Tuesday, January 25, 2011

အချစ်မှားများ... မဖြစ်ရလေအောင် ပထမပိုင်း

ဘုန်းဘုန်း.. ဘုန်းဘုန်း..
“တပည့်တော်မ မေးလျှောက်စရာရှိလို့ဘုရား” ဟု ရင်ထဲမှ မဝေခွဲနိုင်သံ ..ဒွိဟသံသယသံများဖြင့် လျှောက်ထားလာသူမှာ တပည့်မ လမင်းဖြစ်ပါတယ်။

တပည့်မ လမင်းဟာ ခါတိုင်းဆို ဘယ်တော့မှ တစ်ယောက်ထည်း ဘုန်းကြီးကျောင်းကိုလာလေ့မရှိပါ။ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများနှင့် လာတတ်လေ့ရှိပါတယ်၊ ဘုန်းတော်ကြီးကျောင်းသို့ လာလျှင်လည်း လက်ထဲမှာ ပန်း သို့မဟုတ်၊ သစ်သီး သို့မဟုတ် လှူစရာ တစ်ခုခု ပါလာမြဲပင်ဖြစ်ပါတယ်။ ယခုရောက်လာသည်ကား.. တစ်ယောက်တည်း နံက် စောစောအချိန်။

လမင်းတစ်ယောက် မြန်မာနိုင်ငံရဲ့ ပညာရေးကို အားမရလို့ နိုင်ငံခြားတိုင်းပြည်မှာ ကျောင်းလာတက်ပြီး ဘွဲ့ရအပြီးတွင် နိုင်ငံခြားမှာပဲ ကွန်ပျုတာ ကုမ္မဏီတခုမှာ အလုပ်လုပ်နေခဲ့ပါတယ်။
မိဘများကလည်း မြန်မာနိုင်ငံမှာ အဖေနှင့် အမေကလည်း အကြောင်းအမျိုးမျိုးကြောင့် မသေခင်က ရှင်ကွဲ ကွဲဆိုသလို အမေတကွဲ အဖေတကွဲ ..သမီးတကွဲပါပဲ။

လမင်းတယောက် လိမ္မာရေခြားရှိသလို အလုပ်ဌာနမှာလည်း လာဒ်မြင်တတ်ပြီး ဖြတ်ဖြတ်လတ်လတ်ရှိလို့ အလုပ်ဝင်ပြီး များမကြားမှာ မန်နေဂျာ အဆင့်ထိရောက်ခဲ့ပါတယ်။ နိုင်ငံခြားတိုင်းပြည် အလုပ်တွေမှာ ပြိုင်ဖက်တွေက သိပ်များသား .. ဒီထဲမှာ အသက်လေးဆယ်ကျော်ဆိုရင် ကုမ္မဏီတွေက သိပ်ပြီး အလုပ်မခန့်လိုတော့ကြ။

လမင်းတယောက် အလုပ်မှာ သွက်သွက်လက်လက် ရှိသလို့ ဥပဓိရုပ်ရေလည်း လှလှပပ ချစ်စဖွယ်လေးပါပဲ၊ အပြောကောင်းတယ် လူတွေကိုခင်တတ် မင်တတ်တယ်၊ စကားပြောရင် အပြုံလေးနဲ့ လူတွေကို ဆွဲဆောင်နိုင် စွမ်းရှိပါတယ် လမင်းရဲ့ ငယ်ဂုဏ်ကလည်း ယောက်ျားသားတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်လို့ပဲ ဆိုရပါမယ်။

နိုင်ငံခြားတိုင်းပြည်မှာ မိဝေးဖဝေး ဆိုတော့ အရေးအကြောင်း တိုင်ပင်ဆွေးနွေး စရာရှိလျှင် မြန်မာတို့ ဓလေ့ထုံလမ်းစဉ်လာအရ ရွာဦးကျောင်း ဘုန်းတော်ကြီးကိုပဲ တိုင်ပင်ဆွေးနွေးကြပါတယ်။ နိုင်ငံခြားတိုင်းပြည် ဘုန်းကြီးတွေကတော့ အိမ်ထောင်ရေး ၊လူမှုရေး ၊ဘာသာရေး စသည်အားလုံးကို ကူညီ ဆောင်ရွက် အကြံပေးရတဲ့ ပုဂ္ဂိုလ်များ ဖြစ်မှန်းမသိဖြစ်နေပါပြီ။

တချို့ လင်းမယားချင်း အဆင်မပြေလို့ ဘုန်းဘုန်းဆီး ရင်ဖွင့်ကြ ၊ တချို့က “ဘုန်းဘုန်းရေ.. ဘုန်းဘုန်းဒကာကို ကြည့်ပြေားပေးပါဦး. . ခုတလော.. ခြေလှမ်းတွေ မှားနေတယ်” ဆိုတာက တမျိုး၊ ဘုန်းဘုန်းရေ.. “တပည့်တော်မ သားကတော့ ဆုံးမလို့မရဘူး. ဆုံးမပေးပါဦး” ဆိုသည်ကတဖုံ စသည်စသည် စုံလို့ပါပဲ။

ယမင်းတစ်ယောက်လည်း.. မိဝေး ဖဝေးဆိုတော့ ကိစ္စရှိလို့ တိုင်ပင်စရာရှိရင် ဘုန်းဘုန်းကျောင်းကို ရောက်လာ မြဲ၊ ဘုန်းဘုန်းက အမှားအမှန် ၊ တော်၏ ၊မတော်၏၊ ဖြစ်သင့် ၊ မဖြစ်သင့် ဝေဖန် စီစစ်ပြရပါတယ်။

“ အိမ်း….တပည့်မ ဘာတွေ ဖြစ်ကုန်လို့လည်း ပြောစမ်းပါဦး၊ မလာစဖူး အလာထူး နံက်စောစောစီစီိ..”
“တပည့်တော်မ ဘယ်ကနေ စပြီး ပြောရမှန်တောင်မသိပါဘူးဘုရား။ ညကလည်း ဒါကိုပဲ စဉ်းစားရင်းနဲ့ အိပ်လို့ မပျော်ဘူးဘုရား။ အတွေးထဲမှာ ဒီအကြောင်းက စိုးမိုးနေပါတယ်ဘုရား”

“ကဲကဲ… သိပ်ပြီးတော့လည်း တွေးမနေနဲ့ ပြောပါဦး..”

“တပည့်တော်မ ကုမ္မဏိက ဘော့ (စ်) က တပည့်တော်ကို လက်ထက်ခွင့် တောင်းနေပါတယ်ဘုရား”။
ဟင်း..
ဟုတ်ရဲ့လား?
တကယ်ပဲလား
တပည့်မ စကားဆက်လည်း ဆက်မပြော ခေါင်းငိုက်စိုက်နဲ့ ဘာကိုမှ ဝေခွဲ၍ မရသော မျက်လုံးမှ မျက်ရည်များဖြင့်..

‘ကြိုးချင်းထားတော့ ကြိုးချင်းငြိ၊ အိုးချင်းထားတော့ အိုးချင်ထိ’ ဆိုတဲ့အတိုင်း လူတွေရဲ့သဘာဝ တွေနေ မြင်နေ ကြတော့လည်း တစ်ယောက်နှင့်တစ်ယောက် ခင်မင်မှု သံယောဇဉ် ထိုမှတဆင့် သံယောဇဉ်များခိုင်မာလာပြီး တစ်ယောက်နှင့်တစ်ယောက် စွဲမက်မှု အချစ်နယ်ပယ်သို့ မသိမသာ ရောက်သွာကြသည်ဆိုပါတော့။
တပည့်မ တစ်ယောက်လည်း လူသားပင်မဟုတ်လား အမြဲတမ်းတွေ့နေ မြင်နေရတော့ ဘော (စ်) အပေါ်မှာ သံယောဇဉ်ကတော့ရှိမှာပါပဲ။

အသက်အရွယ်အားဖြင့် ပြောရင်တော့ သိပ်မကွာလှ ( ၁၀) နှစ်လောက်ပါပဲ၊ သို့သော်ငြားလည်း ဘော(စ်) မှာက မယားကြီးနဲ့ ကလေးနှစ်ယောက်ရှိနေပြီးသား။

"တပည့်မရယ် ..မင်းအသက် ငယ်ပါသေးတယ်။ လုပ်စရာတွေ လေ့လာစရာတွေ အများကြီး ကျန်ပါသေးတယ် ဒါတွေကို မစဉ်းစာပါနဲ့ဦး။ တဖက်က ကြည့်တော့လည်း သူမှာလည်း မလွတ်မလပ်နဲ့ ကလေးနှစ်ယောက်အဖေ မယာကြီးနဲ့ သူတို့ရဲ့ သာယာလှပတဲ့ အချစ်အိမ်ကလေးကို မဖြိုခွဲ စမ်းချင်ပါနဲ့။ ဘုန်းဘုန်းလည်း တပည့်မရဲ့ ခံစားချက် ဝေဒနာတွေကို ခမှန်နိုင်ပါတယ်။ သို့သော်ငြားလည်း ဆုံးဖြတ်ချက် တစ်ခုမှားသွားတာနဲ့ ဘဝသံသရာမှာ ဒီအမှားကြီးက ခြေဖျက်လို့ မရတော့ဘူး တပည့်မရဲ့"။

No comments:

Followers

My Blog List