Wednesday, July 3, 2013
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွားများရကျိုး
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွားများခြင်းကြောင့် ပညာရေးမှာ အကျိုးပေးတဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးပြောပြချင်လို့ပါ။ စာရေးသူဟာ ဥာဏ်မကောင်းပါဘူး၊ ဥာဏ်မကောင်းတဲ့အပြင် စားရေးသူ အသိုင်းအဝိုင်းမိသားစုဟာ
တောင်သူလယ်ယာလုပ်ကိုင်စားတဲ့ သာမန်မိသားစုဖြစ်ပါတယ်။ ပညာရေးကိုလည်း အားပေးရကောင်းမှန် မသိပါဘူး။ သို့သော်လည်း တစ်မိပေါက် တယောက်ထွန်းဆိုသလို့ ပညာရေးနယ်ပယ်ကို ရောက်လာတာ စာရေးသူ တစ်ယောက်ပဲရှိပါတယ်။ ကြွားတာမဟုတ်ဘူးနော်။
စာရေးသူငယ်စဉ်က.. အစ်ကိုဖြစ်သူနဲ့ နေဝင်မိုးချုပ် အတူ ထန်တက်တဲ့နောက်က ထန်းရေးအိုးကောက် လိုက်ပါတယ်။
နေဝင်ချိန်းဆိုတော့ တောထဲမှာတစ်ယောက်ထည်း ကြောက်မှာစိုးလို့ အစ်ကိုဖြစ်သူက ကြောက်စိတ်တွေ ပေါ်လာရင် ဂုဏ်တော်တွေပွားဖို့ သင်ကြားပေးထားပါတယ်။ ဒီလို့နဲ့ ကြောက်စိတ်ပေါ်လာတိုင်း၊ အကြောင်းကိစ္စပေါ်လာတိုင်း ဂုဏ်တော်တွေကို ရွတ်ပွားလေ့ရှိပါတယ်။ ကလေးဘဝကဆိုတော့ ဂုဏ်တော်ရဲ့ အနက်အဓိပ္ပါယ်ကို သိလိုတော့မဟုတ်ပါဘူး။ ကြောက်တဲ့စိတ် တွေ ပျောက်အောင်လို့ပါ။
ဒီလိုနဲ့ အကြောင်းကိစ္စပေါ်လာရင် ဂုဏ်တော်ပွားတဲ့ အလေ့အထဖြစ်လာတယ်။ စာမေးပွဲဖြေတိုင်းလည်း စာမဖြေခင် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို ရွတ်ဆိုပွားများလေ့ရှိတယ်။ ထူးထူးခြားခြား ကလေးဘဝက စတုတ္ထတန်းစာမေးပွဲ ဖြေခဲ့စဉ်က အဖြစ်အပျက်ကို သတိရမိတယ်။
စာရေးသူတို့က မူလတန်းကျောင်းက ရွာကျောင်းဆိုတော့ ပထမတန်းကနေ့ တတိယတန်းထိ စာမေးပွဲ ဖြေစရာ မလိုဘူး။ ကျောင်းမှန်မှန်းတက်ရင် ကျောင်းဆရာက အတန်းတက်ပေးလိုက်တယ်။ စာမေးပွဲဆိုလို စတုတ္ထတန်းရောက်မှ ဖြေရတာ။
ဒီလိုနဲ့ စတုတ္ထတန်းရောက်တော့ ဆရာက စာမေးပွဲနီးလာရင် ဆရာအိမ့်မှာ ခေါ်သင်တော့တာပဲ။ ကလေးဆိုတော့ ဆရာသင်ပေးတာ အရကျက်တာပေါ့။
စာမေးပွဲဖြေတော့ ဆရာသင်မပေတဲ့ ပုစ္ဆာတွေ မေးလာတယ်။ စာရေးသူလည်း စဉ်းစာပြီး ကိုယ်တတ်သလောက် ဖြေပေးလိုက်တယ်။
စတုတ္ထတန်း အောင်ဂေဇတ်ထွက်လာတဲ့အခါ တစ်ရွာလုံးမှာ စာရေးသူတစ်ယောက်ပဲ စတုတ္ထတန်းအောင်တယ်။ အမေက ငါ့သား စာတော်တယ်ဆိုကာ ငွေကြေး အကုန်ကျခံကာ မြို့မှာ အလယ်တန်းကျောင်းဆက်ထာတယ်။ အမှန်တကယ်ဆို စာရေးသူလည်း ဥာဏ်သိပ် မကောင်းဘူး။ စာမေးပဲဖြေခါနီး သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွားမျာလို့ဟု ယုံကြည်မိပါတယ်။
ဒီလိုနဲ့ လောကီပညာရေး အဋ္ဌမတန်းအထိ သင်ကြားခဲ့ရတယ်။ ထို့နောက် သာသနာနှင့်နီးစပ်လို့ဖြစ်မယ် ကိုရင်ဝတ်ပြီး ဘုန်းကြီး စာသင်တိုက် ရောက်သွားတယ်။ စာသင်တိုက်ရောက်တော့လည်း ဘုန်းကြီးစာမေးပွဲ ငယ်၊လတ်၊ကြီးကို အခက်အခဲမရှိ ဆက်တိုက်အောင်သွားတယ်။ အကြီးတန်းနှစ်ကဆိုရင် ကျောင်းတိုက် တစ်တိုက်လုံး စာဖြေသံဃာ ၁၅-ပါးမှ စာရေးသူတစ်ပါးပဲ စာမေးပွဲအောင်တယ်။
မှတ်မိသေးပါတယ်။ အကြီးတန်းအောင်ပြီး ဓမ္မစရိယတန်းအတွက် ပဲခူးမြို့ကြတ်ခတ်ဝိုင်း ကျောက်တိုက်ကို စာသင့်ဖို့ရောက်လာတယ်။ ကြတ်ခတ်ဝိုင်းစာသင် တိုက်ဟာ သွန်းဘုရားလမ်းမှာရှိပြီး ၊ မြို့ထဲသွားရင်း သွန်းဘုရာလမ်းကို ဖြတ်သွားရတယ်။
တစ်နေ့ စာရေးသူ သွန်းဘုရား စောင်းတန်းရောက်တော့ ဗေဒင်ဆရာနဲ့တွေ့တယ်။ စားရေးသူက ပညာရေးနဲ့ ပတ်သတ်လို့ ဗေဒင်မေးကြည့်တယ်။ ဗေဒင်ဆရာက " ဦးဇင်း ပညာရေး အကျိုးမပေးဘူး၊ ဒီဘဝမှာ ဘာဘွဲ့မှ မရဘူး၊ အလတ်တန်းတောင်
အောင်မြင်အောင် တော်တော်ကြိုးစားရမယ် လို့ဟေားလိုက်တယ်။
ဟုတ်ပါတယ်။ စာရေးသူလည်းလက်မှာ ဥာဏ်လမ်းကြောင်း သီးခြားမပါဘူး၊
နှလုံးလမ်းကြောင်းနဲ့ ဆက်နေတယ်။ ဗေဒင်ဆရာ ဒီလက္ခဏာကို ကြည့်ဟော တာဖြစ်နိုင်တယ်။ အဲဒီတုန်းက စာရေသူက ဓမ္မာစရိယတန်းရောက်နေပြီ။ ဗေဒင်ဆရာကို ပြန်ပြောလိုက်တယ်။ " ဟုတ်ကဲ့.. ဦးဇင်းက ဥာဏ်လမ်းကြောင်းမပါပေမယ့် ဘုရားတန်းခိုးနဲ့ ယခု ဓမ္မာစရိယတန်းရောက်နေပြီ ၊ ဓမ္မာစရိယဘွဲ့ကို ရအောင်ကြိုးစားမယ်လို့ ပြောပြလိုက်တယ်။ စာရေးသူ ၂၅-နှစ်အရွယ်မှာ ဓမ္မာစရိယဘွဲ့ကို ရယူခဲ့ပါတယ်။
ထို့နောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေ၊ ပြည်ပသာသနာပြုဝင်ခွင့်စာမေးပွဲတွေကို ထူးထူးခြားခြားအောင်မြင် မှုတွေရခဲ့တယ်။
မဟာသန္တိသုခ ပြည်ပသာသနာပြု သင်တန်း ဝင်ခွင့်စာမေးပွဲဖြေဆိုတုန်းက ဝင်ခွင့်ဖြေဆိုသူ ၃၀၀ မှာ အပါး ၂၀ပဲ ရွေးချယ်ခဲ့တယ်။ အဲဒီအပါး ၂၀-မှာ စာရေးသူအပါဝင်အဖြစ်တယ်။
စားရေးသူက ရိုးရိုးဓမ္မာစရိယပဲ တခြား ဝင်ခွင့်ရသူတွေက မဟာဓမ္မာစရိယတွေများတယ်။
ဒီလိုထူးခြားမှုရတာဟာ မြတ်စွာဘုရားရဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို ပွားများ၍ ဟုယုံကြည်မိပါတယ်။
စာဖတ်သူများလည်း .. တစ်ခါတစ်ရံ ဘာမှ စဉ်းစားလို့မရတဲ့ခါ၊ မြတ်စွာဘုရားရဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို ပွားများသင့်ကြောင်းတိုက်တွန်းလိုက်ရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment