Tuesday, October 13, 2015

BBS, BC နှစ်ပတ်လည်အစီအရင်ခံစာ -၂





ဝမ်းသာကြည်နှုးမိခြင်း -၅

မြန်မာဗုဒ္ဓဘာသာအသင်း ၊ ဗန်ကူဘား၏  ၂၀၁၅-ခုနှစ်ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများ၊ အများ အကျိုးပြုလုပ်ငန်းများကို ဗန်ကူးဘားရှိ အခြားအသင်းအဖွဲ့များနှင့် စုပေါင်း၍ အတူ ကူညီလှူဒါန်းခဲ့သည်မှာ ကနေဒီယန်ဒေါ်လာ တစ်သိန်းခွဲကျော် ရှိပါသည်။
၁)  သီတဂူ ဓမ္မသဘင်
၂)  နီပေါမြေဂလျှင် ကယ်ဆယ်ရေး
၃)  Tapestry Foundation ဗန်ကူဘား ပြည်သူ့ဆေးရုံ
၎)   Buddhist Global Recife
၅)  Buddharamsi Bursay Award
၆) ဘီစီပြည်နယ်ရှိ ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့အစည်းများ (၁၁) ဖွဲ့
၇)  မြန်မာပြည် ရေဘေးကယ်ဆယ်ရေး
စသည်ဖြင့် လှူဒါန်းနိုင်ခဲ့သည်မှာ  အထူးပင် ဝမ်းသာ ကြည်နှုးမိပါသည်။

ဝမ်းသာကြည်နှုးမိခြင်း - ၆

ဘီစီပြည်နယ်ရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းအသီးသီး စုစုစည်းစည်း  တနေရာတည်းမှာ စုပေါင်း၍ ဗုဒ္ဓနေ့ပွဲတော်
ကျင်းပနိုင်ခြင်းကြောင့်  အောင်မြင်မှု ရလာဒ်များအဖြစ်  အသွေးအရောင် နောက်ခံ ယဉ်ကျေးမှု မတူသော်လည်း One Buddha Many Tradition - ကိုခံယူကာ အတူတကွ တရားထိုင်ခြင်း
လစဉ်လတိုင်း  တစ်ကျောင်းတည်းတွင် အတူတကွ တရားဓမ္မများ ပွားများ အားထုတ်ခြင်းများကိုပြုလုပ်နိုင်ခဲ့သည်။

ဝမ်းသာကြည်နှုးမိခြင်း -၇

မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ တည်ရှိရာ ဗုဒ္ဓရံသီကျောင်းတော်ကြီးသည်း ယခုလောလောဆယ် တစ်ထပ်ကျောင်း အဖြစ်သေးငယ်သော်လည်း  နောင်အနာဂတ်တွင် ၊ ပြည်တွင်း/ပြည်ပ ဗုဒ္ဓသာသနာ ဖြန့်ဖြူးရာ ဋ္ဌာနဖြစ်လာရန် ကျောင်းတော်ကြီးကြီးဆောက်ဖို့ ရည်ရှည်  စီမံကိန်းများ အစီအစဉ်ချ ဆောက်ရွက် လျှက်ရှိပါသည်။

လောလောဆယ်  ကိုယ့်လိုအပ်ချက်ကို အဓီက မထားသေပဲ ၊ အမိမြန်မာပြည်ကြီးအား ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန် ၊   ကနေဒါစင်တာဖောင်ဒေးရှင်းအဖွဲ့တည်ထောင်၍  နိုင်ငံတကာရောက်
 ပြည်တွင်း/ ပြည်ပ အလှူရှင်များနှင့် စုပေါင်းကာ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး အလှူများကို စတင်ဆောင်ရွက် လာသည်မှာ တစ်နှစ်အတွင်း တော်တော် ခရီးပေါက်မြောက်လာခဲ့ပါသည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး အစီအစဉ်တကျ ဆောင်ရွက်လာသည်မှာ နိုင်ငံတကာရောက် ဒကာ/ဒကာမများနှင့်စုပေါင်း ဆောင်ရွက်လာသည်မှာ
၁) မူလတန်းကျောင်းဆောင်သစ်-သနပ္ပင်ရွာ
၂) ကျေးလက် ရေရရှိရေး -သနပ်ပင်ရွာ
၃) Buddharamsi  Bursary  Award – အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများ
၎) ကနေဒါစင်တာ အဆောက်အဦးနှင့် အုတ်တံတိုင်းများ
၅) ကျေးလက်ကျန်းမာရေး
၆) ကျေးလက်ပညာရေးများကို ကူညီထောက်ပံလာနိုင်ခဲ့ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်း ပြည်တွင်း/ပြည်ပ သာသနာပြုလုပ်ငန်းများနှင့် အများအကျိုးပြုလုပ်ငန်းများကိုလည်း
အားလုံး အတူပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်အပ်ပါသည်။
ဆက်ရန် -၃

No comments:

Followers

My Blog List