Tuesday, October 16, 2012

OIC ဘယ်လဲ? ..ဘာလဲ?...




1969
၁၉၆၉-ခု စက်တင်ဘာလ (၂၅) ရက်နေ့က  ဂျေရုစလင်မှာ  al-Aqsa  ဗလီကို  အစွန်းရောက်
 ဂျေရုစလင်တွေက မိးရှိုဖျက်ဆီးခြင်းကို တုန့်ပြန်ဖို့အတွက် အစ္စလမ်မစ်အဖွဲ့ဆိုင်ရာ ညီလာခံကြီး တစ်ခု ပေါ်က်ခဲ့ပါတယ်။ အဲဒီကတည်းက OIC ဟာ အစ္စလမ်မစ်တို့ရဲ့ လက်တုန့်ပြန် အဖွဲ့အစည်းအဖြစ် ထင်ရှား လာပါတယ်။

နှစ်ပေါင်း ၄၀-ကျော်ကြာလာတဲ့အခါမှာတော့ ကမ္ဘာမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းထဲမှာ နိုင်ငံပေါင်း ၅၇-နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂပြီးရင်း ဒုတိယ အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာပါတယ်။

အဖွဲ့ဝင်နိုင်ငံများနဲ့ မူစလင်ဘာသာရေးခေါင်းဆောင်များ နှစ်စဉ် ညီလာခံကျင်းပလေ့ရှိပြီး ဒေသတွင်းဆိုင်ရာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ သမိုင်းမှတ်တမ်း၊ လူသားချင်းစာနာ ထောက်ထား ကူညီပေးရေးတို့ကို အဖွဲ့ဝင်နိုင်ငံများအပြင် အဖွဲဝင်မဟုတ်သော နိုင်ငံများဖြင့်လည်း ပူပေါင်းဆောင်ရွက်ဖို့  ကြိုးပမ်းလာ တာကို လေ့လာတွေ့ရှိရပါတယ်။

လောလောဆယ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးအခင်ကိစ္စကို အခြေခံ၍ လူသားချင်း စာနာထောက် ထားရေးကို အကြောင်းပြကာ အဖွဲ့ဝင်မဟုတ်သော မြန်မာနိုင်ငံကို ဝင်လာဖို့ ကြိုးစားနေတာ ကို တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ယဉ်ကျေးမှု အခြေခံတွေ ကွဲပြားခြားနား တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတို့နဲ့ ပူတွဲလုပ်ဆောင်ရာမှာ  အခြေခံမူဝါဒတွေ၊ ဆောင်ရွက်ချက်တွေဟာ  ထင်သာမြင်သာရှိဖို့ သိပ်ခက်ပါတယ်။

အမြင်မတူ ကွဲပြားခြားနားတဲ့ ကမ္ဘာလောကကြီးမှာ IOC ရဲ့အခြေခံ ဖွဲ့စည်းပုံ စည်းမျဉ်းတွေဟာ  အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး မျက်နှာသာမှာ ထင်သာမြင်သာရှိဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။  ယခုတော့ IOC နိုင်ငံကြီးတော်တော်များများနဲ့ တိုက်ရိုက်ဆက်သွယ်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။  အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စစ်ရေး ရှုပ်ထွေးလာတာနဲ့အမျှ လူမှုအဖွဲ့အစည်းတွေ့ရဲ့ အခန်ကဏ္ဍက လည်း နေရာယူလာပါတယ်။

အဲဒီအဖွဲ့အစည်းတွေက လူတွေရဲ့ တကယ့်လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်ရဲ့လား?
နှစ်လေးဆယ်အတွင် OIC ရဲ့ ရည်းမှန်ချက်တွေက ဘာလဲ?
OIC ရဲ့ ရည်မှန်းချက်တွေကကော အောင်မြင်မှုရှိရဲ့လား?
OIC ရဲ့ အနာဂတ် မျှော်မှန်းချက်တွေက ဘာလဲ?
OIC အဖွဲ့အစည်းကြီးရဲ့ လုပ်ငန်းဆောင်တာများ အောင်မြင်ဖို့ ဘာတွေ အဟန့်အတားရှိနေသလဲ?
ဒီမေးခွန်းတွေရဲ့ အဖြေကို အောက်ပါ သုံးသပ်တင်ပြချက်များနဲ့ လေ့လာကြည်ကြရအောင်ပါ။

OIC ရဲ့ ကြေညာစာတမ်းမှာတော့ အစ္စလာမ်ဘာသာရဲ့ ထူးမြတ်တဲ့ လမ်းညွှန်ချက်နှင့်အညီး အဖွဲ့ဝင်နိုင်ငံများနဲ့  အတူ စီးပွားရေး၊ ပညာရေး၊ သိပ္ပံပညာ ၊ယဉ်ကျေးမှု နဲ့ ဘာသာရေးကို အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အပြုသဘောဆောင်တဲ့ အခြေခံ ကြေညာစာတမ်းနဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့ မူစလင်တို့  ရှိခိုးဆုတောင်တဲ့ နေရာတွေကို ဖျက်းဆီးတဲ့ သူများအား လက်တုန့်ပြန် ဆောင်ရွက်မှုတွေနဲ့ တုန့်ပြန် လုပ်ဆောင်နေတာကို လေ့လာတွေ့ရှိရပါတယ်။    Huntintgon အကြံ့ပုခဲ့သလို့.. လူတွေရဲ့ခြားနား ချက်ကို ရှာဖွေဖို့ ရန်သူဟာ အရေးအကြီးဆုံးပဲ ဆိုတာမျိုးပါ။

ဒီလိုဆိုရင် မူစလင်ဘာသာဝင်တွေအာလုံးဟာ သူတို့ ဘုရားရှိခိုးကျောင်းတွေ၊ သူတို့ရဲ့နေရာတွေကို ဖျက်ဆီးခဲ့ရင် အားလုံးဝိုင်းဝန်း လက်တုန့်ပြန်ဖို့ ဖြစ်လာတားလားဆိုတော့၊ ဒီလိုလည်း မဟုတ်ပါဘူး။

မူစလင်ဘာသာကို ယုံကြည်သူတွေရဲ့ ဆန္ဒက  ကိုရန်ကျမ်းရဲ့လမ်းညွှန်ချက်နဲ့အညီ တမန်တော် မိုဟာမက်ရဲ့ ဦးဆောင်မှု အောက်မှာ ညီညီညွတ်ညွတ်နေထိုင်ကြဖို့  ဆန္ဒရှိခဲ့ကြတာ  ခုနစ်ရာစုလောက် ကတည်းကပါ။

ဒီမွန်မြတ်တဲ့ ဆန္ဒဟာ ၁၉၂၃-ခု Khilafah  ဥပေးမဖျက်သိမ်းခင်တည်းက နှစ်ဆယ်ရာစု တိုင်အောင်ရှိခဲ့ပါတယ်။
၁၉၆၉-ခုနှစ် OIC  စတင်တည်ထောင်စဉ်ကလည်း ဒီအတိုင်းပါပဲ။  မိးရှိုတိုက်ခိုက်ဖြတ်ဆီးမှုတွေကို တုန်ပြန်ဖို့က OIC ရဲ့အဓိက ရည်မှန်းချက်ပဲ။ ဒါကြောင့် OIC အဖွဲ့အနေနဲ့ကတော့ ဘယ်သူနဲ့မှ ဆန့်ကျင်မှာ မဟုတ်ပါဘူး။ လူမှုပြဿနာတွေကို ဖြေရှင်းပေးဖို့လို့ဆိုပါတယ်။


ကမ္ဘာတစ်ဝှမ်းမှာ  အပြည်ပြည်ဆိုင်ရာ လွပ်လပ်သော လူမှုအဖွဲ့အစည်းတွေဟာ အေးဆေးငြိမ်သက်နေပေမဲ့ OIC ရဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက် အောင်မြင်မှုတွေက အရှိန်မြင့်တက်လာပါတယ်။ OIC အဖွဲ့ဝင်တွေထဲမှာ သူဌေးကြီးတွေ၊ လူတွေအားကိုးအားထား လူတွေအပေါ် ဩဇာညောင်းတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ အာဏာပါဝါရှိတဲ့ အစိုးရအသိုင်းအဝိုင်းတွေပါဝင်လာပါတယ်။  ဥပမာ.. ဘရုနိုင်း၊ ကူဝိတ်၊ ကွာတာ၊ ဆော်ဒီ၊ အာရေဗျစတဲ့ ချမ်းသာတဲ့နိုင်ငံများ၊ အစိုးရမှာ အာဏာပါဝါရှိတဲ့ အီဂျစ်၊ အင်ဒိုနီရှား၊ ပါကစ္စတန်၊ တူရကီတို စတဲ့လူသာ အရင်းအဖြစ်ရှိတဲ့  နိုင်ငံများ ပါဝင်ပါတယ်။ OICရဲ့  အဖွဲ့ဝင် နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက် အောင်မြင်မှုဟာ တစ်ခြားလူမှု အဖွဲ့အစည်းများရဲ့ စံပြဖြစ်လာပါတယ်။

ဒါပေမယ့် .. နောက်ပိုင်းမှာတော့ OIC ဟာ ထင်သလိုဖြစ်မလာခဲ့ပါဘူး။

OIC ရဲ့  နှစ်ဦးပိုင်း ဆောင်ရွက်ချက်နဲ့ အောင်မြင်မှုတွေဟာ ကျေနပ်အားရစရာပါ။ အစ္စလမ်မစ် ဖွင့်ဖြိုးရေဘဏ် ( IDB) ကို အပြည်ပြည်ဆိုင်ရာ အစ္စလမ်မစ် စီပွားရေးနဲ့ သတင်းပညာဖွင့်ဖြိုးရေး (IINA) လက်အောင်မှာ တည်ဆောင်ခဲ့ပါတယ်။ IINA က အစ္စလမ်မစ်နဲ့  မူစလင်မူဝါဒဆိုင်ရာ သတင်းအချက်အလက်တွေ ဖြန့်ဝေဖို့ ၊  စီးပွားရေး ၊ လူမှုရေးဆိုင်ရာ လေ့လာစီစစ်ဖို့ ၊  မူစလင်မူဝါဒဆိုင်ရာ သင်တန်းများ ပို့ချဖို့ အစဉ်အစဉ်များကို  မူစလင်နိုင်ငံများ အားလုံးပူပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ (SESTRIC) ဌာနတစ်ခု ပေါ်ပေါက်လာပါတယ်။

ဒါအပြင် အစ္စလမ်မစ် ယဉ်ကျေးမှုနဲ့  သမိုင်းထိမ်းသိမ်းမှုဆိုင်ရာ (IRCICA) တည်ထောင်ပြီး မူစလင်တွေ ညီညွတ်ကြဖို့ ဆိုတဲ့ အဖွဲ့အစည်း စသည်ဖြင့်  အစ္စလမ်မစ်ဆိုင်ရာ ပညာရေး၊ သိပ္ပွံပညာ ၊ စတဲ့အဖွဲ့ အစည်းတွေ  ၁၉၇၀-ခု မှ ၁၉၈၀ အထိ  တိုးပွားလာပါတယ်။  စောစောပိုင်းကာလတွေမှာတော့ OIC ဟာ လူမှုပြဿနာ ဖြေရှင်းပေးရေး အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ ပါတယ်။

1970

၁၉၇၀- ခုနှစ် ပါလက်စကိုင် လွတ်မြောက်ရေးအဖွဲ့ (PLO) နဲ့ ဂျော်ဒန်တို့ အကွဲအပြဲဖြစ် တဲ့အခါမှာ ဆော်ဒီဘုရင် Faisal နဲ့ အီဂျစ်သမ္မတ Jamal Abdul Nasir တို့ပူပေါင်းပြီး OIC ကိုဦးဆောင်ကာ အာရပ်ဆိုင်ရာ ပြဿနာတွေကို  အောင်မြင်စွာ ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။



1973- 1974

၁၉၇၃-ခုနှစ်မှလည်း ရမဒါန်( Ramadan) စစ်ပွဲဆိုင်ရာ၊ အစ္စရေးအား ရေနံတင်ပို့မှု တာမြစ်ပိတ်ရေး မူဝါဒဆိုင်ရာတို့မှာ အောင်မြင်စွာ ဆောင်ရွက်နိုင်လို့ OIC ရဲ့ ဦးဆောင်မှုဟာ မူစလင်းများရဲ့ ယုံကြည်မူကို ရလာခဲ့ပါတယ်။
၁၉၇၄-ခုနှစ်မှာလည်း OIC ဟာ ပါကစ္စတန်နဲ့ လောလောလတ်လတ် လွတ်လပ်ရေးရလာတဲ့ ဘင်္ဂလာဒေ
 ( ရှ်)   ပြဿာများကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။

 အစ္စရေးနဲ့ ပါလက်စကိုင်း ပြဿနာမှာ  အစ္စရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပါလက်စကိုင်း ငြိမ်းချမ်းရေးအဖွဲ့တို့က  ကုလသမဂ္ဂအောက်မှာ အဖြေရှာဖို့ ညှိနိုင်းချိန်မှာ  OIC က  ဘာသာရေးစစ်ပွဲ ဆင်နွဲဖို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် OIC ရဲ့  မြေအောက်လုပ်ရှားရေးဟာ စတင်ရှုံးနိမ့်ခဲ့ရပါတယ်။

1978
OIC ရဲ့ဦးဆောင်မှုဟာ  အိဂျစ်နိုင်ငံ ဖရိုဖရဲဖြစ်သွားမှုနဲ့ အစ္စရေးငြိမ်းချမ်းရေး တွေးဆုံးဆွေနွေးပွဲမှာ
 အောင်မြင်စွာ မဆောင်ရွက်နိုင်လို့ မူစလင်ပြည်သူ လူထုရဲ့ ယုံကြည်အားထားမှု လျော့ကျသွားခဲ့ပါတယ်။ ထို့နောက် OIC က အီဂျစ်ကို အဖွဲ့ဝင်နိုင်ငံက ဖယ်ထုတ်ပစ်သောလည်း  နောက်နှစ်အနည်းငယ် အတွင်းမှာ မူစလင်တွေရဲ့ ထောက်ခံမှုမပါပဲ ပြန်လည် အဖွဲ့ဝင်နိုင်ငံဖြစ်လာပြန်ပါတယ်။

၁၉၇၈-ခုနှစ်မှာပဲ  OIC ရဲ့အခြေခံ စည်းမျည်း ဥပဒေများ ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ OIC အဖွဲ့ဝင် မူစလင် နိုင်ငံများရဲ့ အချုပ်အခြာပိုင် နယ်မြေမှာ အခြားစစ်တပ်များ ဝင်ရောက်ခွင့်မပြုဖို့ဆိုတဲ့ စည်းမျဉ်းများ ပါဝင်လာပါတယ်။ နှစ်အနည်းငယ်အတွင်းမှာပါပဲ အဖွဲ့ဝင်နိုင်ငံများရဲ့ ဝန်ခံကတိတွေ ပျက်ကွက်ခဲ့ပါတယ်။

1980
၁၉၈၀-ခုနှစ် အီရန်- အီရတ်  ပြဿနာမှာ  OIC က အီရတ်ဖက်က ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် ပြဿနာကိုဖြေရှင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို  ပျက်ကွက်ခဲ့လို့ မူစလင်ပြည်သူတွေရဲ့ OIC အပေါ် ယုံကြည်အားထားမှု လျော့ကျသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ OIC အဖွဲ့ဝင်နိုင်ငံတွေမှာ နယ်မြေတွင်း  အမေရိက စစ်တပ်တွေ ဝင်ခွင့်ပြုလိုက်ပါတယ်။  ဒါကြောင့် OIC မူဝါဒဆိုင်ရာတွေဟာ မူစလင်ပြည်သူတွေအတွက် ရယ်စရာဖြစ်လာပါတယ်။ တချို့ကဆို OIC ကို ပြောင်သလို နောက်သလိုနဲ့ OIC= “Oh! I see” လို့တောင် ရည်ညွန်းပြောဆိုလာကြပါတယ်။

2003- 2004
၂၀၀၃- ခုနှစ်မှာ မလေးရှာနိုင်ငံက OIC မှာ ဥက္ကဋ္ဌဖြစ်လာပြီး ၊ တူရကီနိုင်ငံက အထွေထွေအတွင်းရေးမှုဖြစ်လာတဲ့အခါမှာ OIC ဟာ မူစလင်တွေရဲ့ အခွင့်အလမ်းတွေ ပြန်လည် ဦးမော့လာပြန်ပါတယ်။ ဒီနှစ်နိုင်ငံက မူစလင်ပြည်သူများကြားမှာ ထူးထူးခြားခြား တိုးတက်မှု၊ လေးစားမှုမှာ စံပြဖြစ်လို့ OIC ဟာ ပြန်လည်သစ်လွင် လာပြန်ပါတယ်။

ဒီနှစ်နိုင်ငံဟာ ၁၉-ရာစုလောက်ကတည်းက မူစလင်ညီညွတ်မှုကို အခြေခံတဲ့ အာရပ်အင်ပါယာ ဆော်ဒီ၊ အီတလီတို့ရဲ့ ညီညွတ်မှုကို ပြန်လည်း အားအင်သစ်တွေ ဖြစ်စေလိမ့်မယ်လို့် မျှော်လင့်ခန့်မှန်ကြပါတယ်။

IOC ရဲ့မူဒဝါဒဟာ မူစလင်တိုင်းဟာ လူမျိုးတစ်မျိုး သို့မဟုတ် အမျိုးသာအလံ တစ်ခုအောက်မှာ အားလုံးပါဝင် ရမယ်လို့ မဆိုပါဘူး။ ယူရုပ်( အီယူ) အဖွဲ့အစည်းတွေလို အဖွဲ့ဝင်နိုင်များ  ကိစ္စတစ်ခုကို ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ သို့သော်လည်း OIC ဟာ လူတွေ ရင်ဆိုင်နေရတဲ့ သဘာဝ ဘေးအန္တရယ် တွေ 
မှာတော့ ဘေးက ထိုင်ကြည့် နေခဲ့ပါတယ်။ ဥပမာ- ၂၀၀၄ -ခုနှစ်  အရှေ့တောင်အာရှ ၊ အင်ဒိုနီရှား ဆူနာမီးနဲ့   ၂၀၀၅- ခုနှစ် ကတ်ရှမီယား၊ ပါကစ္စတန် မြေလျှင်လှုပ်တဲ့ သဘာဝ 
 ဘေးအန္တရာယ်တွေမှာ သဘာဝဘေးအန္တရာယ် ရောက်နေတဲ့ လူတွေရဲ့  လိုအပ်ချက်  ကူညီထောက်ပံ့ေ ရး
 တွေ လုပ်းပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။

2008
၂၀၀၈-ခုနှစ် အမေရိကန်မှာ အိုဘားမာ သမ္မတဖြစ်လာချိန်မှာ OIC ဟာ ပြန်လည် ထွက်ပေါ်လာ
 ပြန်ပါတယ်။   အိုဘားမားက မူစလင်နိုင်ငံများနဲ့  နှစ်ဦးနှစ်ဖက် အချင်းချင်း လေးစာလိုက်နာရေး ဆက်ဆံရေး ဆိုတဲ့ မူဝါဒအောက်မှာ OIC ဟာ မူစလင်များရဲ့ ကိုယ်စားပြု တရားဝင် အဖွဲ့အစည်းတစ်ခု ဖြစ်လာပြန်ပါတယ်။

  သို့သော်လည်း မူစလင်အားလုံးက ပါလက်စကိုင်းကိစ္စမှာ သမ္မတအိုဘားမာရဲ့မူဝါဒရေးရာက နံပါတ်နှစ်နေရာမှာ ရှိနေလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။  သမ္မတအိုးဘားမာကတော့ OIC ကို အပြည်ပြည်ဆိုင်ရာ ညီလာခံမှာ မူစလင်တွေရဲ့ အခြေအနေအရပ်ရပ်ကို ဖော်ထုတ်ဖို့  ထူးခြားတဲ့ အခွင့်လမ်းတွေ လမ်းဖွင့်ပေးလာပါတယ်။ တကယ်တော့ သမ္မတအိုဘာမားဟာ အာဖကန်ကိစ္စဟာ မူစလင်နဲ့ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဟာ နံပါတ် ၁-နေရာမှာရှိပါတယ်။ လက်ရှိအနေအထားမှာတော့ အာဖကန်ကိစ္စအတွက် ပါကစ္စတန်ကို   ကျောထောက်နောက်ခံလုပ်ထားပါတယ်။ ဒါဟာလည်း အရေးကြီးတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ သို့သော်လည်း Richard Holbrooke ကို ဒီပြဿနာများကို ဖြေရှင်းဖို့ အထူးကိုယ်စလှယ် ခန့်အပ်တဲ့အချိန်မှာ အစွန်းရောက် အန္ဒိယ အတိုင်အခံအဖွဲ့တွေက ကတ်ရှ်မီးယာကို ဖျက်ပစ်ဖို့ Holbrooke ကို ဖိအားပေးလာပြန်ပါတယ်။

အမေရိကသမ္မတ အိုးဘားမား အုပ်ချုပ်ရေးအဖွဲ့ကို OIC ကပြောရမှာက.. အာဖဂန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်လဲရေးကို အားပေတယ်ဆိုရင် ကတ်ရှ်မီယားရဲ့ ဒီမိုကရေးစီရေးကိုလည်း အားပေးသင့်တယ်လို့် ပြောရမှာဖြစ်တယ်။ လူအခွင့်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့ဂုဏ်သိက္ခာကို အခြေခံပါတယ်။ တိုင်းရင်သား၊ လူမျိုးစုတစ်ခုကို အခြေမခံပါဘူး။

ဒီလို လူ့အခွင့်အရေးဆိုင် မူဝါဒ နှစ်မျိုး နှစ်စားခွဲခြားထားရင် တာလီဘန်- အာဖဂန်ပြဿနာဟာ အာဖန်နဲ- ပါကစ္စတန် လူမျိုးအင်အား တိုင်ခိုက်မှုနဲ့ အဆုံးသတ်မှာ မဟုတ်ပါဘူး။  တစ်ကမ္ဘာလုံး ပျံနှံ့သွားနိုင်ပါတယ်။  ပါကစ္စတန်အစိုးရဟာ အစွန်းရောက် ပါကစ္စတန်တွေကို စစ်ရေးအရအောင်မြင်ပြီးဟု ဆိုသော်လည်း  ဒီအောင်မြင့်မှုဟာ ကြာရှည်ခံမှာမဟုတ်ပါဘူး။ သမိုင်းလုပ်ရပ် မှတ်တိုင်တွေက ဒီဒေသမှာ သက်သေ သာဓကရှိနေလို့ပါ။

ဒီမူစလင်နဲ့ အနောက်အုပ်စု လူမှုပြဿာနာ နွံတွင်းက ရုန်းထွက်ဖို့က  နှစ်ဦးသဘောတူ ယုံကြည်မှုတွေ တည်ဆောက်ဖို့ပါ။ အစွန်းရောက်မူဝါဒတွေ မူစလင်နဲ့အမေရိကတို့ရဲ့ လူငယ်တွေကြားမှာ မပြန်နှံအောင်
 ဆောင်ရွက်ရမယ်။ နှစ်ဦးနှစ်ဖက် ဘာသာရေးခေါင်းဆောင်တွေ မျက်နှာစုံညီတွေဆုံးပြီး အနာဂတ်အတွက်
   ကောင်းမွန်တဲ့ နည်းလမ်းတွေ ရှာဖွေရပါမယ်။

တကယ်တော့ OIC ဟာ  ယနေ့ အာဖဂန် ပြဿနာမှာ ရှေ့က မားမားမတ်မတ်ရပ်ပြီး တာဝန်ယူ ဖြေရှင်း သင့်ပါတယ်။  NATO/US စစ်တပ်တွေ အာဖဂန်မှာ ဘယ်လောက်များ များ ပြဿနာရင်းမြစ်ကို မဖြေရှင်းနိုင်ပါဘူး။ အာဖဂန် ပြည်သူတွေရဲ့ ယုံကြည်မှုရဖို့ဆိုရင် NATO/ US စစ်တပ်တွေကို အာဖဂန်မှ ချက်ခြင်း ဆုတ်ခွာဖို့ပါပဲ။

တကယ့်လက်ရှိအခြေအနေမှာတော့ အပြည်ပြည်ဆိုင်ရာ စစ်တပ်တွေ အာဖဂန်က ချက်ခြင်း ဆုတ်ခွာဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဒါ့ကြောင့်  NATO စစ်တပ်တွေအစား အာဖကန်မှာ OIC စစ်တပ်တွေ အစားထိုးဖို့လိုပါတယ်။

OIC အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ(ရှ်)၊ မလေးရှားနိုင်ငံတွေဟာ ကုလသမဂ္ဂရဲ့အလံအောက် ငြိမ်းချမ်းရေး  လုပ်ဆောင်ချက်တွေကို မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။

OIC  မှာ အငြင်းပွားစရာက  အဖွဲ့အစည်းလုပ်ဆောင်ချက်တွေက အပေါ်ယံ အနေအထားမှာသာရှိပြီး  လုပ်ငန်း ဖော်ဆောင်မှုအပိုင်းမှာတော့  ဆုံးဖြတ်ချက်ချ၊ ရည်မှန်းချက်သက် သက်မျှသာဖြစ်နေပါတယ်။

အာဖဂန်မှာ OIC တပ်ဖွဲ့တွေက တာလီဘန်နဲ့ အဲလ်ခိုက်ဒါ  ကြားမှာ ဘုံသဘောတူညီချက်ရယူပြီး  အနည်းဆုံး စာရွက်ပေါ်မှာပဲဖြစ်ဖြစ် အစ္စလမ်မူဝါဒ ပုံစံအုပ်ချုပ်ရေး စနစ်အတွက် ဆိုတာကို တင်ပြလာအောင်  ဖိအားပေးဖို့လိုပါတယ်။

အစ္စလမ်မူဝါဒဆိုင်ရာ အုပ်ချုပ်ရေးတွေ တောင်းဆိုရမှာက မူစလင်ပြဿနာများဟာ တရာဥပဒေနဲ့အညီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာပါပဲ။ မူစလင်တွေကို  ပညာရေး အတွေးအခေါ်မြှင့် တင်ပြီး   ဒေသဆိုင်ရာမှာ ဘယ်လို့် ငြိမ်းချမ်းရေး ဖော်ဆောင် ရမယ်ဆိုတာ မြှင့်တင်ဖို့လိုပါတယ်။

ဒီလူမှုပြဿနာတွေဟာ သာမန် ပညာမဲ့လူတန်းစား အသိုင်းအဝိုင်းနဲ့ ကိုရန်ကျမ်းကို အကြွင်းမဲ့  ယုံကြည်သူများ အသိုင်းအဝိုင်းမှာ အဖြစ်များပါတယ်။ ဥပမာ ကိုရန်ကျမ်းမှာလာတဲ့ AMANH ( ယုံကြည်မှု)  ADALAH ( တရားဥပဒေ)   SHIRA ( တွေ့ဆုံးဆွေးနွေးမှု) စသည့်တိုပေါ်မှာ အခြေခံ၍ လူမှုပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။

ဒီအချက်အလက်တွေကို အခြေခံ၍ မူစလင်နဲ့ အမေရိကန် သာမန်လူမှုအဖွဲ့အစည်းအချင်းချင်း  ပွင့်ပွင့်လင်းလင်း အခြေခံသဘောတရား ယုံကြည်မှုတွေကို ဆွေးနွေးသင့်ပါတယ်။

ကျနော်တို့အမြင်နဲ့ပြောရရင် လူသားအချင်းချင်းကြားမှာ ဘာမှ ကြီးမားတဲ့ ပြဿနာကြီးတော့ မရှိပါဘူး။ OIC  ကို  အကောင်းမြင်အနေနဲ့ ပြောရင်တော့ ယနေ့ အာဖဂန်ကိစ္စမှာ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး အခင်းအကျင်း ရှေ့တည့်တည့်မှာ  ရပ်ကြည့်မနေပဲ သာမန် မူစလင်ပြည်သူတွေကြားမှာ ယုံကြည်မှု၊ တရားမျှတမှုတို့ကို စွမ်းဆောင်နိုင်တဲ့ အဖွဲ့အစည်းတစ်ခု အဖြစ်ရပ်တည်စေချင်ပါတယ်။
<photo id="1" />

စာရေးသူ အနေနှင့်ခြုံငုံ သုံးသပ်ရရင်တော့ OIC  မူစလင်အဖွဲ့အစည်းဟာ သူတို့ဒေသတွင်းဆိုင်ရာ ၊ အီရန်ကိစ္စ၊ ပါကစ္စတန်ကိစ္စ၊အာဖဂန်ကိစ္စတွေမှာတောင် တည်ငြိမ် အေးချမ်းအောင် မဆောင်ရွက်  နိုင်သေးပဲနဲ့ မြန်မာနိုင်ငံတွင် ကူညီထောက်ပံရေးတွေ ဝင်မယ်ဆိုတာ ရိုးသာတဲ့ ကမ်းလှမ်းမှုမျိုတော့ မဟုတ်ပါဘူး။

နိုင်ငံတော် အစိုးရအနေနဲ့လည်  ၂၀၀၈-ခုနှစ် ဧရာဝတိ နာဂစ်မုန်တိုင်းတိုက်တုန်းကတောင် ဘယ်နိုင်ငံမှ အကူအညီမယူပဲ ဖြေရှင်းနိုင်သေးတာ ယခု အသေအဖွဲ့ ဖြစ်တဲ့ ရခိုင်ကိစ္စ နှင့်ပတ်သတ်လို့ OIC ရဲ့အကူအညီ မလိုလောက်ပါဘူးလို့ စာရေးသူ သုံးသပ်မိပါတယ်။ ကိုယ့်ပြည်တွင်ရေးဟာ ကိုယ်တိုင်ပဲ ဖြေရှင်းတာကောင်းပါတယ်။ OIC ရဲ့ နောက်ကွယ်မှာ မမြင်ရနိုင်တဲ့တောင်းဆိုမှုတွေက အများကြီးပါ။ ဥပမာ .. OIC ဟာ NGO သဘောဝင်လာလို့ သူတို့အတွက် ဆုတောင်ဝတ်ပြုဖို့
နေရာတစ်ခု ပေးရမယ်ဆိုရင်ကော ဘယ်လို စဉ်းစားမလဲ ၊ ဒါနဲ့ပတ်သတ်လို့ ဥပဒေတွေ ကောင်းကောင်းရှိပြီးလား။ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းကို နမူနာ ထားသင့်ပါတယ်။ ထိုင်မှာ မြန်မာကျောင်းတွေသာ ပြန်လည် သိမ်းပိုက်ခြင်း ခံရပေမယ့်  ဗလီတွေ မူစလင်တွေက တိုးလာပါတယ်။ ထိုင်မြောက်ပိုင်းမှာ ဆို သံဃာတွေ မူစလင်တွေရဲ့ ဒဏ်ကို အလူအလဲခံနေရပါတယ်။
အချုပ်ဆိုရသော် OIC အစ္စလမ်မစ်အဖွဲ့သည် ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံနှင့် လုံးဝ မသင့်တော်ကြောင်း  တင်ပြလိုက်ပါတယ်။

WRITTEN BY ABDILLAH AL-AHSAN ရဲ့ OIC AT FORTY: ITS POTENTIALS, PROBLEMS AND PROSPECTS  ကို အခြေခံတင်ပြပါသည်။

No comments:

Followers

My Blog List