Tuesday, October 9, 2012

‘ကျား’ တစ်ကောင်လား?၊ ‘ဖား’ တစ်ကောင်လား?


‘ကျား’ တစ်ကောင်လား?၊ ‘ဖား’ တစ်ကောင်လား?

ဒီနေ့ မြန်မာကို
အာရှမှာ ကျားတစ်ကောင် ဖြစ်လာမယ်လို့
တချို့ စီးပွားရေးသမားများက
 ပြောကြ ဟောကြ။

ဆိုရိုးစကားတော့  အရှိသား
“တရုတ်ကဖိ၊ ရှမ်းက အိ၊
 ရှိသည့် မြန်မာ အနောက်မှာ” တဲ့။

တရုတ်က မြန်မာပြည် အထက်ပိုင်း
စီးပွားရေး ၊ လူမှုရေး သိမ်းပိုက်။
ကချင်ကိစ္စမှာတောင်
 တရုတ် ထိုးနက်ချက် မကင်းဘူးတဲ့။

တရုတ်တို့ရဲ့ မြန်မာပြည်
ရင်းနှီးမြုပ်နှံမှုက ၇၀ % ရှိသတဲ့။
ဒီလိုသာဆိုရင်..၊
မြန်မာပြည် တစ်ပြည်လုံးသာ
 သိမ်းကြုံးယူမယ် ထင်ပါရဲ့ဗျာ၊
တရုတ်က ဖိလိုက်ပုံများ။

ဟော ကြည့်!
ရှမ်းလို့ ခေါ်တဲ့ ယိုးဒယာကလည်း
မြန်မာပြည်က ဓာတ်ငွေ့ ထွက်သမျှ
သူတို့ဟာတွေ
 အကုန်ဝယ်ထားပြီးပြီတဲ့။
သူတို့ကတောင် မြန်မာပြည်ကို
ဓာတ်ငွေ ပြန်ရောင်းမလိုတဲ့။
ရှမ်းက… အိလိုက်ပုံများ။

ဟော ! နောက် တစ်ယောက်။

ဒုတိယ ကမ္ဘာစစ်က
 ရန်သူတွေဖြစ်ခဲ့တဲ့ ဂျပန်၊
ယခု ကြွေးတွေ ခဝါချ၊
 ငွေတွေထုတ်ချေး
သူတို့ လိုချင်တဲ့ 
သိလဝါဆိပ်ကမ်း၊
ထာဝယ်ဆိပ်ကမ်း၊
စီမန်ကိးန်တွေမှာ ဝင်လေရဲ့။

ဟော ! နောက်တစ်ယောက်။

ဆော်ဒီတဲ့
ရခိုင် အရေးအခင်း အကြောင်းပြ
 ရဟန်းပြည်သူတွေ
ဘယ်သူမှ မခေါ်ပဲ ၊
အစိုးရနဲ့ လက်သိပ်ထိုးလို့
OIC အစ္စလမ်မစ် ထောက်ပံရေး
ဝင်ကြဦးမတဲ့။

ဘယ်လောက်ကြာမလဲ မသိ၊
 ဘာတွေလုပ်ဦးမလဲ မသိ။
အမေရိကန်ကိုသာ
 ဥပမာကြည့်ပါတော့။

ဘာသာရေး လွတ်လပ်ခွင့်
 အကြောင့်ပြ ၊
 ဗလီတွေဆောက်
ဆော်ဒီတွေ ပညာသင်ရောက်လို့
ဝေါထရိတ် စင်တာကြီး ကွဲသွားဘူးပြီးနော်။

ဟော ! နောက်တစ်ယောက်… ။

အမေရီကနဲ့ အီယူုတို့ ပူးပေါင်းလို့
လူ့အခွင့်အရေး အကြောင်းပြ။
နယ်စပ်ခြင်းထိစပ်နေတဲ့  တရုတ်နဲ့အိန္ဒိယ၊
အင်အားကြီး နှစ်နိုင်ငံကို  ထိမ်းချုပ်ဖို့
မြန်မာနိုင်ငံ အတွက်
ဝေါဟာရအသစ် တစ်ခု တိုးလားတာက
ဂျိအိုပေါ်လစ်တစ်တဲ့။ ( Geo-Politic )

ကဲ…ကဲ....
ကြည့်သာ လုပ်ကြပေတော့။

မြန်မာဟာ  အရှေ့တောင် အာရှမှာ
‘ကျား’  တစ်ကောင်းပဲဖြစ်မလား
တုံးအောက်က  ‘ဖား”
တစ်ကောင်းပဲဖြစ်မလားဆိုတာ။

No comments:

Post a Comment