျှောက်ထားတယ် “ သမီး ဟိုတုန်းကကြားဘူးတယ် လူမိုက်နဲ့ ပေါင်းရင် လူမိုင်ဖြစ်တယ်လို့ ခု ဖေဖေလည်း အလာတ၊ ဗီဇက၊ ဦဂုဏ တို့နဲ့ပေါင်းပြီး လူမိုက်ဖြစ်နေ တာပေါ့လို့ အဖေဘုရင်ကို ပြောသတဲ့။

မင်းကြီးက သမီးတော်ကို မေးတယ်။ ကောင်းပြီ ကုသိုလ်၊ အကုသိုလ်ရဲ့ အကျိုးအပြစ်ကို လက်တွေ့ပြနိုင်ရဲ့လာတဲ့။
ဒိတော့ သမီလေးက သူရဲ့ အတိတ်က ခုနစ်ဘဝအကြောင်းကို ပြန်ပြောင်းပြောပြတယ်။ ဒီမိန်းကလေးဟာ ရှေးရှေး ဘဝတွေတုန်းက ပန်းတိမ်သည် သားဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက သူငယ်ချင်းမျာနဲ့  ကာမေသုမိစ္ဆာစာရကံ ကျုးလွန်ခဲ့လို့ ငရဲကျတဲ့အကြောင်းနဲ့၊ ယခုမိန်းကလေးဖြစ်ရတာလဲ အဲဒီအကုသိုလ်ကံကြောင့် ဖခင်ဘုရင်ကြီးကို ပြောပြတယ်။   သို့သော်လည်း ဖခင်ကြီးက ဦးဂုဏတရားကို လက်မလွတ်ချင်သေးဘူး။

သမီးလေးက ဖေဖေမင်းကြီးရဲ့ မိစ္ဆာအယူကို မစွန့်လွတ်မှန်းသိတော့ လောကပါလနတ်တွေ
 လာရောက်ချွတ်ပေးပါဆိုတာ အဓိဋ္ဌာန်လိုက်တယ်။

ဘုရင်သမီးလေးအဓိဋ္ဌာန်ကြောင့် ဗြဟ္မာပြည်မှ နရဒဗြဟ္မာကြီး ရောက်လာပြီး တရားဟောလို့ မင်းကြီး စိတ်ကောင်းပြန်ဝင်ကာ တိုင်းပြည်ကို တရားနဲ့အညီ ပြန်လည်အုပ်ချုပ်သတဲ့။
ဒီဇာတ်လမ်းလေတွေကို လေ့လာကြည့်ရင်.. ကုသိုလ်/အကုသိုလ်ဆိုတာ ဒီဘဝ၊ နောက်ဘဝတို့မှာ တိုက်ရိုက်အကျိုးပေးနိုင်သေးပါဘူး၊ အခွင့်အခါကြုံမှ အကျိုးပေးတာပါ။ မြတ်စွာဘုရားလက်ထက်က မောင်ပုဏ္ဏတို့လို ချက်ခြင်း အကျိုးပေးတာက ကုသိုလ်စေတနာကလည်း ထက်သန်းလွန်းတယ် ၊ အလှူခံပုဂ္ဂိုလ်ကလည်း ဘုရား ရဟန္တာဆိုတော့ ချက်ချင်း လက်ငင်းအကျိုးပေတာပါ။

မိမိကိုယ်ကိုယ်ပဲ ပြန်လေ့လာကြည့်ပါ  ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာ
 စေတနာသုံးတန် ပြဋ္ဌာန်းရဲ့လား၊ စိတ်မပါ့တပါလား တကယ်လို့ အပရစေတနာချို့တဲ့ရင်လည်း  ကုသိုလ်ရဲ့ ကောင်းကျိုးတွေကို မခံစားရ တတ်ပါဘူး။

သာဓကဇာတ်တော်တစ်ခု လေ့လာကြည့်ရအောင်ပါ။

ဟိုးရှေးရှေးတုန်းက ကဿပမြတ်စွာဘုရား လက်ထက်မှာ သူဌေးတစ်ယောက်ရှိခဲ့ဖူးတယ်။ အိမ်းရှေ့ကို လာရပ်တဲ့ ပစ္စေကဗုဒ္ဓါကို “ ဆွမ်းလောင်လိုက်ကြပါ” ပြောလိုက်တယ်။ ဆွမ်းလောင်းပြီးမှ ကိစ္စတစ်ဖြင့် နေရာမှ ထသွားပြီး နောက်အတွေးဝင်လာတာက “ ဆွမ်းလောင်းခိုင်မိတာ မှားပေါ့၊ ထိုထမင်းများကို အခိုင်းအစေများ
 ကျွေးတာကပင် ကောင်းသေးရဲ့” လို့ နှလုံးမသာယာ အပရစေတနာ ချို့တဲ့ခဲ့မိတယ်တဲ့။

ထိုသဌေးဟာ ပစ္စေကဗုဒ္ဓါကို ဆွမ်းလှူခဲ့လို့ ဂေါတမမြတ်စွာဘုရားလက်ထက်မှာ သူဌေးတစ်ယောက် ဖြစ်လာပြန်တယ်။ သို့ရာတွင် အပရစေတနာ ချို့တဲ့မှုကြောင့် သူဌေးနှင့်တူအောင် နေချင်စိတ်မရှိ ဆင်းဆင်းရဲရဲ အဝတ်ကြမ်းကို သုံးစပ်စပ်ချုပ်ပြီး ဝတ်ရတယ်တဲ့။ ဆံကွဲထမင်း ပုံရည်ဟင်းကို စားသောက်ရတယ်။ ပစ္စည်းဥစ္စာပြည့်စုံပါသော်လည်း အနေဆင်းရဲ အစားဆင်းရဲ ဖြစ်ရတယ်။
ဤကဲ့သို့ဖြစ်ရခြင်းမှာ သူလှူဒါန်းခဲ့စဉ်က အပရစေတနာ ချို့တဲ့ခဲ့လို့ပါ။

ဒါကတော့ ဇာတ်တော်လာ သာဓကများနဲ့ ကုသိုလ်/အကုသိုလ် အကျိုးပေးပုံကို ပြောပါတာပါ။
အပိုင်း (၂) မှာ အဘိဓမ္မာဆိုင်ရာ  မိန့်ကြားချက်များကိုလည်း တင်ပြပါဦးမယ်။

ကျန်းမာ ချမ်းသာပါစေ..

ကျမ်းညွန်း / အခြေပြုပဋ္ဌာန်းတရားတော်၊ကိုယ်ကျင့်အဘိဓမ္မာ

No comments:

Followers

My Blog List