Monday, October 6, 2014

Thanks and Congratulation!



I am deeply honored and grateful to as a co-founder of Buddharamsi Bursary Educational Award program. We, BBS, BC are committed to carry on the legacy of those who pioneered this extraordinary event.
BBS, BC was established over five years ago with a vision to support Burmese Buddhist culture all immigrants from Burma to settle in British Columbia. 

Obviously, It had not been a smooth sailing, but with persistent, dedication by many past and present Executive Committee members together with community support, we survived many storms along the way. This does not mean we can now sit back and enjoy our achievements of the past. We are now more than committed to look into the future. The future is our youths and Our Youths’ education. Education is the best we can support to secure their future. Buddharamsi Bursary is just a small token for our children to grow prosper in Canada, or anywhere in the world for that matter, saying that your community is behind you.

I would like to express my immense gratitude to all sponsors for their generous donations without which this Award would be impossible.  My heartfelt thanks are due to all members of BBS, BC Executive Committee as well as all members donating their precious time and effort to participated in this important task.
Finally, “Congratulations” to all the winners of the year’s “Buddharamsi Bursary Award” and I wish them all the best and every success in their future endeavors.

Buddharamsi Saydaw
Buddharamsi Bursary Foundation




မြန်မာဗုဒ္ဓဘာသာအသင်း၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း
သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့အောင်မြင်စွာ ပြီးဆုံးခြင်း
ကျေးဇူးတင်လွှာ
·         ဆဋ္ဌအသံမစဲ (၂၄)နာရီ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ
·         ဓမ္မသင်တန်းသားများ သင်တန်းဆင်းပွဲ
·         ဘိုးဘွားများ ပူဇော်ပွဲ
·         ပညာထူးချွန် ဂုဏ်ပြုပွဲ
ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့ရှိ ၊ မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် ၁၃၇၆-ခု  သီတင်းကျွတ်လဆန်း (၁၂) ရက် ၊ တနင်္ဂနွေနေ့၌ သီတင်ကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်  ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။

ရဟန်းသံဃာနည်းပါးသောပြည်ပတိုင်းပြည်တွင် ထိုကဲ့သို့  (၂၄)နာရီအသံမစဲ မဟာပဋ္ဌာန်းပွဲ ကျင်းပရန်မှာ လွယ်ကူးသော ကိစ္စမဟုတ်ပါ။ သို့သော်လည်း  စိတ်အား သဒ္ဓါအား ထက်သန်ကြသော ဗန်ကူးဘားရောက် ၊ ဗုဒ္ဓဘာသာမြန်မာမိသားစုများ၏  အားသွန်ခွန်စိုက် အားထုတ်မှုကြောင့်  ဆဋ္ဌမအကြိမ်မြောက် မဟာပဋ္ဌာန်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

အသံမစဲ မဟာပဋ္ဌာန်းပွဲသို့ လာရောက်ရွတ်ဖတ်ပူဇော်ကြသော ပဋ္ဌာနဘာဏကများ၊ ကျောင်းတွင် ညအိပ်ကာ ၊ အိပ်ရေးပျက်ခံ ရွတ်ဖတ်ပူဇော်ကြသော ပဋ္ဌာနဘာဏကများအား  အထူးကျေးဇူးပါကြောင်း ဖော်ပြအပ်ပါသည်။

ဓမ္မသင်တန်းဆင်းပွဲ
ဘဝအခြေအနေရ.. တိုင်းတစ်ပါတွင် ဘဝရပ်တည်ကြရသော မြန်မာဗုဒ္ဓဘာသာများအဖို့ ၊ မိမိရင်သွေးငယ်များအား ဘာသာစကား၊ ယဉ်ကျေးမှု၊ အမျိုးဘာသာ၊သာသနာကို  လက်ဆင့်ကမ်းရန်မှာ လွယ်ကူးသော ကိစ္စမဟုတ်ပါ။
သို့သော်ငြားလည်း မြန်မာဗုဒ္ဓဘာသာအသင်းလူကြီးများ ဦးဆောင်မှု၊ ဆရာတော်ကြီး အားထုတ်မှုဖြင့်  နှစ်စဉ် နှစ်တိုင်း ကလေးငယ်များ သင်တန်းပေးလာခဲ့သည်မှာ  ငါးနှစ်သို့ပင်တိုင်ခဲ့လေပြီ။
ဤသို့ဆိုခြင်းအားဖြင့်  မျိုးဆက်သစ် ရင်သွေးငယ်များအတွက် မိဘ၊ဆရာ လုပ်ဆောင်ရန် တာဝန်ကျေပွန်ပြီဟု မဆိုလိုပါ..၊ လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်ပါသည်။
ယခုနှစ် စာပြန်ပွဲတွင် ကလေးငယ်ပေါင်း ၁၆ ယောက် ပါဝင်ဖြေဆိုခဲ့ပါသည်။
  • စံပြကျောင်းသားအဖြစ် - ၁
  • အထူးအောင် -                ၃
  • ရိုးရိုးအောင် -            ၁၃ ယောက် ရွေးချယ်ခဲ့ပါသည်။
ဓမ္မသင်တန်းဆင်းပွဲအတွက် ၊ နှစ်စဉ် လှူးဒါန်းထောက်ပံ့သော ဦးထွန်းမြင့် ဒေါ်ကေသီဦးမိသားစုမှ    ဓမ္မသင်တန်းသားများဆု၊ ဗုဒ္ဓရံသီပညာသင်ဆု နှင့် ဆုတံဆိပ်များ အပါအဝင်  ၆၅၈ ဒေါ်လာ ပါဝင် ကုသိုလ်ယူပါသည်။
ဦးထွန်းမြင့် +ဒေါ်ကေသီဦးမိသားစုအားလည်း ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ယခုနှစ်တွင်  အစီအစီဉ်အသစ်အနေဖြင့်  တက္ကသိုလ်/ ကောလိပ်သို့ ပညာဆက်လက် သင်ကြားနေသော လူငယ်များအတွက် ဗုဒ္ဓရံသီ ပညာသင်ဆု ချီးမြှင့်ခဲ့ရာ ၊ လူငယ် (၄) ယောက်ကို ရွေးချယ်ခဲ့ပါသည်။

1)TIMOTHY KONG                Medicial  Science  ( 1st year ) U B C
2) Gordon Shieh                      Computer Science 2nd year)  Simon Freaser University
3) Htut Lin                               Visual College Art Design
                                                3D Modeling & Design  (2nd  Year )
4) Sin Tun Shwe                      computer science, Langara College (2nd year)

ဗုဒ္ဓရံသီပညာသင်ဆု ရွေးချယ်ရာတွင်…၊ မြန်မာဗုဒ္ဓဘာသာအသင်းမိသားစုများမှ ပညာတော် ထူးချွန်းသူများ၊ ကောလိပ်/ တက္ကသိုလ်သို့ဆက်လက် ပညာနေသူများတွင် မြန်မာဗုဒ္ဓဘာသာအသင်းသို့ တစ်နှစ် (၃) ကြိမ်ထက်မနည်း လုပ်အားပေးဆောင်ရွက်ဖူးသော လူငယ်များကို အဓိကထား ရွေးချယ်ပါသည်။

ဒီနှစ်တွင်  ပညာသင်ဆုငွေအဖြစ်   ကျောင်းသားတစ်ယောက်အတွက် ဒေါ်လာ ၅၀၀ ချီးမြှင့်ပါသည်။

အဘိဓမ္မာအခါတော်နေ့ သက်ကြီးများပူဇော်ပွဲ ၊ ဆုပေးပွဲ၊ ဂုဏ်ပြုပွဲ ကုန်ကျစရိတ်မှာ
ပညာထူးချွန်ဆု                     ၄ × ၅၀  =     ၂၀၀၀
ဘိုးဘွားများပူဇော်                  ၁၅ × ၅၀  =    ၇၅၀
အထူးဆု၊စံပြဆု                    ၄ × ၁၀၀  =    ၄၀၀
နှစ်သိမ့်ဆု                           ၁၂× ၅၀   =    ၆၀၀
ကျန်ကလေးငယ်များ                                  ၂၀၀

စုစုပေါင်း လှူဒါန်းငွေ                                  ၃၉၅၀

ပဋ္ဌာန်း ကန့်တောပွဲများ ၊ ဘိုးဘွားများအတွက် မုန့်ပုံးများနှင့် ဗုဒ္ဓရံသီပညာသင်ဆုအတွက် ဒေါ်လာ ၁၀၀၀ ကို  မြန်မာဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌ  ဦးစိန်ထွန်း + ဒေါ်ခင်လေးမူမိသားစုမှ လှူဒါန်းပါသည်။
ဗုဒ္ဓရံသီဆရာတော်မှ ၁၅၀၀ ဒေါ်လာ မ, တည် လှူဒါန်းပါသည်။
ဆုပေးပွဲနေ့၌ လာရောက်ကြသော ဓမ္မမိတ်ဆွေများမှလည်း အသီးသီးပါဝင်လှူဒါန်းကြပါသည်။
ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအတွက်  စတုဒီသာအလှူအဖြစ်
  • ကိုသက်+မမာလာမိသားစုမှ မြန်မာ ထမင်းဟင်း
  • ကိုကျော်စိုးမှ ခေါက်ဆွဲကြော်
  • ကိုညွန့်အောင် +မသန်းချိုမိသားစုမှ မော်လမြိုင် မုန့်ဟင်းခါး
  • ကိုစံလင်း+မသန်းသန်းစိုးမှ ဖာလူဒါ၊ လက်ဘက်ရည်
  • ကိုကျော်မိုးဟန်+ မဖြူလဲမင်းမိသားစုမှ အချိုပွဲအစုံ ပါဝင်လှူဒါန်းကြပါသည်။

နိဂုံးချုပ်အနေအားဖြင့် သီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ပွဲတော်သို့ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံ အထူးကျေးဇူးတင်ပါကြောင်းနှင့် အောက်တိုဘာ (၂၆) ရက် ကထိန်ပွဲသို့လည်း လာရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။


No comments:

Followers

My Blog List