မြန်မာဗုဒ္ဓဘာသာအသင်း၊ ဗန်ကူးဘား၊ ကနေဒါ မိသားစုတို့၏ စတုတ္ထအကြိမ်မြောက် ၂၄-နာရီ အသံမစဲမဟာဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ၊ ဘိုးဘွားများ ပူဇော်ပွဲနှင့် မြန်မာဗုဒ္ဓကလေးများ ဘုရားရှိခိုး ရွတ်ဆိုပြီး ဆုပေးပွဲအခမ်းအနားကို ဗန်ကူးဘားရောက် မြန်မာမိသားစု အားလုံးအား ဖိတ်ကြားအပ်ပါသည်။
၂၄- နာရီ အသံမစဲ ရွတ်ဖတ် ပူဇော်ပွဲ
ဘိုးသွားပူဇော်ပွဲ နှင့် ကလေးများ လူရည်ချွန် ဆုပေးပွဲ အခမ်းအနား
ဖိတ်ကြားလွှာ
မြန်မာဗုဒ္ဓဘာသာအသင်းမှ ဓမ္မမိတ်ဆွေများအား လေးစားစွာဖိတ်ကြားအပ်ပါသည်။
စတုတ္ထအကြိမ်မြောက်
၂၄-နာရီအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ဘိုးဘွားပူဇော်ပွဲ၊ မျိုးဆက်သစ် ကလေးငယ်များအား
လူရည်ချွန် ဆုပေးပွဲ အခမ်းအနားကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။
ဘိုးဘွားများနှင့်ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအား ကွယ်လွန်သူဖခင်ကြီး ဦးငယ်မောင်အား ရည်စူး၍ ဗုဒ္ဓရံသီဆရာတော်မှ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါမည်။ ဘိုးသွားများအတွက် လှူဖွယ်များနှင့် အချိုပွဲ စသည်များကို ကိုယ်တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ပါသည်။
ကလေးများ စာပြန်ပွဲ အောက်တိုဘာလ ၂၁- ရက် တနင်္ဂနွေနေ့ နေ့လည် ( ၁) နာရီ
ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရနု အောက်တိုဘာလ (၂၇) ရက် စနေနေ့ နံက် ၉-နာရီတွင် စတင်၍
တနင်္ဂနွေနေ့ နံက် ၁၀-နာရီတွင်ပြီးဆုံးပါမည်။
အခမ်းအနားအစီအစဉ်
အချိန်။ ။ နံက် ၁၀း၀၀ နာရီ စုပေါင်းပဋ္ဌာန်းသိမ်းပါမည်။
၁၀း ၄၅ နာရီ မြတ်စွာဘုရားအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး
သံဃာတော်များနှင့် ဘိုးဘွားများအား ဧည့်ခံကျွေးမွေးပါမည်။
နေ့လည် ၁၂း ၃၀ နာရီ ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ဘိုးဘွားများအား ကန်တော့ခြင်းနှင့် လူရည်ချွန်ဆုပေးပွဲ အခမ်းအနား။
ဆက်သွယ်ရန် အသက် ( ၇၀) ဘိုးဘွားများ အပူဇော်ခံကြွရန်နှင့် အသွားအလားခတ်ခဲသော ဘိုးဘွားများအတွက် 604- 207- 0068 သို့ ဆက်သွယ်နိုင်ပါသည်။
No comments:
Post a Comment