Monday, May 6, 2013

ကံကောင်းခြင်းဆိုတာ...ရဲဝံ့၊စွန့်စားသူတွေအတွက်


ဗလာဒီမာ ရဲ့ ဖခင်ဟာ ဆာဗီယားမှာ ချမ်းသာတဲ့ ကုန်သည်တစ်ယောက်ပါ။ သူရဲ့ များပြားလှစွာသော ငွေကြေးတွေနဲ့ ချမ်းသာသထက် ချမ်းသာအောင်လုပ်ဖို့က သူရဲ့ တစ်ခုတည်းသော ဆန္ဒလေ။

အဲဒီကုန်သည်ဟာ သူ့သားကို သူလိုပဲ ဖြစ်စေချင်တယ်၊ သူ့သားကိုလည်း သူလို ပိုက်ဆံရှာ တတ်စေချင်တယ်။ ဒါကြောင့် တစ်နေ့မှာ သူ့သား ဗလာဒီမာကို သူ့ဆန္ဒတွေ  ပြောပြခဲ့တယ်။

" သား.. မင်းကို အဖိုးတန်တဲ့ ပစ္စည်းတွေကို သင်္ဘောတစ်စီး အပြည့်တင်ပေးလိုက်မယ်။ ဒီသင်္ဘောနဲ့ ပင်လယ် ၇-စင်းကို ဖြတ်ပြီး မင်းဥာဏ်စွမ်းရှိသလောက် ကူးသန်းရောင်းဝယ်ပြီး ချမ်းသာအောင် လုပ်ခဲ့ပေတော့"

"ကျေးဇူးပဲ အဖေ.".လို့ ဗလာဒီမာက ပျော်ရွှင်မှုများနဲ့ ပြောလိုက်ပါတယ်။
 မစိုးရိမ်ပါနဲ့။ ကျနော် ချမ်းသာလာအောင် ဒီကုန်တွေကို ကျွမ်းကျွမ်းကျင်ကျင် ရောင်းချလာခဲ့ပါမယ်။

ဒီလိုနဲ့ ဗလာဒီမာဟာ သူဌေးဖြစ်ခရီးကို စတင်ထွက်ခွါပါတော့တယ်။ သူသိမ်းယူ ရမယ့် ပစ္စည်းများကို မြင်ယောင်ပြီး သင်္ဘောရွက်လွှင့်ရတာ ကြီးမားတဲ့ ခံစားချက် တစ်ခုပါပဲ။

ဗလာဒီမာ ပင်လယ်ထဲမှာ ထွက်ခဲ့လို့ ရက်အနည်းငယ် အကြားမှာတော့ သင်္ဘောတစ်စီး သူတို့ဆီ ဦးတည်လာနေတာကို တွေ့လိုက်ရပါသတဲ့။ အဲဒီသင်္ဘောက တူရကီအလံနဲ့ပါ၊ ဒါဟာ ဗလာဒီမာအတွက် သတိထားစရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ တူရကီလူမျိုးတွေဟာ ဆီဗီယားလူမျိုးတွေအတွက် ရန်သူတွေဖြစ်နေလို့ပါ။ 

ထူးဆန်းတာက အဲဒီသင်္ဘောဟာ သူတို့ကို မတိုက်ခိုက်ပဲ ဆက်လက်ရွက်လွင်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသင်္ဘော သူတို့သင်္ဘောနားကို ဖြတ်သွားခိုက်မှာ ဗလာဒီမာဟာ ငိုသံ၊
 အော်သံတွေကို ကြးလိုက်ရပါတယ်။

" ဘုရားသခင် ကျေးဇူးကြောင့် တို့ဟာ အတိုက်အခိုက်မခံရဘူး၊ ဒီတခါတော့ ဘေးကင်းသွားပြီ" လို့ နောက်လိုက် သင်္ဘောသားတွေက ပြောလိုက်တယ်။

ဒါပေမယ့် ဗာလာဒီမာကတော့ ကိုယ့်အတွက်သာမက ကိုယ်နှင့်ဘဝတူသားတွေ အတွက်လည်း တာဝန်ရှိတယ်လို့ သိရှိခံစားလာရတယ်။  ဒါကြောင့် သင်္ဘောပေါ်က ကြားလိုက်ရတဲ့ အော်သံ၊ ငိုသံတွေကို သူဥပေက္ခာပြုလို့မရနိုင်ပါ။

" အဲဒီတူရကီသင်္ဘောကို ကျော်တက်ပါ"လို့ သူက မာလိန်မှူးတွေကို အမိန့်ပေးလိုက်တယ်။

မာလိန်မှူးကလည်း အမိန့်အတိုင်း ကျော်တက်လိုက်ပါတယ်။ သူ့စိတ်ထဲမှာတာ့ ဗာလာဒီမာဟာ စိတ်မမှန်တော့ဘူးလို့
 တွေးနေလေရဲ့။

သူတို့ တူရကီ သင်္ဘောကို မှီလာတဲ့အခါမှာတော့  ဗလာဒီမာက တူရကီသင်္ဘောကက်ပတိန်ကို " မင်း သင်္ဘောပေါ်က ဘာကြောင့် ဒီလောက် ငိုသံ၊ အော်သံတွေ ဆူညံနေတာလဲ" လို့  ရဲဝံ့စွာ လှမ်းအော်ပြီးမေးလိုက်ပါတယ်။

" ဒါဟာ မင်းအလုပ် မဟုတ်ပါးဘူး" လို့ တူရကီကက်ပတိန်က ပြန်အော်လိုက်တယ်။ " မင်းတို့လည်း ကျွန်အဖြစ်ရောင်ချုဖို့ခေါ်လာတဲ့ ဒီလူတွေလို အဖမ်းမခံချင်ရင်  ကိုယ့်လမ်းကို ဆက်သွားပါ"

ဗလာဒီမာက ဆက်မသွားပဲ " မင်းတို့ သင်္ဘောပေါ်က ကျွန်တွေနဲ့ အလဲအလှယ်လုပ်ဖို့ မင်းတို့ ဘာလိုချင်သလဲ"လို့ လှမ်းအော်လိုက်တယ်။

"မင်း သင်္ဘောထဲက ကုန်တွေအားလုံးကို ငါလိုချင်တယ်" လို့ ကက်ပတိန်က ပြန်အော်လိုက်တယ်။
သူက ..ဗလာဒီမာဟာ ရယ်စရာပြောနေတာလို့ ထင်တာကိုး။

ဗာလာဒီမာကတော့ ကံဆိုရှာတဲ့ ကျေးကျွန်တွေရဲ့ ငိုရှိုက်သံလွဲလို့ တခြားဘာကိုမှ တွေးမနေတော့ပါဘူး။ ကုန်ပစ္စည်းတွေကို ငွေအများကြီးဖြစ်အောင်လုပ်မယ် ဆိုတဲ့ သူ့အတွေးတွေကလည်း လွင့်စင်ပျောက်ကွယ်သွားပါတော့တယ်။

" အေး သဘောတူတယ်။ ငါ့ကုန်တွေ အားလုံးယူပြီး အဲဒီကျွန်တွေ ငါ့ကိုပေးလို့" ဗလာဒီမာက ပြောလိုက်ပါတတယ်။

တူရကီ ကက်ပတိန်ကတော့ မယုံမကြည်နဲ့ သက်ပြင်းရှိုက်လိုက်ပါတယ်။ ဗလာဒီမာဟာ သူ့ကုန် တွေကို  ဒီဘက်သဘော်ပေါ် ဖြတ်သန်းပို့ဆောင်ဖို့  လှေငယ်တွေပေါ် ချနေတာ မြင်လိုက်ရတော့ သူရဲ့ နှလုံးသားဟာ လောဘကြောင့်
 ပေါက်ကွဲလုမတတ် ဖြစ်ရတယ်လေ။

ဗလာဒီမာ ကံကောင်းတယ်လို့ပြောရမယ်..၊တူရကီကက်ပတိန်ဟာ သူ့ကို မလှည့်စားပါဘူး၊ ကျွန်တွေကို ဗလာဒီမာရဲ့ လှေအလွတ်ပေါ် ပြန်တင်ပေးလိုက်ပါတယ်။  ကျွန်တွေကို တုတ်ခိုင်တဲ့ သံကြိုးကြီတွေနဲ့ ခတ်ထားကြတယ်။ သူတို့ဟာ ငတ်မွတ်ကြောက်ရွံပြီး ပိန်လှီနေကြတယ်။ ဗလာဒီမာက သူတို့အားလုံးကို လွတ်ပေးမယ်လို့ ဂတိပေးလိုက်တယ်။

အဲဒီကျွန်တွေထဲက  အသက်ကြီးကြီးမိန်းမ တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကတော့ သူတို့ လွတ်လာတာကို လိုလားဟန် မတူဘူး၊ သူတို့အိမ်ပြန်ဖို့ လမ်းစပျောက်နေကြတယ်လေ။

ဒါ့ကြောင့် အဲဒီနှစ်ယောက်အတွက်လည်း သူ့မှာ တာဝန်ရှိတယ်လို့ ခံစားလာရတယ်။ ဒီတော သူတို့နှစ်ယောက်ကို သူတို့နဲ့အတူ အိမ်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။  အပြန်လမ်းခရီးမှာ  သူဟာ မိန်းမပျိုလေဖြစ်တဲ့ ဟယ်လီနာနဲ့ ချစ်ကြိုက်ကြပြီး ဆိပ်ကမ်းတစ်ခုမှာ သူမကို လက်ထပ် လိုက်ပါတယ်။

အိမ်ရောက်တော့ ဗလာဒီမာကို ပျူပျူငှာငှာ မကြိုဆိုကြပါဘူး။

" မင်းဟာ အရူးပဲ" ဟုဆိုကာ သူ့ဖေက ကြိမ်းမောင်းလိုက်ပါတယ်။ မင်းဟာ မင်းရဲ့ အဖိုးတန် ကုန်ပစ္စည်းတွေကို ဘာမဟုတ်တဲံ ကျွန်စုတ်တွေနဲ့ လဲလှယ်ခဲ့တဲ့ကောင်ပဲ၊ဒါအပြင် မင်းက ငါ့ကို ပါစပ် ၂ပေါက်ကို ကျွေးခိုင်းထားတယ်ပေါ့။ မင်းအိမ်ကထွက်သွားစမ်း၊ ဘယ်တော့မှ ပြန်မလာတော့။

ဗလာဒီမာဟာ သနားစရာပါ၊ လူသားချင်းစာနာတတ်တဲ့ သူ့ရဲ့ တာဝန်ကျေပွန်မှုကို သူ့အဖက သဘောမပေါက်နိုင်ပါ။

ဒါကြောင့် ဗလာဒီမာဟာ သူ့ဇနီးနဲ့အဖော်အမျိုးသမီးကြီးကိုခေါ်ပြီး သူ့အဖေအိမ်က ထွက်ခဲ့ပါတယ်။

သူတို့ဟာ တော်တော်ဆင်းဆင်းရဲရဲ နေကြရပါတယ်။ ဒါပေမယ့် သူတို့ ပျော်ကြပါတယ် ဘာကြောင့်လည်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာကိုး။ တစ်ခါတလေတော့ သူ့အဖေရဲ့ ဒေါသဖြစ်ပုံကို တွေးမိတိုင်း ဗလာဒီမာ သိပ်ဝမ်းနည်းမိပါတယ်။

သူ့အဖေရဲ့ ဒေါသဟာ သိပ်မကြားပါဘူး။ ဗလာဒီမာကို အခေါ်လွတ်ပြီးပြောပါတယ်။ " သား၊ ငါဟာ မင်းအပေါ်ကြမ်းတမ်းရက်စက်မိခဲ့တယ်။ ဒါပေမယ့် မင်းဆင်းရဲတယ်ဆိုတဲ့ အတွေ့အကြုံကို သိရတာပေါ့ ငါဟာ မင်းကို ပိုက်ဆံတန်ဖိုးထားတတ်အောင် သင်ခန်းစာပေးချင်တယ်။ မင်း ခုရလိုက်တဲ့ သင်္ခန်စားကို မှတ်ထားပေါ့ကွာ။ ဒါကြောင့် ငါ မင်းကို နောက်ထပ် ကုန်အပြည့်နဲ့ သင်္ဘော တစ်စင်းပေးလိုက်ဦးမယ်။ ခုတစ်ခါမှာတော့ မင်းချမ်းသာပြီး ပြန်လာမှာ သေချာပါတယ်ကွာ"

ဗလာဒီမာဟာ ဝမ်းသာလို့ ကျလာတဲ့ မျက်ရည်တွေနဲ့ သူ့အဖေကို ပွေ့ဖက်လိုက်ပါတယ်။ သူ့အဖေနဲ့ ပြန်လည် ရင်းနှီးခွင့်ရတဲ့အတွက် သူသိပ်ပျော်နေပါတယ်။ဒါပမေယ့် သူ့ကုန်တွေကို ကျွန်တွေနဲ့ အလှဲအလှယ်လုပ်လိုက်မိတာကို အမှားတစ်ခု လုပ်မိတယ်လို့ သူမယုံကြည်ပါဘူး။ သူ့အဖေကို စိတ်ကသိသအောက် ဖြစ်အောင်လုပ်မိတာက လွဲလို့ပေါ့။

နောက်တစ်ခေါက် ဗလာဒီမာဟာ ငွေအမြောက်အများရှာဖို့ ထွက်ခဲ့ပြန်ပါပြီ။ သည်တကြိမ်မှတော့ ဟယ်လီနာနှင့်သူ့အဖော်ကို သူ့အဖေအိမ်မှာ ထားခဲ့ပါတယ်။

ပင်လယ်ထဲမှာ ရက်တော်တော်ကြာဖြတ်သန်းပြီးနောက် ဆိပ်ကမ်းတစ်ခုကို ဆိုက်ရောက်ပါတယ်။ အဲဒီဆိပ်ကမ်းမှာ သူသိတဲ့ ကုန်သည်တစ်ယောက်နဲ့ အရောင်းအဝယ် စကားပြောဖို့ သူမျှော်လင့် ထားပါတယ်။ အဲဒီကုန်သည်ထံ သွားရာလမ်းမှာ ဈေးတန်းတစ်ခုကို သူဖြတ်သန်းသွားရမှာပါ။

သူဖြတ်သန်းသွားရာလမ်းတစ်လျှောက်မှာ စိတ်ဝင်စားဖွယ်
 မြင်ကွင်းတွေကို လေ့လာစူးစမ်း သွားပါတယ်။ သူဟာ တန်းစီပြီးသွားနေတဲ့ အကျဉ်သား လူတန်းကြီးကို
 တွေ့မြင်လိုက်ရပါတယ်။ သူတို့ကို ကျွဲ၊နွားအုပ်ကြီး တစ်အုပ်ကို မောင်းသလို ကြာပွတ်တွေနဲ့ရိုက်ပြီးမောင်းလာကြတယ်။ သူတို့ကို မောင်းလာတဲ့ စစ်သားတွေကို ကြည့်ရတာ အဲဒီလို ရက်ရက်စက်စက် လုပ်ရတာ ပျော်နေပုံပဲ။
" ဒီအကျဉ်းသားတွေကို ဘယ်ခေါ်သွားမှာလဲ"လို့ ဗလာဒီမာက
 မေးလိုက်ပါတယ်။ သူတို့ထဲမှာ အသက်ရွယ်ကြီး အဘိုးအိုတစ်ယောက်ဟာ သိပ်ထူးခြားနေပါတယ်။
" တိုက်ပိတ် မြေအောက် အကျဉ်စခန်းတွေထဲကို" လို့ စစ်သား တစ်ယောက်က  ရယ်ပြီ မထီတထိပြောလိုက်ပါတယ်။ " သူတို့ဟာ အခွန်အတုတ်မပေးနိုင်တာကြောင့် အဲဒီကိုပို့ဖို့ ဘုရင်ကြီးက အမိန့် ထုတ်ထားတာလေ။

ဗလာဒ်ီမာဟာ အဲဒီ စိတ်ဆင်းရဲစရာ အကျဉ်းသားတွေကို လွတ်မြောက်ရေးအတွက် သူ့ကုန်တွေအားလုံး စွန့်လွတ်ရမယ်ဆိုရင်
ဖြစ်ပေါ်လာမယ့် သူ့အဖေရဲ့ဒေါသကို တွေးမိပါတယ်။ သူဟာ စိတ်ဆင်းရဲစရာ အကျဉ်းသာတွေ အတွက် ဝမ်းမနည်းရလေအောင် အကောင်းဆုံး စွမ်းဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒီတကြိမ်တော့ သူ့အဖေ ခွင့်လွှတ်တော့မှာမဟုတ်းဘူး ဆိုတာ သိနေတယ်။ ဒါပေမယ့် ဗလာဒီမာဟာ သူဘာပဲဖြစ်သွားသွား အဲဒီလိုဒုက္ခသည်တွေကို လှည့်ပြီး ကျောခိုင်းပြီး လှည့်မသွားနိုင်ပါဘူး။

သူဟာ တရားရုံချုပ်ကိုသွားပြီး သူ့အကြံအစည်ကို တင်ပြလိုက်ပါတယ်။

"အဲဒီဒုက္ခသည်တွေ လွတ်မြောက်ဖို့အတွက် ကျနော် တတ်နိုင်သမျှ အားလုံးပေးပါမယ်။ အဲဒီအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကျနော် ဘယ်လောက် ပေးရမလဲ"

တရားသူကြီးက ကျသင့်ငွေကို ပြောလိုက်တဲ့အခါ ဗလာဒီမာ သိပ်ပျော်သွားပါတယ်။ အကြောင်းကတော့ သူသင်္ဘောပေါ်က ကုန်တွေဟာ အဲဒီတန်ဖိုးလောက် ရှိလို့ပါပဲ။

" ဟုတ်ကဲ ခင်ဗျား ၊ကျနော် ကုန်ပစ္စည်းတွေအားလုံးယူပြီး အဲဒီ အကျဉ်းသားတွေကို လွတ်ပေးပါ"လို့ ဗလာဒီမာက တရားသူကြီးကို ပြောလိုက်တယ်။

ဗလာဒီမာကို စိတ်မမှန်တော့ဘူးလို့ ယူဆသော်လည်း တရားသူကြီးက အဲဒီညှိနှိုင်းမှုကို သဘောတူလိုက်ပါတယ်။

အကျဉ်းသာတွေဟာ ကျေးဇူးတင်လွန်လို့ သူ့ခြေရင်းမှာ ငုံ့ပြီး ကျေးဇူးတင်ကြောင်း ပြသကြပါတယ်။ ထို့နောက် သူတို့ မိသားစု တွေရှိတဲ့ ရွာကို စိတ်နှလုံးရွှင်ပြုံးစွားနဲ့ အသီးသီး ပြန်သွား ခဲ့ကြပါတယ်။

ဒီတကြိမ်လည်း သူ့အဖေဟာ သူ့ကို ခွင့်လွတ်မှာ မဟုတ်ဘူးဆိုတာ သေချာပေါက်သိနေပါတယ်။ ဒီတကြိမ်မှာ သူ့ကို ပိုမို မိုက်မဲသူလို့ မြင်ကြလိမ့်မယ်။ ယခင်အမှားကိုအပေါ်မှာ သင်ခန်းစာ မယူတတ်သူလို့ မြင်ကြလိမ့်မယ်။  သူ့အဖေဟာ ယခင်အကြိမ် ပိုဒေါသထွက်မယ်ဆိုတာကိုလည်း ဗလာဒီမာ တွက်ထားပြီးသားပါ။

နောက်တကြိမ် သူ့ကို အပြစ်ပေးတဲ့အနေနဲ့ ဟယ်လီနာရယ်၊သူ့အဖော်နဲ့အတူ ဝေရာကို နင်ထုတ်လိုက်ပါတယ်။

များမကြာမီမှာ ဗလာဒီမာကို အခွင့်အရေးတစ်ခု ထပ်ပေးလိုက်ပြန်ပါတယ်။
 ဒါဟာ နောက်ဆုံးအခွင့်အရေးပဲလို့ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။
ဒါကြောင့် ငွေတွေအများကြီးရဖို့ သန္နိဋ္ဌာန်ချပြီး  နောက်တကြိမ် သင်္ဘောနှင့် ခရီးထွက်ခဲ့ပြန်ပါတယ်။

သင်္ဘောမထွကမီ ဗလာဒီမာဟာ ဟယ်လီနာရဲ့ ရုပ်ပုံအကြီးကြီးကို သင်္ဘောဦးမှာ ချိတ်ထားလိုက်ပါတယ်။ သူဟာ လပေါင်းအတော် ကြာအောင် သင်္ဘောခရီးထွက်ခဲ့ပါတယ်။ နောက်ဆုံး ဘုရင်ကြီးတစ်ပါး စံမြန်းတဲ့ မြို့ကြီးတစ်မြို့မှာ သင်္ဘောဆိုက်ကပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမြို့ကလူတွေဟာ ဟယ်လီနာရဲ့ ရုပ်ပုံကို တွေ့လိုက်ရတော့ သူမရဲ့ အလှကို အံ့ဩပြီး ချီးမွမ်းကြပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဘုရင်ကြီးလည်း ဟယ်လီနာရဲ့ ပုံကို မြင်သွားခဲ့ပါတယ်။

" မင်းဘာကြောင့် ဒီပုံကို သဘော်မှာ တင်လာခဲ့တာလဲ" လို့ ဘုရင်ကြီးက ဗလာဒီမာကို မေးလိုက်ပါတယ်။

" အရှင်၊ ကျနော်မျိုးရဲ့ ဇနီးဖြစ်လို့ တင်ထားခြင်းပါ" လို့ ဗလာဒိမာက ရိုရိုသေသေ ပြန်ဖြေလိုက်ပါတယ်။

မင်းဇနီးဟုတ်လား" လို့ ဘုရင်ကြီးက အံအားသင့်ပြီး ရေးရွတ်ကာ " အဲဒါ ငါ့သမီးကွ၊ အချိန်အကြာကြီး ပျောက်ဆုံးနေခဲ့တဲ့ ငါ့သမီး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့တာ"

အဲဒီလိုပြောရင်း သူဟာ ဗလာဒီမာကို ပွေ့ဖတ်လိုက်ပါတယ်။ သူ့ကလေး ဘေးကင်းရန်ကင်း ပျော်ပျော်ရွှင်ရွှင် ရှိနေတဲ့အတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်နေပါတယ်။

အဲဒီနောက် ဗလာဒီမာကို နန်းတော်ခေါ်သွားပြီး မိဖုရားကြီးကိုလည်း သူတို့ သမီးဟာ ဗလာဒီမာနဲ့အတူ ဘေးကင်းရန်ရှင်းစွာ ရှိနေကြောင်း ပြောပြလိုက်ပါတယ်။

နောက်ပြီး ဗလာဒီမာကို သူ့ထီးနန်းအမွေ ဆက်ခံသူအဖြစ် မြှောက်စား လိုက်ပါတယ်။ တိုင်းပြည်မှာ ပျော်ပွဲ ရွှင်ပွဲ စားသောက်ပွဲကိုလည်း အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်ပေးတာဟာလည်း သူ့ရဲ့ကာလရှည်ကြာ
 ပျောက်ဆုံးနေတဲ့ သမီးပြန်တွေ့ရလို့သာမက လူကောင်းတစ်ယောက်နဲ့ လက်ထပ်ခဲ့ရတာကြောင့်လည်း
 ဖြစ်ပါတယ်။

 ဘဝတူ လူသားတွေ အပေါ်တာဝန်ကျေခဲ့သူ  ဗလာဒီမာတစ်ယောက်  ဘုရင်တစ်ပါး အဖြစ်မှာလည်း သေချာပေါက်တာဝန်ကျေမှာပါ။

ဘုရင်ကြီးဟာ ဟယ်လီနာနှင့် သူ့အဖော်ရယ်၊ သူ့မိဘတွေရယ် ခေါ်ဖို့ ဗလာဒီမာကို သူ့အိမ်ပြန်လွှတ်လိုက်ပါတယ်။ သူ့မိဘတွေနဲ့ ဟယ်လီနာ တို့အတွက်လည်း လက်ဆောင်တွေ အများကြီး ပါးလိုက်ပါတယ်။

ဗလာဒီမာဟာ သူ့ရဲ့ အဖိုးတန်ကုန်တွေကို စွန့်လွတ်ခဲ့တယ်။ အကြောင်းကတော့ ဘဝတူလူတွေအတွက် တာဝန်ယူရမယ်ဆိုတဲ့ အသိရှိလို့ပါပဲ။

သူဟာ ငွေတွေ အများကြီး ရရှိရေးအတွက် စိတ်ဒုက္ခမခံခဲ့ပါဘူး၊ ဒါပေမယ့် စိတ်ဆင်းရဲစရာ အကျဉ်းသားတွေ လွတ်လပ်ခွင့်ရရှိဖို့
ငွေတွေ အများကြီးကို ဆုံးရှုံးခံမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးကို ရဲရဲဝံ့ဝံ့ ချမှတ်ခဲ့ပါတယ်။

" ကံကောင်းခြင်းဆိုတာ ရဲဝံ့သူတွေကို မျက်နှာသာပေးတယ်" လို့ စကားဆိုရိုးတစ်ရပ်ရှိပါတယ်။ ဗလာဒီမာကိုတော့  အတိအကျ မျက်နှာသာ ပေးခဲ့ပါပြီ။ သူ့ရဲ့ တာဝန်ရှိမှု အသိစိတ်ဓာတ်ကြောင့် သူအရင်က အိမ်မက်တောင်မမက်ခဲ့တဲ့ငွေတွေထက် ပိုမိုကြီးကျယ်တဲ့ အရာကို သူရခဲ့ပါပြီ။ တစ်နေ့မှာ သူဘုရင်ဖြစ်လာတော့မယ်။ သူတို့ကို တကယ် အလေးထား ဂရုစိုက်မယ့် ဘုရင်မျိုးကို ရရှိမယ့် ပြည်သူတွေ ကတော့ ဘယ်လောက်များ ကံကောင်းကြပါလိမ့်မလဲ။

Ref # In Search of Fortune by Mary Joseph
ဘာသာပြန် ကောင်းမြတ်မင်း

No comments:

Followers

My Blog List