Friday, July 6, 2012

လေ့ကျင့်ပြီးသော စိတ်မှသာ...။


တရားအားထုတ်တယ်ဆိုတာ စိတ်ကိုတည်ငြိမ်အောင် ၊ မလှုပ်ရှားအောင် လေ့ကျင့်ပေးတာပါ။ ဒီလို အားထုတ်ခြင်းအားဖြင့် စိတ်ကိုငြိမ်သက် အေးချမ်းစေပါတယ်။ စိတ်ဆိုတာ လွတ်ထားရင် ဟိုဟိုဒီဒီ လျှောက်သွားတတ်ပြီး ထိမ်းသိမ်းရခက်ပါတယ်။  ရေဟာ  ဟိုဟိုဒီဒီ စီးသွားတတ်သလို စိတ်ဟာလည်း  အာရုံတွေရှိရာကို ဟိုအဝေးထိအောင် လွှင့်မျောနေတတ်ပါတယ်။
သို့သော်လည်း လူတွေဟာ ရေတွေကို ဘယ်လိုထိမ်းသိမ်းရမယ်ဆိုတာ နားလည်လို့ လူသား အားလုံးအတွက် အကျိုးရှိရှိ အသုံးချနိုင်ပါပြီ။

လူဆိုတာ အသိပညာအရှိဆုံး သတ္တဝါပါ။

လူတွေဟာ ရေတွေကို  ရေကာတာကြီးတွေလုပ် ဆည်တွေ တည်ဆောက်  ကြီးမားသော ရေကံကြီတွေတည်ဆောက် ရေမြောင်တွေသွယ် စသောနည်းမျိုးစုံဖြင့် ရေကို အသုံးတည့်အောင်လုပ်တတ်လို့ အလကားဖြစ်မယ့်ရေတွေ တနေရတည်းမှာ  အလကားမဖြစ်အောင် သိုလှောင်းထားနိုင်ပါပြီ အကျိုးရှိရှိ အသုံးချနိုင်ပါပြီ။

ထို့အတူ လူတွေဟာလည်း ကိုယ့်စိတ်ကို လေ့ကျင့်ပြီး ထိမ်းသိမ်းနိုင်မယ်ဆိုရင် အတိုင်းအဆမရှိ အကျိုးကျေးဇူးတွေရလာမှာပါ။

မြတ်စွာဘုရားကိုယ်တိုင်လည်း  လေ့ကျင့်ပြီးသော စိတ်မှသာ တကယ့်ချမ်းသာရာ ရကြောင်း ဆုံးမတော်မူပါတယ်။ ဒါကြောင့် ကြီးမားတဲ့ အကျိုးကျေးဇူးတွေရဖို့ စိတ်ကို ထိမ်းသိမ်းရပါမယ်။

ထို့အတူ  ပတ်ဝန်ကျင်မှာ မြင်နေ၊ တွေ့နေရတဲ့  တိရစ္ဆာန်ဖြစ်တဲ့  ဆင်တွေ၊ မြင်းတွေ ၊ ကျွဲတွေကို  လုပ်ငန်းခွင်မှာ အသုံးချလို့ရအောင် လေ့ကျင့်သင်ကြားပေးရပါတယ်။ လေ့ကျင့်သင်ကြားပေးပြီးမှာ သူတိုရဲ့  ခွန်းအားတွေဟာ အသုံးကျလာတာပါ။

ထိုအတူပါပဲ…။ စိတ်ရိုင်းထက် ကောင်းစွာလေ့ကျင့်ထာသော စိတ်ကသာ ကောင်းကျိုးချမ်းသာကို ဖြစ်စေပါတယ်။   မြတ်စွားဘုရားနဲ့ တပည့် အရိယာသာဝကတွေဟာ ငါတို့လိုပဲ  စိတ်ရိုင်းတွေမှ စတင်လေ့ကျင့်ခဲ့ရတာပါ။

စိတ်တွေကို ထိမ်းသိမ်းလေ့ကျင့်ပြီးသော အရိယာတွေမှာ ဘယ်လောက် ကြည်ညိုလေးစား အားကျစရာကောင်းပါသလဲ သူတို့ရဲ့ သင်ကြားပေးမှုတွေက လူသားတွေအတွက် ဘယ်လောက်အကျိုးပြုသလဲ ဆိုတာ မှန်းဆပြီး သိမြင်နိုင်ပါတယ်။

စိတ်ကို ထိမ်းသိမ်းခြင်းဖြင့် ထာဝရအေးချမ်းသော လွတ်လပ်သော ဘုရားစသော အရိယာ သာဝကတွေရဲ့ အကျိုးကျေးဇူးဟာ လူသားတွေကို ဘယ်လောက်အထိအကျိုးပြုတယ်ဆိုတာ သိနိုင်ပါတယ်။

လေ့ကျင့်ပြီး၊ ထိသိမ်းတတ်သော စိတ်ဟာ  လုပ်ငန်းအားလုံး ၊ နေရာဌာနအားလုံးမှာ အကောင်းဆုံး လက်နက် အဖြစ်ကူညီပါလိမ့်မယ်။

လေ့ကျင့်ပြီး စည်းကမ်းရှိတဲ့ စိတ်ဟာ ငါတို့ရဲ့ဘဝကို မတိမ်းစောင်းအောင် ထိမ်းသိမ်းပေးမယ်၊  အလုပ်တွေမှာ ပိုမို လွယ်ကူစေမယ်၊  ငါတို့ရဲ့ အမှုအရားအားလုံးကို တိုးတက်အောင်း ထိမ်းသိမ်းပေးမှာဖြစ်ပါတယ်။
အဆုံးမှာတော့ တရားဘာဝနာပွားများပြီး စိတ်ကိုထိမ်းသိမ်းခြင်းဖြင့် ဘဝငြိမ်းချမ်း ပျော်ရွှင်မှုတွေကို ရအောင်ယူနိုင်မှာဖြစ်ပါတယ်။

DAM

The training in concentration is the practice to make the mind firm and steady. This brings about peacefulness of mind. Usually our minds are moving and restless, hard to control. The mind follows sense distractions wildly, just like water flowing this way and that. Men, though, know how to control water so that it is of greater use to mankind. Men are clever. They know how to dam water, make large reservoirs and canals - all of this merely to channel water and make it more usable, so that it doesn't run wild and eventually settle down into a few low spots, its usefulness wasted. So, too, the mind that is dammed and controlled, trained constantly, will be of immeasurable benefit. The Buddha himself taught, "The mind that has been controlled brings true happiness, so train your minds well for the highest benefits." Similarly, the animals we see around us - elephants, horses, buffalos, and so on - must be trained before they can be useful for work. Only after they have been trained is their strength of benefit to us. 

In the same way, the mind that has been trained will bring many more blessings than an untrained mind. The Buddha and His Noble Disciples all started out in the same way as us - with untrained minds. But, afterwards, look how they became the subjects of reverence for us all. And see how much benefit we can gain from their teachings. Indeed see what benefits have come to the entire world from these men who had gone through the training of the mind to reach the freedom beyond. The mind controlled and trained is better equipped to help us in all professions, in all situations. The disciplined mind will keep our lives balanced, make work easier, and develop and nurture reason to govern our actions. In the end, our happiness will increase accordingly as we follow the proper mind training. 

Bhikkhu Ajahn Chan

No comments:

Followers

My Blog List