လူကြီးမင်ခင်ဗျား.....
အခုဆွေးနွေးပွဲဟာ မိသားစုဆွေးနွေးပွဲဖြစ်ရမယ်။ ပြည်ထောင်စု မိသားစုထဲမှာ ပါနေကြတဲ့ လူကြီးမင်းတို့ ကျန်တော်တို့ အသီးသီး ဟာ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို အကုန်ထုတ်ပြီးတင်ပြကြတာပေါ့။ ဒီလိုတင်ပြတဲ့အခါမှာ သဘောကွဲလွဲချက်တွေ ရှိရမှာပေါ့။ ဒီသဘောကွဲလွဲချက် တွေကို ကျန်တော်တို့ရဲ့အကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို မျှော်ကိုးပြီး သဘော တူညှိချက် မရ,ရအောင် ညှိနှိုင်းကြရမှာပါပဲ။
“နအဖ”ကတော့ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ငါ့လေ ငါထိုး ပဲခူး ရောက်ရောက် လုပ်နေတာတွေ့ရ ပါတယ်။
ထို့အတူပါပဲ ဒီမိုကရေစီး တိုက်ပွဲဝင် ရဲဘော်များလည်း ပြည်းတွင်း ပြည်ပ တစ်သံတည်း ဖြစ်အောင် ညှိနှိုင်းရန် မိသားစု စိတ်ဓာတ်လိုလာပါသည်။
ပြည်ပအဖွဲ့စည်းများ ခေါင်းဆောင်ကောင်း တစ်ယောက်ရှာ၍ ပြည်ပရှိအဖွဲ့များ အားလုံး စုပေါင်း၍ တစ်သံတည်းထွက်ဖို့လိုပါသည်။
“တစ်ဦးဆောင်သော်မရ တစ်သောင်းဆောင်သော်ရ၏” တဲ့
ဒီမိုကရေဒီတိုင် ပွဲဝင်ရာတွင် သွေးကွဲစေသော လူမျိုးရေး ခွဲခြားမှု စကားများ မပြောမိဖို့လိုပါသည်။
အမေရိကနိုင်ငံ သမ္မသစ် Barack Obama မွဲဆွဲရေးကို အတုယူသင့်ပါသည်။
- လွန်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းက “ဒီမိုကရေစိ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ကြွေးကျော်သံနဲ့ ကျန်တော်တို့ ရွေးကောက်ပွဲဝင်ခဲ့ ကြပါတယ်။ ကျန်တော်တို့မှာ လွတ်လပ်ရေးသာမရှိရင် ဘယ်နည်းနဲ့မှ ဒီမိုကရေစီလည်း ရှိနိုင်မှာ မဟုတ်တဲ့ အတွက်၊ ဒီမိုကရေစီတည်တံ့ရေးအတွက် ကြိုပမ်းတိုင်းကြိုးပမ်းတိုင်း လွတ်လပ် ရေး တည်တံ့ရေးကိုပါ ကျန်တော်တို့ ကြိုးပမ်းကြရပါတယ်။
နောက်ပြီးတော့လည်း ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲပါမှ ကျနော်တို့ရဲ့ လွတ်လပ်ရေးလည်း တည်တံ့ခိုင်မြဲမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီတည်တံ့ရေးနဲ့ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးတို့ကို ကြိုးပမ်းဆောင်ရွတ်တိုင်း ပြည် ထောင်စုကြီး တည်တံခိုင်မြဲရေးကိုပါ ကိုယ်စွမ်းရှိသရွေ ဉာဏ်စွမ်းရှိသရွေ့ ကျန်တော်တို့ ကြိုစားဆောင်ရွတ်နေရပါတယ်။
ဝန်ကြီးချုပ်ရေ...
မြန်မာနိုင်ငံ လွတ်လပ်ရေး ရတယ်လို့သာ မှတ်သားပါရတယ်၊ အသက်သုံးကျော်အရွယ် စာရေးသူတို့မှာ လွတ်လပ်ရေးအရသာကို မခံစား ရသေးပါ။ စာရေးသူအပါအ၀င် မြန်မာနိုင်ငံသား တော်တော်များများ နိုင်ငံရပ်ခြားမှာ ထပ်မံ ကျွန်ခံနေရပြန်ပါပြီ။
ဝန်ကြီးချုပ်တို့တုန်းက အေးအေးဆေးဆေး တိုင်းတပါးမှဗိုလ်က်ျလို့ ကျွန်ခံ ရသည် ကြားဖူးပါသည်။ ယခုမွေးရပ်မြေခြားရောက်နေသူနှင့် ပြည်တွင်းမှာ စစ် ဒုက္ခခံနေသူများလောက် ဆိုမည်မထင်ပါ။
ယခု ပြည်တွင်းမှ လူများကလည်း စစ်ဒုက္ခမခံလို၍ ပြည်ပဆို ဘယ်နည်းနဲ့ရရ ထွက်သွားချင်သူတွေ အများကြီးပါပဲ။ ကျွန်ဘ၀က မလွတ်သေးပါ ဆက်လက် ကျွန်ခံနေရဆဲဖြစ်ပါသည်။
အဲဒီတော့ လူကြီးမင်းများနဲ့လက်တွဲပြီး ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေးတွေကို အမှန် တကယ် အကျိုးဖြစ်စေနိုင်တဲ့ နည်းကောင်း လမ်းကောင်းတွေကို ကျန်တော်တို့ ရှာချင်ပါတယ်။ ဒီနည်းလမ်းကောင်းတွေကို ကျန်တော်တို့တွေ့ရလို့ တစ်ဦးကို တစ်ဦး လျှော့ပေးဖို့လိုလာရင် ပြည်မသားတွေနဲ့ ပြည်နယ် သားတွေဟာ တစ်ဦး ကို တစ်ဦး လျှော့ပေးကြဖို့ ၀န်မလေးကြပါနဲ့၊ ညီအကိုအချင်းချင်း သွေးချင်းသား ချင်းတွေပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် တစ်ဖက်နဲ့တစ်ဖက် လျှော့ပေးရ တာ ဂုဏ်မငယ်ပါဘူး။ ဒီလိုလျှော့ပေးရပေမယ့် ပြည်ထောင်စုကြီးတည်း တည့်တံ့ခိုင်မြဲလာမယ်၊ ပြည်ထောင်စုကြီးတည်တံခိုင်မြဲလာတဲ့အတွက် ဒီမိုကရေစီရေးလည် တည်တံ့ခိုင်မြဲလာမယ် ဆိုရင် ကျန်တော်တို့ ပြည်ထောင် စုသား အားလုံးအဖို့ ဂုဏ်ယူစရာတောင် ဖြစ်ပါလိမ့်ဦမယ်။
အဲဒီတော့ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေးကို အမှန်တကယ် အကျိုးပြုမယ့် နည်းလမ်းကောင်းတွေကို ကျန်တော်တို့ စုပေါင်းပြီး ကိုယ်စွမ်းရှိ သရွေ့ ဉာဏ်စွမ်းရှိသရွေ့ ရှာဖွေကြရအောင်။
ပြည်ထောင်စုသားအားလုံး အဖွဲ့များလုံးပါဝင်တဲ့ ဆွေးနွေးပွဲ တရပ် လိုအပ်ပါသည်။ “နအဖ”ကတော့ အမျိုးသားညီလာခံကြီး ပြီးဆုံးသွားပြီ ဆိုပါသည် အားလုံးရဲ့ သဘောတူညီချက် ဟုတ်၊ မဟုတ်ကိုတော့ သူတို့သာလျှင် အသိဆုံးဖြစ်ပါသည်။ အရာအားလုံး ညှိနှိုင်းတိုင်ပင်တာ အကောင်းဆုံး ဖြစ်ပါသည်။
ဆက်လက်ဖတ်ရန် အပိုင်း (၃)

No comments:
Post a Comment