Tuesday, August 21, 2012

ကလေးရဲ့ အတွေး



ရှေးရှေးတုန်းက …တခုသော နံက်ခင်းမှာ လူတစ်ယောက်က သူရဲ့ ဖခင်အိုကြီးကို အပြင်သွားဖို့ခေါ်နေပါတယ်။ အိမ်မှာရှိတဲ့ သားငယ်ကလည်း အဘိုးအတူ အပြင်လိုက်ချင်ကြောင်း ပြောနေသော်လည်း မိခင်က မလိုက်ဖို့ ပြောလိုက်သတဲ့။

နောက်ဆုံးတော့ ကလေးငယ်က သူနည်း သူဟန်နဲ့ အဖေတို့သွားရာနောက်ကို လိုက်သွားဖြစ်ပါတယ်။ ခရီးအတော်လေးသွားပြီးတဲ့အခါ
သူတို့ လူသေမြှုပ်ရာ သုဿန်မှာ ရပ်နားလိုက်ကြပါတယ်။

အဲဒီလူက.. “ အဖေနဲ့သားတို့ ဒီနားမှာပဲ စောင့်နေကြ ကျနော် မကြာခင် ပြန်လာမယ်” လို့ ပြောပြီး ထွက်သွားပါတယ်။

ထို့နောက် သတ်မှတ်ထားတဲ့ နေရာမှာတွင်းတူပါတော့တယ်။

သားဖြစ်သူက အဖေ့ကို စောင့်ရတာကြာလို့ နောက်က လိုက်ရှာချိန်မှာ အဖေတစ်ယောက် သဲသဲမဲမဲ တွင်းတူးနေတာကို တွေ့လိုက်ရသတဲ့။

“ ဖေဖေ..ဖေဖေ.. အဲဒီတွင်းက ဘာလုပ်ဖို့လဲလို့” သားဖြစ်သူက မေးလိုက်တော့
ငါတွင်းတူးနေတာ မင်းရဲ့ အဘိုးကို မြှုပ်ဖို့လို့ ဖြေလိုက်သောခါ..
“ အဘိုး…အဘိုးအတွက်ဟုတ်လားလို
့” အံသြစွာနဲ့ အဘိုးက .မသေသေးဘူး ဖေဖေလို့” ပြောတော့။

“ငါသိပါတယ်… ဒါပေမယ့် အဖိုးက အသက်ကြီးတော့ ဘာမှ အသုံးမကျတော့ဘူး။ အိမ်မှားလည်း ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး။ အသက်ရှင်နေသော်လည်း သူအတွက်ကော ငါတို့အတွက်ပါ ဘာမှ အကျိုးမရှိတော့ဘူး ဒါကြောင့် မင်းအမေနဲ့ငါတို့ မင်းအဘိုးကို အရှင်လတ်လတ် မြေမြှုပ်ကြဖို့ ဒီလို လုပ်လိုက်ကြတာလို့ “ ဖြေသတဲ့။

သားဖြစ်သူက.. အဖေ့စကားကို ကောင်းကောင်းနာထောင်ပြီးတော့  သူအတွက်လည်း   နေရာတစ်ခု   ပေးပါလို့ တောင်းလိုက်ပါတယ်။ ထိုနောက် တွင်းတူးကာ.. “ အဖေကိုလည်း အသက်ကြီးလာရင်.. သားလည်း အဖေကို ဒီမှာ လာပြီးမြှုပ်မယ်နော်လို့” ပြောလိုက်တဲ့အခါ…။

အဖေဖြစ်သူ ကောင်းကောင်း သဘောပေါက်သွားတာက .. “ ငါလုပ်ရပ်ဟာ .. ငါသားအတွက် ..အတုယူစရာ မကောင်းတဲ့ အပြုအမှုပါပဲလို့” နားလည်သွားပါတယ်။

ထို့နောက် အဖေဖြစ်သူကို အိမ်ပြန်ခေါ်ပြီး အသက်ထက်ဆုံး သေချာပြုစု စောင့်ရှောက်ပါသတဲ့။

No comments:

Followers

My Blog List