Tuesday, February 10, 2009

(၆၂) မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အရှင်ဃောသက မိန့်ခွန်း


ဗန်ကူးဗား၊ ကနေဒါနိုင်ငံ
ဖေဖော်ဝါရီလ (၉) ရက်
(၆၂)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကြွရောက် လာကြသော လူကြီးမင်း များနှင့် ဧည့်သည်တော်များ “မင်္ဂလာပါ” ဟုရှေးဦးစွာ နုတ်ခွန်းဆက်ပါတယ်။



ရှေ့က တိုင်းရင်းသားညီအကိုမောင်နှမများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် “ပင်လုံစာချုပ်” အကြောင်းများကို နောင်လာ နောင်သားများမှတ်သားဖွယ်ရာတင်ပြသွား သည့်အတွက် အထူးပဲကျေးဇူးတင်ပါတယ်။

ဦးဇင်းအနေနဲ့ကတော့ “ပြည်ထောင်စု”ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရှေ့အနာဂတ် အမိမြန်မာနိုင်ငံတော်ကြီး ဖွင့်ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလုပ်သင့်သလဲဆိုတဲ့ အချက် အလက်များကို တင်ပြသွားပါမယ်။





“ပြည်ထောင်စု” ဆိုတဲ့ အမည်ဟာ သိပ်မြတ်နိုးစရာ ကောင်းတဲ့အမည်ပါ။


“ပြည်”ဆိုတာ.... ရှမ်း..ကရင်..မွန်.. ရခိုင်..စတဲ့ ပြည်နယ်များ။

“ထောင်” ဆိုတာ.... တည်ထောင်တားတဲ့။

“စု”ဆိုတာ... မိသားစုကြီးပဲဖြစ်ပါတယ်။

ဒီလို တိုင်းနဲ့ပြည်နယ်များ စုပေါင်းတည်ထောင်ထားတဲ့ မိသားစု ညီအကို မောင်နှမများ ပြည်ထောင်းစုကြီး တိုးတက်ဖွင့်ဖြိုးဖို့အတွက် ပြည်ထောင်စု တိုင်းရင်းသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီလိုမဟုတ်ဘဲ “သူတလူ ငါတမင်း” မိသားစု အချင်းချင်း အမွေခွဲနေကြမယ်ဆိုရင် အေးချမ်းမှုမရပဲ၊ မိသားစု အပြင်ဖတ်က အချောင်းသမားများရဲ့ အစာဖြစ်သွားပါမယ်။

ဒါကြောင့် ပြည်ထောင်စု တိုင်းရင်းသားများဟာ လက်ချောင်းလေများ တစ်ချောင်းစီ တစ်ချောင်းစီလို ပြန့်ကား မနေပဲ၊ လက်သီးလို ကျစ်လစ်ခိုင်မာအောင် ညီညွတ်ကြရပါမယ်။
ပြန်ကားနေတဲ့ လက်တစ်ချောင်းစီဖြင့် နံရံကို မထိုးဖောက်နိုင်ပါဘူး။ ကျစ်လစ်ခိုင်မာအောင် ဆုပ်ထားတဲ့ လက်သီးနဲ့တော့ နံရံကိုလွယ်ကူစွာ ထိုးဖောက်နိုင်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု တိုင်းရင်းသားများ လက်သီးလို ကျစ်လစ်ခိုင်မာအောင် စည်းလုံးညီညွတ် ကြပါလို့ တိုက်တွန်းပါရစေ။

ယခုလက်ရှိအချေအနေအရ “နအဖ” အစိုးရဟာ (၂၀၁၀) မှာ ရွေးကောက်ပွဲ ထပ်လုပ်မယ်လို့ ကြေညာထားပါတယ်။ ဒါကို ညီးအကို မောင်နှမများက နောက်ကပဲ လိုက်မလား? ရှေ့ကပဲသွားမလား?

ဦးဇင်းအနေနဲ့ကတော့ “ဆင်ကန်း တောတိုး ဘုမသိ ဘမသိ” တဲ့ နိုင်ငံရေသမားမျိုးကို မလိုချင်ပါဘူး။ စစ်အစိုးရကို ဥပဒေရေးရာ၊ နည်းပညာရေးရာ အားလုံးကို ယှဉ်ပြိုင်နိုင်မယ့် မြန်မာပြည်သူများကို ကိုယ်စားပြုတဲ့ “အာဇာနည်၊ သူရဲကောင်းများ”ကို အလိုရှိပါတယ်။

ဒါကြောင့် အရည်အချင်းရှိသော မျိုးဆက်သစ်များ မွေးထုတ်ပါ။ Political Science ကျောင်းတတ်ခိုင်းရပါမယ်။ မြန်မာပြည်တစ်ပြည်လုံးကို ကိုယ်စားပြုတဲ့ စွမ်းနိုင်တဲ့ မည်သည့်လူမျိုးစုထဲကမဆို ရှမ်းဖြစ်စေ ၊ ကရင်ဖြစ်စေ၊ ကချင်ဖြစ်စေ... ပေါ်ပေါက်လာမယ့် အာဇာနည်၊ သူရဲကောင်းများကို ကြိုဆိုပါ တယ်။

နောက်နှစ်တွေမှာ ပြည်ထောင်စုပွဲများလုပ်တဲ့အခါမှာ ကလေးများပါဝင်တဲ့ ရိုးရာဆိုင်ရာ ယဉ်ကျေးမှု ပြပွဲများပါဝင်သင့်ပါတယ်။ မိမိရင်သွေးများကိုလည်း ပြည်ထောင်စု စိတ်ဓာတ် လက်ဆင့်ကမ်းရပါမယ်။

ဒါကြောင့် မြန်မာပြည်သူ၊ ပြည်သားများ အေးချမ်းသာယာ၊ စီးပွားဥစ္စာ တိုးတက် ကြစေဖို့   ပြည်ထောင်စုတိုင်းရင်းသားများ အားလုံးညီညွတ်ကြပါစို့ တိုက်တွန်းရင်း နိဂုံချုပ်အပ်ပါတယ်။

No comments:

Followers

My Blog List