လောကကြီးပွားကြောင်းတရား
ဗုဒ္ဓတရားတော်များကို တချို့က လောာငြီးငွေ့ကြောင်းတရား၊ လူတိုင်းလိုက်မမှီသော
ဆုံးမဩဝါဒများလို့ မှတ်ထင်နေကြပါတယ်။ဗုဒ္ဓသည် ကလေး၊ လူကြီးမရွေး လိုက်နာကျင့်သုံးနိုင်သော တရားအမျိုးမျိုး ကို
ဟောတော်မူပါတယ်။
မင်္ဂလာတရားတော်ဟာ လူသားအားလုံး အတွက် ကြီးပွားရေးလမ်းညွှန်ကြီးဖြစ်ပါတယ်။
ဗုဒ္ဓသည် ဇေတဝန်ကျောင်းတော်မှာ သတင်းသုံးတော်မူစဉ် သန်းခေါင်ယံ အချိန်မှာ
နတ်သာ တစ်ပါး ရော်ကလာပါတယ်။
“ အရှင်ဘုရား လူ ၊ နတ်တို့ ကြီးပွား ချမ်းသာရာဖြစ်သော မင်္ဂလာတရားတော်ကို
ဟောတော်မူပါလို့ ” ဗုဒ္ဓအား တောင်းပန် လျှောက်ထားပါတယ်။
ဗုဒ္ဓက.. “လူမိုက်တို့ကို ပေါင်းသင်း ဆက်ဆံမှု မပြုခြင်းဟာ ကြီးပွားတိုးတက်
ချမ်းသာရာ မင်္ဂလာတစ်ပါး ဖြစ်တယ်” စသည်ဖြင့် ၃၈-ပါးမင်္ဂလာတရားတော်ကို ဟောတော်မူပါတယ်။
နံနက်မိုသောက်သောအခါ.. အရှင်အာနန္ဒာအား ထိုတရားတောကို ပြန်လည်ဟောကြားပါတယ်။
သိင်္ဂါလသူဌေးသား
လောကကြီးမှာ သိင်္ဂါလသူဌေးသားလို
အဓိပ္ပါယ်မဲ လုပ်ငန်းဖြင့် အချိန်ကုန်နေသူများလည်း ဒုနှင့်ဒေးပါပဲ။
တစ်ခုသော နံက်ခင်းမှာ သာဝတ္ထိပြည်မှာ သိင်္ဂါလ သူဌေးသားဟာ သေခါနီးမှာ
ဖခင်မှာခဲ့တဲ့အတိုင်း အရပ် ခြောက်မျက်နှာကို
ရှိခိုးပူဇော်နေပါတယ်။
ထိုအခိုက် ဗုဒ္ဓမြို့တွင်း ဆွမ်းခံကြွစဉ်နဲ့ တိုင်ဆိုင်နေပါတယ်။
ဗုဒ္ဓက ဘာကြောင့် အရပ် ၆-မျက်နှာကို ရှိခိုး နေတလာလဲ မေးတော့ သေခါနီး ဖခင်၏ညွှန်ကြားချက်သားဖြစ်ကြောင့်
အဓိပ္ပါယ်ကို နာမလည်း ကြောင်း ပြောတော့မှ ဗုဒ္ဓက အရပ်မျက်နှာများကို ရှိခိုးတယ်ဆိုတာ.....
မိဘဝတ်၊သားသမီဝတ်၊
ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ခင်ပွန်းကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ် စသည်တို့ကို
လိုက်နာရမည် ကိုဆိုလိုကြောင်း သိင်္ဂါလသုတ်
( သို့) လောကလူများ လိုက်နာရမည့် တာဝန် ဝတ္တရား
တရားများကို ဟောတော်မူပါတယ်။
No comments:
Post a Comment