Wednesday, October 3, 2012

သောကကို အရောင်မဆိုးနဲ့

သောကဆိုတာ...
 ဘဝတွင်ငြိမ်းချမ်မှုနဲ့ ညီညွတ်မှုကို အနှောက်အယှက်ပေးတဲ့ စိတ်လှုပ်ရှားခံးစားမှု တစ်မျိုးဖြစ်ပါတယ်။ သောကဟာ သင့်အား " တိုက်ရင်တိုက် သို့မဟုတ် ရှောင်ပြေး ဟူသော အနေအထားကို ရောက်စေပါတယ်။

သောကဟာ သင့်ကို ကိုယ်ပိုင်ရပ်တည်မှုရှိအောင် လွတ်လပ်ခွင့်ကို မပေးတော့ပါ။ သင်စိတ်ရွှင်လန်းနေသည့်အချိန်တွင် ခံစားရသည့် ခေါင်းကိုက်ဝေဒနာနှင့်တူပါတယ်။

သင်.. ခေါင်းကိုက်ဝေဒနာခံစားရစဉ် ကမ္ဘာပေါ်ရှိ အကောင်းဆုံးပါတီပွဲတစ်ခုသို့ တက်ရောက်ရတယ်ဟု စဉ်စားကြည့်ပါ။ ပါတီက ဘယ်လောက်ပင် ကြီးကျယ် ခမ်းနား ပျော်ရွှင် ဖွယ်ကောင်းပါစေ သင့်အနေဖြင့် ထိုပျော်ရွှင်မှုများကို မခံစားနိုင်တော့ပါ။

သောကဟာ ဆုံးဖြတ်များချရာတွင် တိမ်သလာအဖြစ် ဖုံးနေတတ်ပြီး သင့်အား လူတော မတိုးဝံ့သော စိတ်မျိုးကိုဖြစ်စေပါတယ်။ သင်ရဲ့ ကိုယ်ပိုင် အရည်အသွေးတို့ဟာ
 ပေါ်မလာတော့ပါ။

သောကရောက်မှုမှတဆင့် စိတ်ဓာတ်ကျဆင်းမှုသို့လည်း ရောက်သွားတတ်ပါတယ်။ ထိုအခြေအနေထိရောက်သွားလျှင်တော့ မကောင်းပါ။ သို့သော် စိတ်ဖိစီမှုဟာ တစ်စုံတစ်ခုသော အတိုင်းအတာထိတော့ ရှိတတ်ပါတယ်။ တစ်စုံတစ်ခုသော အတိုင်းအတာအထိ စိတ်သောက ရောက်မှုဟာ သာမန်လူသားများရဲ့ ပုံမှန်အနေအထားဖြစ်ပါတယ်။


တချို့က စိတ်သောကရောက်မှုဟာ စွမ်းဆောင်ရည်ကို မြင့်မားတိုးတတ်စေတယ်ဟု ပြောတတ် ကြပါတယ်။ သို့သော်လည်း သောကမှ စိတ်ဓာတ်ကျဆင်းမှုအဆင့်သို့ ကူပြောင်းလာသောအခါ သင်၏ စွမ်းဆောင်ရည်များကို နှိမ့်ကျစေပြီး အောင်မြင်ဖို့အခွင့်အလမ်း နည်းပါစေးပါတယ်။

ထိုအခြေအနေမျိုးတွင် သင်၏ စိတ်လှုပ်ရှားမှု ပြင်းထန် တုန်ခါလွန်းသဖြင့် စဉ်းစားတွေး ခေါ်နိုင်မှု စွမ်းရည်ကို ပိတ်ပင်စေပြီး ထိထိရောက်ရောက် ဆောင်ရွတ်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို မစုဆောင်းနိုင်တော့ပါ။ထိုအကြောင်းကြောင့်ပင် စိတ်ဓာတ်အကြီး အကျယ်ကျပြီး စိတ်ပျက်သူများသည် မိမိ၏ တယ်လီဖုန်း နံပါတ်ကိုပင် မေ့နေတတ်ပါတယ်။

သင်၏ စွမ်းဆောင်ရည်မြင်မားဖို့နဲ့ သင့်ဘဝတွင် ကြုံတွေ့လာနိုင်သော ပြဿနာများကို ဖြေရှင်း
နိုင်ရန်အတွက် သောကရောက်မှုကို အသုံးပြုနိုင်လျှင် သောကဟာ မိတ်ဆွေတစ်ဦးဖြစ်လာနိုင် ပါတယ်။

မည်သို့ဖြစ်စေ လှုပ်ရှားနေသောစိတ်ကို တည်ငြိမ်အောင် မြန်မြန်ပြုလုပ်နိုင်သည်နှင့်အမျှ ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်မှာပါ။ သင်၏ အမှားကိုသင်ခန်းစာယူနိုင်ပြီး မသေမချာ မရေရာ ဖိစီးမှုများကို ပိုမိုကောင်မွန်သောနည်းဖြင့် ချည်းကပ် ကိုင်တွယ်ခဲ့လျှင် သောကကြောင့်
ဖြစ်ခဲ့သော ရှုံးနိမ့်မှုများဟာ အောင်မြင်ဖို့အတွက် ပထမခြေလှမ်းများသာဖြစ်ပါတယ်။
                                                                                      Service With Heart မှ

No comments:

Followers

My Blog List