Tuesday, February 16, 2010

သူ များ အကျိုး ဆောင် ကိုယ့် အကျိုး အောင်

 ရှေးရှေးတုန်းက မစားနိုင် မသောက်နိုင်လောက်အောင် နေမကောင်းသူတစ်ဦးရှိခဲ့တယ်။ ကျန်းမာရေး မကောင်းလို့ အလွန်ကို စိတ်မချမ်း မသာဖြစ်နေခဲ့ပါတယ်။ သူဟာ ဆေးမျိုးစုံကိုလည်း သောက်ခဲ့ပြီး၊ ဆေးဆရာမျိုးစုံနဲ့လည်း  တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။  ဒါပေမယ့် တစ်နေ့ထက် တစ်နေ့ ပိုပိုအားနည်းလာတယ်။ အဲဒီနောက် တစ်နေ့မှာ သတင်းကောင်းတစ်ခုရရှိတယ်။ အရှေ့မှ တိုင်းပြည်တစ်ပြည်မှာ ဆင်းရဲသူကို ချမ်းသာအောင် ဘယ်လိုလုပ်ရမယ်။ နေမကောင်းသူကို ကျန်းမာလာအောင် ဘယ်လိုလုပ်ရလို့ ပြောနိုင်တဲ့ ဗေဒင်ဆရာတစ်ဦးရှိတယ်တဲ့။ သူဟာ ဘာပဲဖြစ်ဖြစ် ဒီဗေဒင်ဆရာကို သွားတွေဖို့ ဆုံဖြတ်လိုက်တယ်တဲ့။
သူခရီးစတင်လျှင်ပင် သက်သာလာပြီး  လမ်း ကောင်းကောင်လျှောက်လာနိုင်တယ်။ ဒါဟာ ကောင်းတဲ့ နိမိတ်၊ ဗေဒင်ဆရာဟာ သူအတွက် သင့်လျှော်သူတစ်ဦးလို့ အဓိပ္ပါယ်ဆောင်တယ်လို့ သူထင်မိတယ်။  လူနာဟာ ညနေအထိ ဆက်လျှောက်သွားတယ်။  ညောင်ပင် တစ်ပင်ကိုမြင်တော့ နောက်ထပ်ဆက်သွားဖို့ အချိန် သိပ်နှောင်းနေလို့ အဲဒီညောင်ပင်အောင်မှာပဲ အိပ်ရန်ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက် သစ်ပင် အောင်မှာ သူဖို့ နေရာတစ်နေရာ ရှင်းလင်းပြီး ညအတွက် စခန်းချလိုက်တယ်။  နေရာချထားပြီးနောက်မှာ ညောင်ပင်စောင့်နတ်ဟာ သူ့ရှေ့မှာ ပေါ်လာတယ်။ “သင်.. ဘယ်သွားမလို့လဲ။ ဘာအတွက် ကျွန်ုပ် သစ်ပင် အောက်မှာ သင် အိပ်နေသလဲလို့” နတ်က အဲဒီလူကို မေးတယ်။ 
ကျွန်တော် နာမည်ကျော် ဗေဒင်ဆရာကို မေးဖို့ အရှေ့နိုင်ငံ တစ်နိုင်ငံပကိုသွားမယ်။  ဒီလိုဆိုယင် ကျေးဇူးပြုပြီး ကျွန်တော့်အတွက် မေးခွန်းတစ်ခုမေးခဲ့ပါလို့ နတ်က မှာလိုက်တယ်။
“ကျွန်တော်ဟာ ဒီညောင်ပင်က ထွက်ခွာသွားချင်ပေမယ့် ဘာလို့လုံးဝ ထွက်ခွါလို့ မရသလဲ”ဆိုတာ ကျေးဇူးပြုပြီးသူကို မေးပေးပါ။  မေးပေးပါမယ်လို့ ကတိပြုပြီး အဲဒီည ညောင်ပင်အောက်မှာ အိပ်ကာ နောက်တစ်နေကျတော့ ခရီးဆက်ခဲ့တယ်။ များမကြာမှီမှာပဲ တောင်ပို့ကြီးတစ်ခုကို ရောက်သွားတယ်။
အဲဒီတောင်ပို့ထဲက မြွေကြီးတစ်ကောင် ထွက်လာပြီး သူသွားမယ့်လမ်းကို ကန့်လန် ဖြတ်နေတယ်။ “ ဘယ်သွားမလို့လဲ ..ဘယ်သွားမလို့လဲ..”လို့ မြွေက ခရီးသည်ကိုမေးတယ်။  “အို မြွေမင်း ကျွန်တော်ဟာ နာမည်ကျောင် ဗေဒင်ဆရာမေးဖို့ အရှေ့နိုင်ငံ တစ်နိုင်ငံကိုသွားမယ်။ ဒါဖြင့် ကျေးဇူဲးပြုပြီး ကျွန်တော့်အတွက် သူ့ကိုမေးခဲ့ပါလို့ မေးခဲ့ပါလို့ မြွေကြီးက ပြောတယ်။  “ဘယ်လောက်ပင် ကြိုးစားပေမယ့် ဘာလို့ ဒီတောင်ပို့က ထွက်ခွါမသွားနိုင်တာလဲဆိုတာ ကျွန်တော်သိချင်တယ်”
“ကောင်းပြီး ကျွန်တော် ဗေဒင်ဆရာကို ခင်ဗျားအတွက် မေးပေးမယ်” လို့ လူနာက ကတိပေးလိုက်တယ်။  အိမ် အပြန်လမ်းမှာ ဒီကိုပြန်လာပြီ သူဘာဖြေပေးလိုက်တယ်ဆိုတာ ခင်ဗျားအား အသိပေးပါမယ်”
ဒီကတိကို ကျေနပ်သွားတဲ့ မြွေကြီးက သူ့တွင်းထဲ ပြန်ဝင်သွားတော့ လူနာဟာ ခရီးဆက်ပြန်တယ်။  ကမ်းပါးတစ်ကို ရောက်တဲအထိ သူတဖြည်းဖြည်း ခရီးခက်ခဲ့တယ်။  ကူတို့လှေတို့မရှိဘဲ ဒီကျယ်ဝန်းတဲ့ မြစ်ကြီးကို ငါ အခု ဘယ်လိုဖြတ်ကူးရပါမလဲ” လို့ သူတစ်ယောက်တည်း တွေးနေတယ်။  ဘာလုပ်ရမလဲလို စဉ်းစာနေရင်း မြစ်ကမ်းမှာ သူထိုင်နေတယ်။  သူ အဲဒီလို တွေးရင်း ထိုင်နေစဉ်မှာ မိချောင်းကြီး တစ်ကောင် သူဆီကို ရေကူးလာတယ်။

No comments:

Followers

My Blog List