Thursday, January 29, 2009

ရင်ခုံမိတာ အချစ်လား?



ဘုန်းဘုန်း သီတင်းဘယ်တော့ကျွတ်မှာလည်းဘုရား..?
သီတင်းကျွတ်လ အဝေးကြီးလိုသေးတယ် တပည့်မရဲ့။ “၀ါ” တောင် မဆိုရသေးဘူး။ September လမှ သီတင်းကျွတ်မှာ တပည့်မရဲ့၊ ဘာလုပ်မလို့လဲ?

အထက်ပါမေးခွန်းမှာ အိမ်သို့ဆွမ်းကြွရန် ကားဖြင့်လာပင့်သော တပည့်မ Driver ရဲ့ မေးသောအသံပင်ဖြစ်ပါ၏။ တပည့်မ တစ်ယောက် နိုင်ငံခြာမှာ အနေကြာတော့ မြန်မာလ များကိုပင် ကောင်းကောင်း မမှတ်မိတော့ ဘုန်းကြီးကျောင်းမှာ လစဉ်ပွဲများ ဖြစ်သော်လည် မြန်မာနိုင်ငံမှာကဲ့သို့ လပြည့် လကွယ်များတွင် မလုပ်ဖြစ် အားလုံး အလုပ်ပိတ်သော စနေ၊ တနင်္ဂနွေနေ့များ၌သာလုပ်ဖြစ်၏။

မေမေကပြောတယ် သတင်းကျွတ်ကျရင် သမီးတို့ မင်္ဂလာဆောင်ရတော့မယ်တဲ့။ သြော်ဟုတ်လား? တပည့်မတောင် မင်္ဂလာဆောင်တော့မယ်နော်..။ ဘုန်းဘုန်းကလည်း “ဒီအရွယ်မှ အမြီးမပေါက် ဘာမျောက်လဲလို့” မေးတော့မယ်ပေါ့ဘုရား။

မှန်ပါသည်။ ကိုယ့်ရှေ့မှာ ကြီးလာသူတွေမို့ ကလေးအဖြစ်သတ် မှတ်ထား၏။ သို့သော်လည်း ကျောင်းပြီး၍ အလုပ်ခွင်တောင် ၀င်နေပြီးမဟုတ်ပါလား? စသည်ဖြင့် တပည့်မ အိမ်ထောင်ရေးနှင့် ပတ်သတ်၍ ဟိုင်းဝေး ကားလမ်းမ တစ်လျှောက် တပည့်မ မောင်းသောကားကို ငြိမ်းသက်စွာဖြင် စီးနင်းလိုက်ပါရင်း အချစ်အကြာင်းကိုတွေးမိလေ၏။

ဗုဒ္ဓစာပေတွေမှာတော့ “စက္ခု ရူပေန သံဝါသော” တဲ့ မျက်စိနှင့် အဆင်းရူပါရုံတို့ ပေါင်းဆုံလိုက်တဲအခါမှာ အချစ်ဖြစ်ပေါ်လာတယ် လို့ဆိုပါတယ်။ မြင်မြင်ခြင်းပဲ ချစ်မိတယ်ပေါ့လေ။ ဒါကိုပဲ စိတ်ပညာရှင်များက မျိုရိုးဗိဇအရ အဆင်းနဲ့ အနံဟာ တစ်စုံတရာကို တက်နှစ်သက်မိစေဖို့ “ခလုတ်”နဲ့တူတယ်တဲ့ ဒါနဲ့ ထိတွေ့မှု၊ ပေါင်းဆုံ မှု “ဖဿ” ဖြစ်လာချိန်မှာ “အချစ်” စတင်ဖြစ်ပေါ် လာတယ်လို့ဆိုပါတယ်။
ဓာတုဗေဒပညာရှင်တွေ သုတေသနပြုချက်အရတော့ အချစ်ပေါ် ပေါက်လာဖို့ အဆင့် ၄ ဆင်ရှိတယ်လို့ဆိုပါတယ်။

၁။ အဆင်းရူပါရုံနဲ့ မျက်စိတို့ပေါင်းဆုံမိလို့ “အချစ်” ပေါ် ပေါက်လာတယ်ပေါ့။

၂။ စွဲလမ်း,တိမ်းညွတ်,ကပ်ငြီခြင်း
ဒီတော့ အသိမှတဆင့် ဦးနှောက်ကို ဆုံးဖြတ်ဖို့ ပို့လိုက်တယ်တဲ့။ လက်ခ်ံနိုင်သော အချစ်လား စသည်ဖြင့်ပေါ့။ ဓာတုဗေဒ ဝေါဟာရတွေနဲ့ ပြောရရင်တော့ “ဖီနိုင်းအီသာလမင်း” (PEA)တွေထုတ်ပေးတယ်။ အဲဒီ PEA နဲ့အတူ အာရုံကြောဆိုင်ရာ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ (Dompamine) နဲ့ (Norepinephrine) ထုတ်ပေးပါတယ်။ ဒါတွေဟာ “သဘာဝရဲ့ အက်ဖတမင်” တွေပါတဲ့။ ဒီ ဓာတုပစ္စည်တွေဟာ ကြီးကျယ်သော ပျော်ရွင်ခြင်း၊ စိတ်လှုပ်ခြားခြင်း ဆိုတဲ့ ရသတို့သာမကဘဲ၊ စိတ်ကြီးဝင်ခြင်း (အထူးပျော်ရွင်ခြင်း) တွေကို အားပေးပါသတဲ့။ ဗုဒ္ဓစာပေနဲ့ပြောရင်တော့ “ဖဿ ပစ္စယာ ဝေဒနာ” မျက်စေနဲ့အဆင်းပေါင်းဆုံးခြင်းမှ စွဲလမ်းခြင်း။ “ဝေဒနာ ပစ္စယာ တဏှာ” စွဲလမ်းခြင်းမှာ တက်မက်ခြင်းတွေ ဖြစ်ပေါ်လာတယ် ပေါ့လေ။
ဓာတုဗေဒပညာရှင်တွေက ပြောသေးတယ် ဒီစွဲလမ်းခြင်းဟာ မမြဲပါဘူးတဲ့ အလွန်ဆုံး (၂)နှစ်မှ (၃) နှစ်သာခံတယ်လို့ဆိုသဗျ။ သွေးထွက်အောင် မှန်လိုက်လေ၊ ဗုဒ္ဓတော့ ခဏဖြစ် ၊ ခဏပျက်တဲ့။

၃။ စေးကပ် တွယ်ငြိ၊ သံယောဇဉ်ဖြစ်ခြင်း
“တစ်နေ့ မတွေ့ရရင် အိပ်လို့မပျော်ဘူး၊ စားလို့မ၀င်ဆို”....စတဲ့ သီချင်းလိုပေါ့လေ။ ဘယ်သူဆိုမှန်တော့ မမှတတော့်မိပါ။ မြန်မာပြည်တုန်းက လမ်းဘေးကွမ်းရာဆိုင်တွေက ကြားဘူးနေတဲ့ သီချင်းသံ။
အစုံအစုံသော ချစ်သူများရဲ့ ဦးနှောက်များထဲကနေ “ဖော်မင်” ဓာတ်လို အစွမ်းရှိတဲ့ “အင်ဒေါ်ဖင်” ဓာတ်တွေ လျှံလျှံကျနေရောတဲ့။ ကျသမှ အများကြီး တစ်ပုံကြီးတဲ့။ ဦးနှောက်ကို ဖြတ်သန်း စီးဆင်း “အင်ဒေါဖင် မြစ်ကြီးပေါ့လေ။ ဒီအခါမှာ လုံခြုံခြင်း ( အချစ်ဆိုတာ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ကြီးပေါ့) ငြိမ်းအေးမျောလွင့်ခြင်း (အချစ်ဆိုတဲ့ နိဗ္ဗာန်ဘုံပေါ့) မုန်တိုင်း မဆင်းမိ ငြိမ်သက်နေတဲ့ လေတစ်မျှ သာယာ လှပနေတဲ့( အချစ်ဆိုတာ လေပြေ လေညှင့်း) မောင်နဲ့သာဆိုရင်ကွယ် ဘယ်လိုပဲ အေးအေး မြောက်ဝန်ရိုးစွန်းတောင်းသွားနေမယ့်။ သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည် ချစ်သူရင်ခွင်ကြား နားနား နေနေ စတဲ့ မာမာအေး သီချင်းများလို့ပေါ့။
ဗုဒ္ဓကလည်း ဒါကို လေ့လာတွေ့ရှိပြီးသားဗျ.. ဓာတုဗေဒ ဓာတ်ပေါင်းဖိုနဲ့တော့ မဟုတ်ပါဘူး ဉာဏ်မျက်စီနဲ့ပါ။ “တဏှာ ပစ္စယာ ဥပါဒါနံ”တဲ့ တက်မက်ခြင်းကြောင်း စွဲလမ်း,ညှိကပ် သံယောဇဉ် တွေဖြစ်ကုန် ပါတယ်တဲ့။

၎။ နယ်ကျွံခြင်း ( သို့မဟုတ်) နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခြင်းတဲ့
ဒီအဆင့်မှာတော့ “ပီကျုထရီဂလင်း” ဓာတ်တွေကနေ “အောက်စီတောက်ဆင်” အတွေ့ ဓာတုပစ္စည်းများ ဒလဟော သွန်ချပါလေရောတဲ့။ ဗုဒ္ဓကတော့ “ဥပါဒါန ပစ္စယာ ဘဝေါ”တဲ့ စွဲလမ်းခြင်းမှာ စ၍ ဘ၀ပေါင်းဆုံကြရသတဲ့။
နောက်ဆုံ ဓာတုဗေဒ ပညာရှင်တွေ မှတ်ချက်ချတာကတော့ “အချစ်ဆိုတာ ဓာတ်တွေပါပဲဗျာတဲ့”ဗျာ။ သူတို့မို့ ငွေကုန်၊ အချိန်ကုန် စုံစမ်းလေရဲ့ ဗုဒ္ဓကတော့ သက်ရှိ/ သက်မဲ့အရာအာလုံးသည် ဓာတ်ကြီး လေးပါးမျှသာ ဖြစ်တယ် ယောကျာ်း/မိန်းမမရှိတဲ့။
Queen ဆိုတဲ့ ကမ္ဘာကျော် အဖွဲ့ကြီးက Ads နဲ့ကွယ်လွန်သွားတဲ့ ဖရက်ဒီမာကျူရီ ဆိုခဲသဗျ “A Little Crazy Thing Called Love" အနည်ငယ်မျှ ရူးသွပ်ခြင်းကို အချစ်ဟုခေါ်သည်တဲ့။

ဗုဒ္ဓကတော့ “ပုထုဇ္ဇနော ဥမ္မတ္တကော” ပုထုဇဉ်မှန်သမျှ အရူးတွေချည်း ပဲတဲ့။ ပုထုဇဉ် မှန်သမျှ အချစ် ကိုယ်စီရှိကြလို့ဖြစ်မှာပေါ့။
ကဲ.... အချစ်အကြောင်း စဉ်းစားလိုက်တာ တပည့်မ အိမ်နားတောင် ရောက်သွားပြီ။ အမေဖြစ်သူက အိမ်ရှေ့မှ ထွက်ကြို၍ မဂ်လာပါ အရှင်ဘုရားတဲ့။ ဒီနေ့ဆွမ်းကတော့ တပည့်တော်မှ သမီးအတွက် “စေ့စပ် ကြောင်းလမ်း မင်္ဂလာဆွမ်းပါဘုရား” တဲ့။
အိမ်း... ကောင်းပြီး တပည့်မ အိမ်ထောင်ရေး ကောင်းမွန် အေးချမ်းသာ ယာမှုရှိပါစေလို့ စိတ်ထဲ့မှ ရေးရွတ်ရင်းဖြင့်..................

No comments:

Followers

My Blog List