မင်းဟာ .. ငါ့ရဲ့နောက်ဆုံး ရည်းစားဆိုပေမယ့် အချစ်ဆုံးမို့ လက်ထပ်ခဲ့တာပါ… အသက်ထက်ဆုံး… သံသရာ ဆုံးသည့်တိုင်အောင် မင်ဟာ .. ငါရဲ့ အချစ်ဆုံးဖြစ်နေမှာပါ .. ဒါဟာ နောက်ဆုံး ငါရဲ့နှလုံးသားရဲ့ဆုံးဖြစ်ချက်ပါပဲ။
နောက်ဆုံးဆိုပေမယ့်.. အထင်မသေးပါနဲ့နော်.. “ နောက်ဆုံးပိတ် အိပ်နဲ့လွယ်” ဆိုသလို့ တစ်ခါတရံမှာ ဆုကြီး လာဒ်ကြီးတွေ ရတတ်ပါသေးတယ်။
နောက်မှ ဖြစ်တဲ့ စိတ်၊ စေတသိတ်တွေက.. ရှေးရှေးကဖြစ်တဲ့ ရုပ်တွေကို ကူညီထောက်ပံ့ခြင်းကို ‘ပစ္ဆာဇာတပစ္စယော’ လို့ဟောတော်မူပါတယ်။
လူငယ်များ အားကျဖွယ်….
နောက်မှဖြစ်တဲ့စိတ်ဓာတ်တွေက .. ဘဝကို အမြင့်မားဆုံးရောက်အောင် ပစ္ဆာဇာတပစ္စည်းဖြင့် ကျေးဇူးပြုတဲ့ သာဓကထုတ်ပြပါရစေ..
အေဗရာဟမ်လင်ကွန်း .. သူ့ကို လူတိုင်းသိကျမှာပါ။ သူဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ မှတ်တမ်းတင်ခဲ့တဲ့ ငွေဝယ်ကျွန် စနစ်ကိုဖြတ်သိမ်းနိုင်ခဲ့တဲ့ သမ္မတတယောက်ပါ။
သူဟာ ဘဝအစမှာ ဘာဆိုဘာမှမရှိ ကျောင်းတက်ရန် ဘုန်းကြီးကျောင်း တန်းကျောင်းဆိုတာ မကြားဘူး။ သူမွေးဖွားတာက ရွာလို့တောင် သတ်မှတ်လို့မရတဲ့ အခေါင်အဖြား ချောင်ကြားထဲမှာ၊
လူပျိုပေါက်အရွယ်မှ စာသင်ခဲ့ရ သို့သော် ဆယ့်နှစ်လတောင် မပြည့်ခဲ့၊
ဒါပေမဲ့ ပစ္ဆာဇာတပစ္စည်းအကျိုးဆက် နောက်မှ မွေးဖွားပေါ်ပေါက်လာသော အထောက်အပံများကား..
သူမှာ အရည်အချင်းတွေ စိတ်ဓာတ်တွေ ရှိသည်၊
စိတ်ကောင်း နှလုံးကောင်းရှိသည်၊
မည်သူကိုမှ ရန်ညိုးမထားတတ်၊
ပုံတိုပတ်စများဖြင့် ခင်မင်ဖွယ် စကားပြောတတ်သည်၊
စာဖတ်ဝါသနာကြီးသည်။
အတန်းပညာမရှိသော်လည်း ကိုယ်တိုင်ရှာ ပညာဖြင့် ဘဝကိုမြှင့်တင်သည်၊
ရည်မှန်းချက်ကြီးသည်၊
စူးစိုက်မှု၊ စိတ်ရှည်သီးခံမှု၊ ဖြောင့်မတ်တည်ကြည်မှု စသော နောက်မှ မွေးဖွားလာသော ပစ္ဆာဇာပစ္စည်း အကျိုးဆက်များက အမေရိကံနိုင်ငံရဲ့ ‘သမ္မတအေဗရာဟမ်လင်ကွန်း’ အဖြစ်ကို တင်ပို့ပေးခဲ့သည်။
ပစ္စည်းဟူသည် မရှိသေး မဖြစ်သေးသော အကျိုးတရားများကို ရှိအောင်ဖြစ်အောင် ကျေးဇူးပြုခြင်း၊ ရှိပြီးသား ၊ ဖြစ်ပြီးသားကို တည်တံ့ခိုင်မာအောင် ထောက်ပံ့ကူညီသောအားဖြင့် ကျေးဇူးပြုခြင်းဟု နှစ်မျိုးရှိရာတွင် ပစ္ဆာဇာတပစ္စည်းသည် ထောက်ပံ့ကူညီသော အမျိုးအစားးဖြစ်ပါတယ်။
‘စိတ်ပျိုတော့ ကိုယ်နု’ ဟူသောစကားရှိပါတယ်။ စိတ်ဓာတ်နုပျိုလတ်ဆက်ပါက အသက်အရွယ်ကြီးရင့်စေကာမူ ရုပ်မကျပဲ နုပျို၍ “ မအိုသေးတဲ့သူ အပျိုလေးနဲ့တူ “ ဟုဆိုရလောက်အောင် နုပျိုတတ်ပါတယ်။
“စိတ်ထောင်းတော့ ကိုယ်ကြေ” ဟူသော စကားလည်းရှိပြန်ပါတယ်။ ကင်ဆာ ရောဂါရှိနေမှန်း မသိသေးသော သူသည် မသိခင်က ဘာမှမဖြစ်သလိုပင်၊ သိပြီဆိုလျှင်ကား စိတ်ဓာတ်ကျကာ အကောင်းပကတိမှ ချက်ချင်းပင် လူနာကြီးလုံးလုံးဖြစ်သွားတတ်ပါတယ်။
တတ်သောစိတ်က ရုပ်ခန္ဓာတတ်ကြွအောင် ကျေးဇူးပြု၍ ကျသောစိတ်က ရုပ်ခန္ဓာချည့်နဲ့အောင် ကျေးဇူးပြုခြင်းကို သဘောပေါက်ကာ ပစ္ဆာဇာတ ပစ္စည်းကို ကောင်စွားအသုံချ၍ … စိတ်ရွှင်လန်း၍ ပန်းကလေးများလို့ ကိုယ်လည်း လန်းကြပါစေ။
No comments:
Post a Comment