များသောအားဖြင့် လူတွေဟာ မြေလျှိုး မိုးပျံခြင်းကိုသာ ‘ဈာန်’ ဟု အမှတ်မှား တတ်ကြပါတယ်။ ဈာန်ဆိုတာ မိမိဆိုင်ရာ ကိစ္စမှာ စူးစူး စိုက်စိုက် စိတ်ပါဝင်စားစွာ ပြုလုပ်ခြင်းဖြစ်ပါတယ်။
“ဝိတက္က ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ” ဟူသော ဈာန်အင်္ဂါများဖြင့် ဆိုင်ရာကိစ္စတခုကို စူးစူး စိုက်စိုက် ပြုလုပ်ခြင်းကြောင့် ထိုဈာန်စိတ်များနှင့် အတူ အပေါင်းအဖော် စိတ် စေတသိတ်များ ဖြစ်ကြသည်ကို ဈာနပစ္စယော ဟု ဟောတော်မူပါတယ်။
တရားပဲထိုင်ထိုင်၊ မိမိဆိုင်ရာ အလုပ်ပဲ လုပ်လုပ် စူးစူး စိုက်စိုက် လုပ်ဖို့ အရေးကြီးပါတယ်။ သို့မဟုတ်ပါပဲ အရူးတစ်ယောက်လို ထမင်းစားနေရာမှ ပြီးအောင်မစားပဲ သီချင်းထဆိုသလို တရားထိုင် ဘုရားရှိခိုးနေရာမှ တောင်တွေး မြောက်တွေးရင်တော့ မိမိကိုယ်မိမိ အရူးတစ်ယောက် ဖြစ်နေပြီးဟု သတိပေးပါတော့။
လူစိတ်ဟာ ထိမ်းရ သိမ်းရခက်ပါတယ်။ တချိန်တည်းမှာပင် အာရုံမျိုးစုံ တွေးတော နေတတ်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓ ဟောတော်မူတဲ့အတိုင်း အလုပ်တခု လုပ်မယ်ဆိုရင်.. ကြံစည်ခြင်း (ဝိတက်) အဖန်ဖန် သုံးသပ် ဆင်ခြင်ခြင်း (ဝိစာရ) ကျေနပ် နှစ်သက်ခြင်း (ပီတိ) ပျော်ရွှင်မှု ခံစားရခြင်း (သုခဝေဒနာ) အလုပ်ထဲမှာ မိမိစိတ်ကို မြှုပ်နှံထားခြင်း (ဧကဂ္ဂတာ) ဟူဟော ဈာန်တရားများ ပါဝင်လာအောင် လုပ်ဆောင်ရမယ်။ ဒါဆိုရင် မိမိရည်မှန်းချက် အောင်မြင်မယ်၊ လိုရာကိစ္စကို အချိန်တိုတွင်းမှာ ပြီးနိုင်ပါတယ်။
“ယခုပြီးမှာ ယခုလုပ် ၊ နောင်မှပြီးမှာ နောက်မှလုပ်”ဟူသော ဆိုရိုးစကားတိုင်း အလုပ်တွေကို ရောထွေးပြီး တပြိုင်နက် မလုပ်ပါနှင့်၊ တခုချင်းလုပ်ပါ၊ ယခုပြီးဖိုလိုသော အရာကို ယခုချက်းလုပ်လုပ်ပါ၊ နောင်မှ လုပ်စရာ လိုသောအရာကို နောင်မှပဲ အေးအေးဆေးလုပ်ပါ၊ မိမိစိတ်ကိုလည်း မိမိလုပ်ရာ အာရုံမှာ ဈာန်ဝင်စားနိုင်အောင်ကြိုးစားပါ၊ ကနဦးစမှာတော့ ခက်ခဲသယောင် ရှိပါလိမ့်မယ် အလေ့အကျင့် ဖြစ်သွားရင်တော့ တည်ငြိမ်ရင့်ကျက်တဲ့ လူသားတယောက်ဖြစ်လာမှာပါ။
တည်ငြိမ်ရင့်ကျက်သော လူတစ်ယောက်ဖြစ်လာဖို့ ဈာန်ဝင်စားကြပါစို့
No comments:
Post a Comment