Wednesday, September 30, 2015

ကျေးလက်တိုင်းမှာကနေဒါစင်တာ

ဝမ်းမြောက်ကြည်းနှုးရပါတယ်
===================

ဒေါ်အောင်ဆန်းစုကြည် စကားနှင့်ပြောရရင် “ဘယ်အရာမဆို သေသေးလေးက စပါတယ်”
“တရုတ်စကားပုံမှာလည်း  ရှိပါတယ် မိုင်းတစ်သောင်းခရီးကို ခြေတလှမ်းမှ စရတယ်”တဲ့

ခုလည်း စာရေးသူတို့ရဲ့ ကနေဒါစင်တာဖောင်ဒေးရှင်းရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းကို
အသေးစားဖြစ်တဲ့ ကျေးလက်ဒေသက စတင်လိုက်ပါတယ်။

ခုစတင်လိုက်တဲ့  ကျောက်ပန်းတောင်းမြို့နယ် သနပ္ပင်ရွာဆိုတာ အလွန်ဝေလံ ခေါင်းပါပြီး
လမ်းပန်းဆက်သွယ်ရေးခက်ခဲ၊ မိုးခေါင်ရေခြားတဲ့ မြန်မာပြည်အလယ်ပိုင်းရဲ့ အပူးပိုင်စုံဖြစ်ပါတယ်။

သီတဂူဆရာတော်ဘုရားကြီး ၊ စာရေးသူကျောင်းမှာ တရားဟော လာစဉ်က မှတ်မှတ်သားသား  စကားတခွန်ထားခဲ့ပါတယ်။
လူတွေအများစုက.. “ရေကြည်ရာ မျက်နုရာကို ရှာကြတယ်”
တကယ်လုပ်ရမှာက …
ရေ မကြည်တာကိုရေ ကြည်အောင် ၊မြက် မနုသေးတာကို မြက် နုအောင်လုပ်ရမယ်ဟု မိန့်ပါတယ်။

ဆရာတော်ကြီးစကားအရဆိုရင်… ကနေဒါစင်တာဖောင်ဒေးရှင်းအဖွဲ့က
  ရေ မကြည်တဲ့ ကျေးလက်ဒေသတွေကို ရေ ကြည်အောင်လုပ်လိုက်ခြင်းပါ။

စာရေးသူတို့ ငယ်ခါက.. ဒီကျေးရွာလေးဟာ သောက်ရေခြားပါးတယ်။ မိုးရာသီမှာ ကန်ရေသောက်ရသော်လည်း နွေရာသီမှာ  ချောင်းနဘေးက လက်ယက်တွင် (သို့) ရေငင်ယူရတဲ့ တွင်းရေးကို သောက်ရပါတယ်။

ဒီတွင်းရေရဖို့ကလည်း လူတွေများတာဆိုတော့  ရေရအောင် တခါတလေ ညဥ့်နက်အောင်
ထိုင်စောင့်ရတတ်ပါတယ်။
ခုတော့ နည်းပညာတွေ တိုးတက်လာတော့ အဝိစီတွင်းရေ ဖြင့် ရေရှားပါမှုကို တဖက်တလှမ်းက ဖြည့်စွက် နိုင်ပါပြီ။

မှတ်ပါသေးတယ် …၊ စာရေးသူတို့ ငယ်ခါက ချောင်းထဲမှာ ရေချိုးရတာ
ချောင်းဆိုတာဟာလည်း တရွားလုံးက ချိုးတဲ့ရေပါ..၊
တချို့နေရာတွေမှာ  မိုးတွင်းရေးများလို့ ချောင်းလာတဲ့ အခါ ကျောက်ခဲတွေ ပါလာတာမို့ ချောင်းမြောင်းတွေထဲမှာ
ကျောက်ခဲများနှင့် ပြည့်နှက်နေပါတယ်။

စာရေးသူကိုယ်တိုင် ကလေးဘဝက ၊ ဒီလို ကျောက်ခဲတွေနှင့်ပြည်နှက်နေတဲ့ ချောင်းထဲမှာ ဒိုင်ပင် ထိုး ရေကစားခဲ့လို့ ခေါင်းပေါက်ခဲ့ဖူးပါတယ်။

ဒီလို စက်ရေတွင်းတွေပေါ်လာတော့ အနာဂတ် လူငယ်များအတွက် အန္တရာယ်ကင်း  ဥာဏ်ပညာပွင့်လင်းပြီး အနာဂတ် မြန်မာ နိုင်ငံ အတွက် ကောင်းမြတ်တဲ့ အစဉ်အလာဖြစ်လာမှာပါ။

စာရေးသူတို့ ငယ်ခါက ဘုန်းကြီးကျောင်းအောက် သဲပေါ်မှာ စာသင်ခဲ့ရပေမယ့် ၊ ခုတော့ ကနေဒါစင်တာဖောင်းရှင်း၏ပံ့ပိုးမှု ၊ ရပ်သူ/ရွာသာများ၏  ပံ့ပိုးမှု ဖြင့် မူလတန်းကျောင်းဆောင် သစ်တစ်ခုတော့  ပေါ်ထွက်လာပါပြီ။

ကနေဒါစင်တာ တည်ရှိရာ သနပ်ပင်ရွာ၏ အဓိက ကျန်ရှိနေသော လုပ်စရာမှာ
လမ်းပန်းဆက်သွယ်ရေးပင်ဖြစ်ပါတယ်။
ကုန်ကျစရိတ်များသော ကွန်ကရစ်လမ်းမကြီး မခင်းနိုင်သေးပေမယ့်
မိုးရွာလို့ ဖြစ်နေတဲ့ ချိုင့်တွေနေရာမှာ ကျောက်ကြီးများ ခင်းထားခြင်း
ကျောက်ကြီးများပေါ်မှာ ကားများအလွယ်တကူ မောင်းနိုင်ရန်
ကျောက်သေးများ ဖြည့်ပေးခြင်း
မိုးတွင်း ရေးတိုက်စားသော နေရာများတွင်
ရေပွန်များ ထည့်ကာ တံတားအဖြစ် တည်ဆောက်ပေးခြင်း
ကျဉ်းသောနေရာ၊အလွန်နိမ့်သောနေရာ၊ မြင့်သောနေရာတွေမှ
စက်ကြီးများဖြင့် မြေညှိခြင်း စသော လုပ်ဆောင်စရာများ ရှိပါသေးတယ်။
ဒီလမ်းခင်းကိစ္စကိုလည်း ကနေဒါစင်တာမှ ဦးဆောင်ပြီး ရပ်သူ/ရွာသားများ
နှင့်ပူးပေါင်းလုပ်ဖို့ ပြင်ဆင်နေပါတယ်။

သကြားမင်း ဦးမာဃကဲ့သို့  လမ်းဒါန ကုသိုလ်လုပ်သူများကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။
ပြည်တွင်း ကနေဒါစင်တာဖောင်ဒေးရှင်း အလုပ်အမှုဆောင်များနှင့် တိုင်ပင်၍
ကျောက်ကြီး ကားတစ်စီ - ဘယ်လောက်
ကျောက်သေး ကားတစ်စီ -ဘယ်လောက်
မြေထိုးစက် တစ်ရက် ငှားက ဘယ်လောက်
ရေပွန်က ဘယ်လောက်
ဘီလပ်မြေက တစ်အိတ်ဘယ်လောက်  စသည်ဖြင့် ကုန်စရိတ် အသေးစိတ်  ထွက်လာဖို့ ရှိပါတယ်။

မိမိတို့ အနေဖြင့် ကျေးလက်ဒေသဖွင့်ဖြိုးရေး  ၊ လမ်းပန်ဆက်သွယ်ကောင်းမွန်ရေး အတွက် အတူပူးပေါင်း ပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ကျေးလက်တိုင်းမှာ ကနေဒါစင်တာ

ဒီလို ကျေးလက်ဖွင့်ဖြိုးရေး လုပ်ငန်းကို ဒီနယ် တစ်ဝိုက်မှာ လုပ်မှာ မဟုတ်ပါဘူး ပြည်တွင်း/ ပြည်ပ အဖွဲ့ဝင်များ
အလှူရှင်းများနှစ်စုပေါင်းပြီး အားကောင်းရင် အားကောင်းသလောက်
 ကျေးလက်တိုင်းမှာ ကနေဒါစင်တာ
ရှိနေမှာဖြစ်ကြောင်း ဝမ်းမြောက်ကြည်နှုးဖွယ် တင်ပြလိုက်ရပါတယ်။

No comments:

Followers

My Blog List