2012 လို့ခေါ်တဲ့ နှစ်သစ်မင်္ဂလာအချိန်ခါကတော့ မကြာခင်မှာ ကျရောက်တော့မှာပါ။ နှစ်သစ်အစမှာတော့ သစ်လွင်တဲ့ ဘဝရည်မှန်းချက်တွေ ၊ ပြောင်းလဲသင့်တဲ့ ဘဝအခြေအနေတွေကို ပြန်လည်သုံသပ်ဆုံးဖြတ်ရမည့် အချိန်လို့ဆိုရပါမယ်။ မိမိရဲ့ စီးပွားရေး ၊ အလုပ်အကိုင် စသည်တွေကို ကြီးကြီးမားမား မပြောင်းလဲနိုင်သေးပေမယ့် အဓိကအရေးကြီးတဲ့ ဘဝအခြေခံ ဖြစ်တဲ့ ကျန်းမာရေးကိုတော့ ကောင်းကောင်းမွမွန် ဖြစ်ဖို့ အောက်ပါ အပြောင်းအလဲတွေလုပ်နိုင်ပါတယ်။
နှစ်သစ်မင်္ဂလာအချိန်အခါကို ရိုးရိုးလေးနဲ့ ထူးခြားတဲ့ သမိုင်ဝင်ပြောင်းလဲခြင်းဖြင့် 2012 ကို ကြိုဆိုကြရအောင်..
၁။ ။အစားအသောက်...
ယခုခေတ်မှာ အစားအသောက်တွေ ဆန်းပြားလာတာနှင့်အမျှ လူတွေလည်းကျန်းမာရေးတွေချို့တဲ့လာပါတယ်။ ဒါကြောင့် မိမိစားမည့် အစားအသောက်ကို ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိ/ မရှိလေ့လာရပါမယ်။ ဆေးဆိုးထားသောအစားများ ၊ Chemical များပါဝင်သော စည်သွပ်ဗူးများ ကိုစားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် သဘာဝ အသီးအရွက်များ၊ ဥပမာ ..ပန်းသီးဆော့ကို စားမည့်အစား ၊ သဘာဝ ပန်းသီးကိုစားသုံးခြင်း ၊ ice cream ကိုစားသုံးမည့်အစား နွားနို့ကို သောက်သုံးခြင်း ၊ စားသောက်ဆိုင်းကို အလွယ်တကူစားသောက်မည့်အစား ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ခြင်းများဖြင့် နှစ်သစ်ကို ကြိုဆိုပါ။
၂။ ။ငွေးရေး ကြေးရေ-----
စီးပွားရေးကပ်ဆိုက်ချိန်မှာ ငွေးကို ဘာလိုရအောင် ရှာမယ်ဟု လောဘ ထားခြင်း ထက် .. မိမိသုံးငွေ ဘယ်လိုလျော့ရင် ကောင်းမလဲဟု စဉ်းစားသင့်ပါတယ်။ ဥပမာ.. ကြွေးများကို လျော့ချခြင်း ၊ မိမိလစဉ်သုံးငွေးကို ပြန်လည်ဆန်းစစ်ပြီး မလိုအပ်တာ အရေးမကြီးသော သုံးငွေးများကို လျော့ချခြင်း ၊ မကြာခဏ ဈေးဝယ်သွားခြင်းများကိုလည်း လျော့ချခြင်း၊ အဝတ်အစား အသစ်အဆန်းများ ဝယ်မည့်အစား ဈေးပေါးသောအဝတ်အစားများကို ဝယ်ဝတ်ခြင်း ၊ တတ်နိုင်သမျှ မိမိမှာရှိတာလေးနဲ့ လှအောင်ဝတ်ခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုပါ။
၃။ ။အနေအထိုင်…..
လေကောင်း လေသန့်ရမည့် ပတ်ဝန်းးကျင်ကို ရွေးချယ်ပါ။ မိမိရဲ့ အိမ်၊ ရုံးခန်းတွေမှာ မလိုအပ်တဲ့ အသုံးအဆောင် ၊ စာအုပ် စသည်ကို စွန့်ပစ်ခြင်း ၊ လိုအပ်သူအားပေးဝေခြင်း ၊ သဘာဝ ပန်းလှပင်လေးများ မိမိအခန်းမှားရှိခြင်း ၊ အခန်းခဈေးကြီးရင်းလည်း ဈေးသက်သာမည့် သင့်တင့်သော အခန်းကိုပြောင်းခြင်း၊ မိမိရဲ့ အဝတ်အစားဘီဒိုကိုလည်း အဝတ်အစားတွေ ပြည့်မနေစေပဲ ဟောင်းလွန်းသော အဝတ်အစားများကို စွန့်ပစ်ခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုပါ။
၎။ ။ကျန်းမာရေး…..
မိမိဆရာဝန်နဲ့ မိတ်ဆွေဖွဲ့ထားပြီး မိမိရဲ့ နာကျင်ကိုက်ခဲမှု ၊ သွေးတိုး ၊ High Cholesterol, obesity, စိတ်ဓာတ်ကျခြင်း ၊ ဆေးလိပ်အသောက်များခြင်းများကို လျော့ချပါ။ စိတ်ချမ်းသာရေး ၊ ကိုယ်ကျန်းမာရေးအတွက် နေ့စဉ်ပုံမှန်လေးကျင့်ခန်းများလုပ်ခြင်း ၊ ရှုပ်ထွေးတဲ့ ဘဝနေထိုင်မှု စနစ်ကို စွန့်လွတ်ပြီး ၊ ကာကွယ်ခြင်း ၊ ကုသခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုလိုက်ပါ။
၅။ ။ အဓိဋ္ဌာန်….
အတိတ်က အရိပ်မဲများကို ပြန်လည်မစဉ်းစားပဲ… သစ်လွင်သော စိတ်သစ် ကိုယ်သစ်ဖြင့် .. အချိန်မှန်မှန် အလုပ်ဆင်းအလုပ်တက်မည်၊ တတ်နိုင်သလောက် ကူညီစောင့်ရှောက်မည်။ လူမှုကူညီရေးအသင်းတွေမှာ ပါဝင်ကူညီမည်။ ကျန်းမာရေးလေ့ကျင့်ခန်းအတွက်.. အချိန်ဇယာ ထားရှိမည်။ TV ကြည့်ခြင်းကို လျော့ချပြီး အိပ်ရေးဝဝ အိပ်မည်။
ဤနည်းများဖြင့် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ငြိမ်းငြိမ်းချမ်းချမ်း မင်္ဂလာရှိရှိ 2012 နှစ်သစ်ကို ကြိုဆိုကြပါစို့…
တိုရန်တို ဆောင်းပါ သတင်းစာကို သင့်တင်အောင် ဘာသာပြန်ပါသည်။
No comments:
Post a Comment