Thursday, March 3, 2011

ကရုဏာ

ဆင်းရဲသော ဒုက္ခိတသတ္တဝါ များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမှုကို “ကရုဏာ” ဟုခေါ်သည်။ ကရုဏာစိတ် အစစ်ဖြစ်သောအခါ ဆင်းရဲဒုက္ခရောက်နေသာ သတ္တဝါများကို ကယ်တင်လို၏။ သူ၏    ဆင်းရဲမှုကို သက်သာသမျှ သက်သာအောင် စောင့်ရှောက်လို၏။ ကူညီထောက်ပံ့လို၏ ထိုသို့ မကူညီနိုင်လျှင် များစွာစိတ်ထိခိုက်၏။ ရင်ထဲမှာ ပူလောင်သလိုဖြစ်၏။ ဤသို့စိတ်ကိုထိခိုက်ခြင်းကား ကရုဏာအစစ်မဟုတ်ပါ။  ကရုဏာအရင်းခံ၍  သူတော်ကောင်းသန္တာန်မှာဖြစ်တတ်သော ဒေါမနဿအကုသိုလ် လေးမျှသာဖြစ်သည်။ ဤအကုသိုလ်းလေးကာ ယုတ်မာ ဆိုးရွားလှသည်မဟုတ်ပါ။ ဒုက္ခိတသတ္တဝါကိုမြင်လျှင် သူတော်စင်တို့သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံပင်တည်း။ 

ကရုဏာအတု..
တစ်ခါတစ်ရံ မိမိနှင့်သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင်ရကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘေားများဖြစ်တတ်၏။ ထိုအခါ ကရုဏာအစစ်လိုလိုနှင့် သောက ဖြစ်တတ်လေသည်။ ကရုဏာအစစ်သည် သနားကြင်နာသော်လည်း စိတ်ကို မပူပန်စေတတ်။ ကရုဏာအတုကား ပူပူပန်ပန် ရှိလေသည်။
ပုဂ္ဂိုလ်ထူးများ၏ စိတ်ထား
          သူတော်ကောင်း အခေါ်ခံသူ ယခုလူတို့တွင် တကယ်သနားစရာ ဒုက္ခိတ သတ္တဝါမြင်ရမှသာ ကရုဏာဖြစ် နိုင်ကြ၍ ၊ တကယ်ချစ်စရာ ဆွေမျိုးဥာတိ စသူတို့ အပေါ်၌ သာ  မေတ္တာဖြစ်နိုင်ကြ၏။ အထက်တန်း ပါရမီကို ဖြည်တော်မူကြသော အလောင်းလျာနှင့် ပါရမီရင့်ပြီး သူတော်ကောင်းကြီးတို့ကား (မိမိ၏ သားသမီးလေးများ ဆင်းရဲနေသောအခါ မိဘတို့၌ ပြင်းပြစွာ ကရုဏာဖြစ်သကဲ့သို့) သတ္တဝါဟူသမျှတို့ အပေါ်တွင် မတော်တဆ ကျရောက်မည့် အပါယ်ဘေး၊ ဝဋ်ဆင်းရဲဘေးတို့ကို မြော်တွေးတော်မူကာ ကရုဏာ သက်တော်မူကြသည်။ (ချစ်စရာမကောင်းသော သားကလေးကိုပင် မိဘ၏မေတ္တာက အလျှော့ မပေးဘဲ လေးလေးပင်ပင် ချစ်ခင်သကဲ့သို့) သတ္တဝါအားလုံးကိုလည်း သိမ်းကျုံး၍ ချစ်ခင်သော မေတ္တာစွမ်းဖြင့် လွန်စွာ ချစ်ကြည်တော်မူကြပေသည်။
       ထိုကဲ့သို ဖြူစင်မြင့်မြတ်သော မေတ္တာကရုဏာ ဓာတ်ခံသည် ပါရမီတာ် ဖြည့်စဉ်ကပင် ကိုယ်တော်သန္တာန်၌ အနှစ်တည်ကာ အမြုတေးအလား ကြီးမားခိုင်ခန့််စွာ ပါလာခြင်းကြောင့် ဘုရားဖြစ်တော်မူခါနီး၌ အကြီးအကျယ် နောက်ယှက်လားသော မာရ်နတ်အပေါ်ဝယ် မပြတ်သောမေတ္တာဖြင့် ရှုစားတော်မူနိုင်သည့်အပြင် အသက်ကို ရန်ရှာနေသော အရှင်ဒေဝဒတ် အပေါ်မှာပင် ကရုဏာသက်တော်မူနိုင်ပေသည်။ 

          ထို့ကြောင့် ယခုအခါ သူတော်စင် ဖြစ်လိုသူတိုင်း အလောင်းတော်၏ စိတ်ထားပုံကို အတုယူကာ “ သူတော်မှ ငါကောင်းမည်”ဟု သဘေားမထားကြဘဲ။ သူတော်တော်မတော်တော် ငါတော်မည်”ဟု အဓိဋ္ဌာန်ပြုလျှက် မေတ္တာအစစ် ကရုဏာအစစ်ဖြစ်အောင် သတိထား နိုင်ကြပါစေသတည်း။ 
ကိုယ်ကျင့်အဘိဓမ္မာမှ

No comments:

Followers

My Blog List