ဝိရဇမင်္ဂလာဆိုတာ…
ဘုရား ၊ ရဟန္တာတို့ရဲ့ သန္တာန်မှာ
လုံးဝ ထာဝရ ကိလေသာ အညစ်အကြေးတွေက
ကင်းစင်သွားခြင်း ဖြစ်ပါတယ်။ ထို့အတူပါပဲ
မိမိတိုသန္တာန်မှာလည်း ထာဝရ မဟုတ်တောင် တဒင်္ဂလောက် ကိလေသာ အညစ်အကြေတွေ
ကင်းစင်သွားရင် မင်္ဂလာဖြစ်ပါတယ်။
ဘုရား၊ ရဟန္တာတွေမှာ ထာဝရ
ကိလေသာတွေကင်စင်သွားလို့ နောက်ဘဝဆိုတာ မရှိတော့သလို ကံ၊ ကံရဲ့အကျိုးတွေလည်း ပြတ်တောက်ပြီး ဒီဘဝ ကုန်ဆုံးတဲ့အခါမှာ
နိဗ္ဗာန်ကို မျက်မှောက်ပြုကြမှာပါ။
အရိယာသူတော်စဉ်တွေ.. လုံးဝ ကိလေသာတွေ ကင်းစင်သွားရင်
သာမန်လူသားဘဝမှာ ကြာရှည် မနေနိုင်တော့ပဲ မြင့်မြတ်တဲ့ ရဟန်းဘဝကို ခံယူကြရပါတယ်၊
သို့မဟုတ်က.. မကြာခင်မှာပဲ.. နိဗ္ဗာန်ကို မျက်မှောက် ပြုကြရပါတယ်။ မြင့်မြတ်တဲ့ ရဟန်းဖြစ်သွားရင်တော့ အရှင်မဟာမေဂ္ဂလာန်တို့ လို့ မိမိပြုခဲ့တဲ့
ဝဋ်တွေ ကုန်းအောင်ဆပ်ပြီး သင့်တင့်တဲ့ အချိန်မှာ ပရိနိဗ္ဗာန်စံရပါတယ်။
သဗ္ဗညုမြတ်စွာဘုရားကတော့
ကိလေသာတွေကို ဝါသနာ ဓလေ့
၊ အထုံစရိုက်တွေပါ လုံးဝဥဿုံ ပယ်သတ်နိုင်ပြီး၊ အရိယာသူတော်စဉ်တွေမှာတော့
ကိလေသာကင်းစင်ဖြူစင်ပေမယ့် တချို့ ဝါသနာ ဓလေ့တွေ အနည်ငယ် ကျန်တတ်ပါသေးတယ်။
ဒါပေမယ့် ဒီလက်ကျန် စရိုက်တွေက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ.. ကံအကျိုးပေးခွင့်မရှိတော့ပါဘူး။
အရိယာတွေက အကျိုးပေးတတ်တဲ့ ကံစွမ်းအင်တွေကို အားလုံငြိမ်းသက်ပြီးဖြစ်လို့ပါ။
တချို့ အရိယာတွေမှာ
နိဗ္ဗာန် မျက်မှောက်မပြုခင် ဝါသနာအရ..
မကောင်းတဲ့ အပြုအမှုတွေ လုပ်မိပေမယ့် စိတ်ထားကဖြူစင် တော့ အကျိုးမသက်ရောက်တတ်ပါဘူး။ ကောင်းမှု ကုသိုလ်တွေ ပြုစေဦးတော့ ဒီဘဝ ကုန်းဆုံရင်
နိဗ္ဗာန် မျက်မှောက်ပြုမှာမို့ အကျိုးမပေးတော့ပါဘူး။
လူသားတိုင်းရဲ့
“စိတ်” ဆိုတဲ့မူလ သဘာဝက
ဖြူစင်ပြီးသားပါ ၊ ကိလေသာတွေက အရောင်ဆိုးလိုက် လို့ ညစ်နွမ်းသွားရပါတယ်။ ကိလေသာတွေကို
ပယ်သတ်လိုက်ပြီးဆိုရင် စိတ်က ပြန်လည် ဖြူစင် သွားပြီးသွားပြီး အပြစ်ကင်းစင် ဖြူစင်တဲ့ စိတ်လို့ ခေါ်ပါတယ်။
ဘုရား၊ရဟန္တာတွေလို ဖြူစင်တဲ့ စိတ် ၊
အပြစ်ကင်းတဲ့ စိတ်ရှိခြင်းဟာလည်း မင်္ဂလာပါ။
No comments:
Post a Comment