တစ်ခါသော် တောင်တွင်းတောရ ဆရာတော် ရှင်ဥတ္တမသည် စာသင်ဘက်ဖြစ်သော ရှင်သီလဝံသကိုယ်တော်
စစ်ကိုင်း ထူပါရုံဘုရားအနီးရှိ ရတနာ့ဗိမာန်ကျောင်းတွင် သီတင်းသုံးနေကြောင်းကိုကြားသိသဖြင့်
ကိုယ်တော်နှစ်ပါး တွေ့ဆုံရင်း သံဃာတော်များကို ထိးပါးပြောဆိုမိသော ခုံတော်မောင်ကျဘမ်းကို ဆိုဆုံးမရန် ကြွတော်မူလာခဲ့ပါသည်။
ထိုစဉ်က တောင်တွင်းကြီးမှ စစ်ကိုင်းသို့လာရာတွင် အဝ ကိုရောက်သည်။ ထိုမှ ဧရာဝတီမြစ်ကိုဖြတ်လျက် စစ်ကိုင်းသို့ရောက်ပါသည်။
ရောက်လင့်ပြီဖြစ်သောကြောင့် စစ်ကိုင်းသို့မကူးခင် အဝ
တွင် ဆွမ်းစားမည်ဟု ကြံသော် အသိအကျွမ်း ဒါယိကာ ဒါယိကာမ မရှိသည်ကြောင့် ဆွမ်းခံရန် သင့်ရာအရပ်သို့ ကြွတော်မူပါသည်။
ထိုအရပ်မှာ ပြင်စည်တန်းရပ်ဖြစ်ရကား ခုံတော်မောင်ကျဘမ်း ဓမ္မာရုံသို့ တံမြက်စည်း တစ်ဘက် ပန်းတစ်ဖက်ဖြင့် သွားသောအချိန်နှင့် အသင့်တွေ့လေ၏။ ရှင်ဥတ္တမသည် ဤအရပ်ကို မ
ရောက်ဖူးသဖြင့် အမည်မသိသကဲ့သို့ နာမည်သာသိသော ခုံတော်မောင်ကျဘမ်း ကိုလည်း မသိချေ။
သို့ကြောင့်မေးမြန်းရာ အရပ်ကို ပြင်စည်တန်းရပ်ဟုခေါ်ကြောင်းနှင့် အနှီပါပုဂ္ဂိုလ်မှာ နာမည်ကျော် ခုံတော်မောင်ကျဘမ်း ဖြစ်ကြောင်း လျှောက်ကြလေသည်။ရှင်ဥတ္တမလည်း ဝမ်းသာအားရဖြင့် တရားလည်းဟောအံ့ ဆွမ်းလည်းခံ အံ့ တစ်ခါဖြင့် နှစ်မျိုးထူးသည် ဟု မှတ်ယူကာ
မောင်ကျဘမ်း သွားသော ဓမ္မာရုံ တစ်နေရာတွင် သီတင်းသုံးလျက်နေ
လေသည်။မောင်ကျဘမ်း ဘုရားဦးချအပြီး လှည့်ကြည့်ရာ သစ်ခေါက်ဆိုးမြန်းလျက် ပရိက္ခရာရှစ်ပါးစုံ
စွာ တောင်ဝှေးတစ်ချောင်း ပါသေးသည်ကိုမြင်လျှင် တောမှီရသေ့တို့သည် ပညာအရာတွင် မကောင်းအံ့ဟု အထင်သေးကာ ရှိမခိုး ဦးမချပါ။ခုံတော်မောင်ကျဘမ်းက “ဦးပဉ္ဇင်း ဘယ်ကလာလို့ ဘယ်သွားမလဲ” ဟုမေးသည်။
ထိုအခါရှင်ဥတ္တမကျော်က “တောင်တွင်းကြီးမှ စစ်ကိုင်းကြွမည် ဆွမ်းမစားရသေးသဖြင့် ဆွမ်းတစ်နပ် အ
လှူခံပါသည် ဒကာ” ဟုဖြေလတ်လျှင်........
ခုံတော်မောင်ကျဘမ်းက “ဦးပဉ္ဇင်းနှယ် သာသနာဘုန်းမီးနေလ တောက်နေချိန်မှာ ဘယ်
အိမ်ကို ပါးရိုက် ကပ်ခိုင်း ကပ်ခိုင်း ဆွမ်းတစ်နပ် ရလေတယ်” ဟုပြောလေသည်။ ရှင်ဥတ္တမကျော်
လည်း တစ်စုံတစ်ရာမမိန့်ပဲ ဓမ္မာရုံတွင်းမှ ကြွသွားလေ၏။
ထိုမှတစ်ဖန် ရှင်ဥတ္တမကျော်သည် မောင်ကျဘမ်း အိမ်သို့ကြွသွားပြီးလျင် မောင်ကျဘမ်း
မိန်းမအား ပါးရိုက်၍ ဟဲ့ဒကာမ ဆွမ်းတစ်အုပ်ချက် ကပ်လော့ ဟု အခိုင်း၏။ ထိုမိန်းမလည်း ငိုယို
လျက် ကျဘမ်းကိုတလေလျှင် မောင်ကျဘမ်း အပြေးရောက်လာပြီး အဘယ်ကြောင့် ရိုက်ပါသနည်း
ဟု အမေးရှိလေသည်။
ရှင်ဥတ္တမက “ဒကာ သင်ဆိုအတိုင်း ဘုန်းမီးနေလတောက်သော သာသနာတော် အချိန်တွင်
ပါးရိုက်၍ ဆွမ်းကပ်ခိုင်းသည်။ တစ်ဘက်သားကို ဆင်းရဲနှိပ်စက် မပြုရသော ပညတ်ချက်ကို သိ
သော်လည်း ငါရိုက်ခြင်းမမည် သင်ရိုက်ခြင်းသာမည်၏” ဟုဆိုလေလျှင် သူ့စကားနှင့်သူပတ်၍ ခုံတော်မောင်ကျဘမ်း ယမ်းပုံမီးကျ ဒေါသထွက်လေသည်။ ပညာရှိသလောက် မာန်မာနလည်း
ထောင်လွှားသော မောင်ကျဘမ်း သည် ဆွဲမည် ရမ်းမည် ပြုသဖြင့် အရပ်က တားရလေ၏။
မောင်ကျဘမ်းလည်း မတတ်သာသည့်အဆုံး ဆွမ်းချက်သည် မိန်းမကို မကျက်သေးဘူးလားနင့်လင်ကြီးကို မြန်မြန်ကပ်ဟု မကြာခဏ ဆိုလတ်၏။ ရှင်ဥတ္တမကျော်လည်း ဆိတ်ဆိတ်နေပြီးလျှင်
ဆွမ်းပွဲသိမ်းမှ မောင်ကျဘမ်း မိန်းမလက်ကိုဆွဲ၍ နင့်လင်က ငါ့ကိုပေးနှင့်ပြီ လိုက်ခဲ့တော့ဟု ခေါ်လေသည်။
သူ့မိန်းမကို ဆွဲကြောင်းမြင်လျှင် မောင်ကျဘမ်း ဒေါသမထိန်းနိုင်ပဲ စိတ်လွတ်လက်ရ လုပ်မည်ပြင်သောကြောင့် အရပ်က အဆီးတားကာ၊ ရှင်ဥတ္တမကျော်ကိုလည်း သင့်ရာသို့ကြွရန် တောင်း
ပန်လျှောက်ထားကြတော့မှသာ ဆက်လက်ကြွချီတော် မူလေသည်။
ပညာရှိတို့နှင့် အပွဲပွဲနွှဲ လာပြီးအနိုင်ရကာမှ ရှင်ဥတ္တမကျော်ကို အညံ့ခံလိုက်ရခြင်းကြောင်းကို ခံပြင်းကာ မကျေနပ်နိုင်သော မောင်ကျဘမ်းသည်လူအုပ်အတွင်းမှထွက်လျက်သာသနာပိုင်ထံအပြေးသွားလျှောက်လေသည်။
သာသနာပိုင်လည်း ခေါင်းမီးတောက်လျက် သံဃာအချို့နှင့် စာရေးတို့အား အဝမြို့တွင်းရှင်ဥတ္တမကျော် ကိုရှာဖွေကာ ပင့်ဆောင်ခဲ့ပါရန် လျှောက်ထားလေသည်။
ရှင်ဥတ္တမကျော်လည်း ကျောင်းသို့ရောက်လျင် မောင်ကျဘမ်းကိုမြင်သော် ပြုံးတော်မူသည်
ထို့နောက် တိုင်းကြားချက်ကို သာသနာပိုင်ထံမှ နာခံ၍ ဖြစ်ကြောင်းကုန်စင်ကို ပြန်လျှောက်ကာ
ဒကာတော်မောင်ကျဘမ်း ဆိုသည့်အတိုင်း ပါးရိုက် ဆွမ်းစား၍ သူလှူသည့် မိန်းမကို အလှူခံရခြင်း
ဖြစ်သည် တပည့်တော်စိတ်မှဖြစ်သော ကာယကံ ဝစီကံ မနောကံ ကံသုံးပါးမရှိ ဟု တင်လေသည်။
သာသနာပိုင်လည်း မာနထောင်သော မောင်ကျဘမ်းကို နိုင်မည့်သူတော့ လာချေပြီ မကျေနပ်က သုဓမ္မာသို့တက် ဟု မိန့်တော်မူသည်။သို့ဖြင့် သံဃာတော်များ ဆွေးနွေးရာသဘင် သုဓမ္မာသို့
ရှင်ဥတ္တမကျော်နှင့် ရှင်သီလဝံသ တို့သည် နောက်လိုက်နောက်ပါ သံဃာများဖြင့် လည်းကောင်း
မောင်ကျဘမ်းသည် သက်သေနီးချင်းများဖြင့် လည်းကောင်း တက်ရောက်လာကြလေသည်။
- အခွင့်မရပဲ ရဟန်းချဉ်းနင်းဝင်ရောက်ခြင်း။
- မာတုဂါမ မျက်နှာကိုပုတ်ကာ မစားအပ်သော အစားကိုစားခြင်း။
- ရဟန်းတို့သည် ရိုက်မည်ဟုမိုးရုံမျှဖြင့် အာပတ်သင့်သည်ဟု ဘုရားရှင်မိန့်ခဲ့ပါလျက်
ရှင်ဥတ္တမ ကျုးလွန်ခြင်း။
- ဓမ္မသတ်အရာတွင် ပုတ်ခတ်ခြင်းဆယ်ပါးအတွက် ဒဏ်ရှိကြောင်း။
- ရာဇသတ်ကြောင်းတွင် မောင်ကျဘမ်းမယားမှန်း သိလျက် လက်ကိုဆွဲခြင်း၊ အိမ်ရှင်ယောင်္ကျားမရှိခိုက် ဝင်ရောက်ခြင်း၊ အိမ်ခန်းတံခါးတွင်း ကျော်လျက်ဝင်ရောက်ခြင်း၊ ကာမဂုဏ်
မြောက်သော ဟဲ့ နင်ငါ့မယားဖြစ်ချေပြီဟု ဆိုခြင်း၊ မယားခိုး အင်္ဂါ လေးရပ်နှင့်လည်း ညီကြောင်း
ကို စာပေကျမ်း အကိုးအကားဖြင့် စာရေးသားလျှောက်တင် ခဲ့သည်။
ရှင်ဥတ္တမက နှုတ်တိုက် ချေပသည်မှာ==
- ကျဘမ်းအိမ်ဝင်ခြင်းသည် စကား၌ ဘယ်အိမ်မဆို ဟုပါသောကြောင့် သူ့အိမ်ကြောင်း သိရကာ ဝင်ရသဖြင့် အပြစ်မရှိ။
- အိမ်ဝင်းအတွင်း ဝင်ရောက်ခြင်းမှာ ငါဝင်ပါရစေဟု ရဟန်းတို့ခွင့်ပန်ခြင်း ထုံးစံ ဘုရားရှင်လက်ထက်တည်းကမရှိ၊ ပညတ်တော်မမူ။ ပညတ်ခဲ့သည်မှာ အကြောင်းမဲ့ကာလတွင်မဝင်ရဖြစ်သည်။
- မနုဿိတ ဒဿမတွဲတွင် မြတ်သောသူ ကြီးသောသူ တို့သည် မိန်းမအားလည်းကောင်းလူငယ်အားလည်းကောင်း
ရိုကျိုးရန်အကြောင်း ဖြင့်ရိုက်၍ ဆုံးမခွင့်ရှိသည် ထို့ကြောင့် အပြစ်မရှိ။
- မနုဿိတ ဓမ္မသတ် တွင် သီလရှိသူ ငယ်ရွယ်သူ အိုမင်းသူ ရောဂါနှိပ်စက်ခံရသူ အသားမစားရသူ ရူးသွပ်သူ
မင်းဧကရာဇ်တို့ သတ်သော်လည်း မင်းမှု မထိုက်ရာဟု ပါသဖြင့် အပြစ်မရှိ။
- ပရိတ်သတ်ရှေ့တွင် နင့်လင်ဟု ဆိုသဖြင့် သူကိုယ်တိုင် အာလယ ပြတ်ကြောင်း ပြောဆို
ဟန်ရှိ၍ ကျောင်းသားလူငယ်ကို ဆွဲဘိ သကဲ့သို့ ဆွဲသွားရာ အပြစ်မရှိ။
ဆရာတော်ကြီးများလည်း လောကီ လောကုတ်ကျမ်းဂန်တို့နှင့် ညှိနှိုင်းကြပြီးလျှင်၊ ယခင်
ပုတ်ခတ်ဖူးသကဲ့သို့ ယခုလည်း ကျမ်းဂန်တတ်သိ၍ သာသနာတော်ကို စောင့်ရှောက်ပါသော ဝိနည်း
တော်ကို ထိန်းသိမ်းပါသော ရှင်ဥတ္တမ ကို လီစယ် စွပ်စွဲ သကဲ့သို့ ဖြစ်သည်။ သာသနာတော်ကို ညှိုး
ငယ်အောင် လုပ်သည်နှင့်တူ၍ ထိုသို့ သဘောပိုက်ရတော့မည် ဟုတိုင်ပင်ပြီးလျှင်၊ အဝရှိ သံဃာတော်များ
ကိုအကြောင်းကြားစေ၊ မောင်ကျဘမ်း တို့မိသားစု လှူဒါန်းသမျှကို သပိတ်မှောက်ကြစေ သာသနာတော်ကို အကြည်အညို မရှိသူ တို့အလှူကို မယူ ဟု အမိန့်ချမှတ်လေသည်။
ထိုတော့မှ မောင်ကျဘမ်းလည်း မျက်ရည်ဖြိုင်ဖြိုင်ကျလျက် တောင်းပန်မည် ကျေးအေးပါ
တော့ ဟု ခွင့်လွှတ်တော်မူပါရန် မိမိကို သပိတ်မမှောက်ပါရန် မာန်စွယ်ချိုး ဝန်ချတောင်းပန်လေတော့သည်။
{Posted on September 1, 2013 by မီးနတ် in Knowledge မှ ကူးယူ၍ ပြင်ဆင်ရေးသားပူဇော်
ပါသည်။}

No comments:
Post a Comment