လူသားတိုင်း လူသားတိုင်း အကန့်အသတ်မရှိ ဖွင့်ဖြိုးတိုးတက်နိုင်စွမ်းရှိပါတယ်။
လူသားတိုင်း လူသားတိုင်း ယေဘုယျတူညီသော အခြေခံဖြင့် ဘဝကို တည်ဆောက်ကြရပါတယ်။
သို့သော်….အဘယ်ကြောင့် လက်ရှိအနေအထားတွင် လူသားအချင်းချင်း ကွားခြင်းသနည်း
အခြေခံသဘောတရားကို ဤကုမ္ဘဃောသက ဇာတ်လမ်းတွင် လေ့လာနိုင်ပါတယ်။
*************************************
ဗုဒ္ဓလက်ထက်တော်က ရာဇဂြိုဟ်မှာ သူဌေးစ်ဦးရှိခဲ့ဖူးပါတယ်။ သူဌေးကြီးအိမ်မှာ ယင်နာခေါ် ကူးစက်ရောဂါဖြစ်လို့ အိမ်သူအိမ်သားများ ကူးစက်ပြန်ပွားကား သေကုန်ကြတယ်။ နောက်ဆုံးမှာ သူဌေးဇနီး မောင်နှံမှားလည်း ထိုရောဂါစွဲကပ်လာလို့ လွတ်မြောက်ရာလမ်း မမြင်သောကြောင့် လူလားမမြောက်သေးသော သားငယ်အား “ သားငယ်.. ငါတို့ကို သံယောဇဉ်တွယ်ကာ မနေနှင့်တော့၊ ဒီရောဂါဟာ မည်သူ့ကိုမှ အသက်ချမ်းသာ ပေးမှာမဟုတ်ဘူး၊ လွတ်ရာ လွတ်ကြောင်း နံရံကို ဖောက်ပြေလော့ ငါတို့ပိုင်ဆိုင်တဲ့ ကုဋေလေးဆယ်သော ရတနာများကိုလည်း ဒီနေရာမှာ မြေမြုပ်ထားခဲ့မယ်၊ သားငယ်.. နောင်တချိန် အသက်ချမ်းသာရာ ရသောခါ ပြန်လာ၍ တူးဖော်ပါ” လို့ပြောဆိုပြီး မကြာခင်ပဲ ဇနီးမောင်းနှံ သေဆုံးသွားခဲ့ပါတယ်။
ထို့နောက် ကုမ္ဘဃောသကလည်း ထွက်ပြေးတိမ်းရှောင်ရင်းဖြင့် မထင်မရှာ သာမန်ဘဝဖြင့် ၁၂-နှစ်ကြာအောင် ရွာတစ်ရွာမှာ နေထိုင်ခဲ့ပါတယ်။
ချင့်ချင့်ချိန်ချိန် သုခမိန်..
ထိုနောက် အချိန်တန်အရွယ်ရောက်သောအခါ မိဘများ မြှုပ်နှံထားသော ရတနာများရှိရာ ရာဇဂြိုလ်မြို့သို့ ပြန်ရောက်လာတယ်။
ဦးစွားပထမတာ့ ဃောသက.. ရတနာတွေကို ချက်ခြင်း ထုတ်ယူသုံးစွဲဖို့ပါပဲ ၊ သို့သော် ပညာဥဏ်ဖြင့် ဆင်ခြင်စဉ်းစားမိတာက .. “ ငါ ဒီရွာက လူလားမမြောက်ခင် ကလေးလဝက ထွက်ပြေးခဲ့တာ ၊ ယခုတော့ လူလားမြောက်လို့ မုတ်ဆိတ်၊ ကျင်စွယ်တွေတောင်ပေါက်နေပြီ၊ ငါကို ဘယ်သူမှ မှတ်မိတော့ မှာ မဟုတ်ဘူး၊ ဒီဒေသမှာလည်း ငါ့ဆွေမျိုးတွေ တစ်ယောက်မှ မရှိတော့ဘူး၊ ဤရွာသားတွေကို ငါကလည်း မသိ ၊ သူတို့ကလည်း ငါ့ကိုဒီရွာက သူဌေးသားရယ်လို့ ဘယ်သူမှ သိကြမှာ မဟုတ်ဘူး၊ လောလောဆယ်မှာ ဒီရတနာတွေကို ယူသုံးရင် ရွာသားတွေက ဒီအညတြ ပြည်သူပိုင်းမြေမှ ပစ္စည်းတွေကို ထုပ်ယူသုံးစွဲနေတယ်ဟု စွပ်စွဲကာ င့ါပစ္စည်းတွေကို သိမ်းပိုက်ကြမှာပဲ၊ ဒါတွင်မသေး ငါရဲ့အသက်ဘေးအန္တရယ်တောင် ကြုံတွေ့နိုင်တယ်” စသဖြင့် ဥာဏ်ပညာဖြင် ဆင်ခြင်ကာ ရတနာ ပစ္စည်းတွေကို မတူးဖော်သေးပဲ နေခဲ့တယ်။
လောလောဆယ် ဘဝရပ်တည်ရေးမှာတော့ ဤရွာမှာပဲ အထင်မရှား အခစားအလုပ် ဝင်လုပ်တယ်။
ဃောသက လုပ်ရသော အလုပ်ကလည်း စိတ်ဝင်စားစရာကောင်းတယ်…ဤရွာထဲမှာရှိတဲ့ လူတွေကို နံက်စောစော အလုပ်သွားကြရန်၊ယာဂုထမင်းချက်ကြရန် နံက်စောစောထ၍ ဆော်သြရသော အလုပ်ဖြစ်တယ်။
အသံကြားရုံနှင့် သိသောပညာ
တနေ့သော နံက်ခင်းမှာ မောင်ဃောသကမှာ… “ အို..လူအပေါင်းတို့.. အိပ်ရာမှထ၍ အလုပ်သွားကြလော့၊ အို..လူအပေါင်းတို့ အိပ်ရာမှထ၍..ယာဂုထမင်းချက်ကြလော့”ဆိုတဲ့ ဆော်သြသံကို ဗိမ္မိသာရ မင်းကြီး ကြားသွားတယ်။ မင်းကြီးဟာ .. အသံကြားရုံနဲ့ လူတို့ရဲ့ အဆင့်အတန်းကို ခွဲခြားတတ်တဲ့ ပညာရှိတယ်။ ဒါကြောင့် မောင်ဃောသက အသံကြားတာနဲ့ ဤလူဟာ ပစ္စည်းဥစ္စာများစွာ ပိုင်တဲ့ သူဌေးသားဆိုတာ ချက်ခြင်းသိလိုက်တယ်။
ဒါကြောင့် မင်းကြီးက အနီးနာရှိ မင်းလုလင်တွေကို မောင်ဃောသကရဲ့ အခြေအနေကို တိတ်တ ဆိတ်စုံစမ်းခိုင်းတယ်။ သို့သော်လည်း စုံစမ်းရေးသမားတွေက ထူးထူးခြားခြား ဘာမှမတွေ့ရ သာမာန်ဆင်းရဲသားဟုသာ မင်းကြီးအား ပြန်လည်လျှောက်ထားကြပါတယ်။ မင်းကြီးဟာ နံက်စောစော မောင်ဃောသကရဲ့ အသံကိုကြားတိုင်း “ဒီလုလင်ဟာ သာမန်မဟုတ်ဘူး ထူးခြားတယ်” လို့သာပြောနေတယ်။
မိန်းမ မာယာ
ဒီတော မင်းကြီးရဲ့ ကိုလုပ်မောင်းမမိသားစုက.. “ မင်းကြီး ဒီလုလင်ရဲ့ ဘဝဖြစ်ရပ်မှန်ကို တိတိကျကျ သိလိုလျှင် ကျမတို့ သားမိနှစ်ယောက် သွားရောက်စုံစမ်းမယ်။ လိုအပ်သုံးစွဲရန်အတွက် အသပြာတစ်ထောင် သာ ပေးပါ”ဟု တောင်းကာ ဆက်လက်စုံးစမ်းတယ်။
နောက်တစ်နေ့ ထိုအမျိုးသမီးကြီးဟာ သမီးကို ညစ်နွမ်းသော အဝတ်ကို ဝတ်စေ၍ ခရီးသွားဟန်ဆောင်ကာ ဃောသကနေသော ဆင်းရဲသားရပ်ကွက် အိမ်တအိမ်မှာ ခဏတာ တည်းခိုလိုကြောင်း ခွင့်တောင်းတယ်။
ထိုအခါ အိမ်ရှင်က “ ကျန်တော်တို့အိမ်မှာ လူတွေများ လွန်းတယ် ၊ ဧည်သည်အတွက် နေရာမရှိဘူး ၊ ရွားဖျားက ဃောသကအိမ်မှာ သူတစ်ယောက်တည်း သူဆီကို မေးမြန်ပြီး တည်းခိုပါ” ဟု အကြံပေးတယ်။
ထိုသားအမိနှစ်ယောက်လည်း ဃောသကကအိမ်သို့သွားပြီး “ မောင်လေး.. ငါတို့ခရီးသွားတွေပါ .. ဒီနေ့တော့ ညမိုးချုပ်လို့ မင်းအိမ်မှာ တစ်ညလောက် တည်းခိုပါရစေ” လို့ ခွင့်တောင်တယ်။ ပထမတော့ သမီးမျိုရွယ် မိန်းကလေး ပါလာတာမို့ မောင်ဃောသက ငြင်းဆန်နေပါသေးတယ်။ နောက်တော့ အမျိုးသမီးကြီးရဲ့ တောင်းပန်ခယမှု ကြောင့် တစ်ည တည်ခိုခွင့်ပေးလိုက်တယ်။
နောက်တစ်နေ့နံက် မောင်ဃောသက အလုပ်သွားခါနီးမှာ ထိုအမျိုးသမီးကြီးက “ မောင်လေးအတွက် ချက်ပြုတ်ကျွေးမယ် ဆန်ထားခဲ့ပါ” လိုပြောတော့ ဃောသက မလုပ်ပါနဲ့ အားနာစရာ
လို့ ငြင်းသေးတယ်။ နောက်ဆုံး ထပ်တလဲလဲ ပြောတာကြောင့် ဆန်ပေးကာ အလုပ်ထွက်သွားတယ်။
ထိုအမျိုးသမီးလည်း အိုးသစ်ခွက်သစ်တို့ကို ဝယ်ကာ နန်းတွင်းအစားစာများကိုကဲ့သို ကောင်းစွာ ချက်ပြုတ်ကာ ကျွေးတော့ မောင်ဃောသကလည်း သဘေားကျ၍ ကျေးဇူးတင် စကားပြောကြရင်း .. အခွင့်ကောင်းယူကာ ထိုအမျိုးသမီးက နောက်တညပါ တည်းခိုလိုကြောင်း တောင်းဆိုလာ၍
မောင်ဃောသကလည်း ကြည်ကြည်ဖြုဖြု ခွင့်ပြုလိုက်တယ်။
တစ်နေတွင် ထိုအမျိုးသမီးမှ ပရိယာယ်ဖြင့် မောင်ဃောသကရဲ့ ခုတင်မှ ကြိုးတချို့ကိုဖြုတ်ထား လိုက်တယ်။ မောင်ဃောကပြန်ရောက်လာလို့ ထိုအချင်းအရာကိုတွေသောအခါ “ ဧည့်သည်တို့ .ကျန်နော့် ခုတင်ဘယ်သူလုပ်တာလဲ” လို့မေးတယ်။ အမျိုးသမီးကြီးက အိမ်နားက ကလေးများ လာရောက်ဆော့ကြလို့ ပျက်သွားကြောင့် ငါတို့မှာဧည့်သည်ဖြစ်နေလို့ မတားမြစ်ဝံ့ကြောင်း ပြောတော့ မောင်ဃောသကမှ
“ အိမ်း.. ဒါဆိုလည်း ကျနော် ဒီနေ့ည အိပ်စရာနေရာ မရှိတော့လို့ ခင်ဗျားတို့ ပြန်ပါတော့လို့ ပြောလိုက်တယ်။
“ မောင်လေး ရယ်.. ငါတို့ နေဝင်မိုးချုပ် သားအမီးနှစ်ယောက် ခရီးမဆက်တတ်ပါဘူး ၊ ဒီမှာပဲ ဆက်အိပ်ပါရစေ” ဟုပြော ပြောဆိုဆို သမီးကို သူတို့နဲ့ ခုတင်တစ်ခုတည်း အိပ်ဖို့ နေရာပင်ခိုင်းလိုက်တယ်။
အဲဒီည ဃောသက .. အိုးချင်းထား အိုးချင်းထိ ဆိုသကဲ့သို့ အဖွားကြီးရဲ့ အကြံအစည်းအတိုင်း သမီးပျိုနဲ့ ညားပါတော့တယ်။
အိမ်ထောင်ကျပြီးသော်..
ဃောသက အိမ်ထောင်ကျပြီး နှစ်ရက်, သုံးရက်လောက်ရှိတော့ ထိုအမျိုးသမီးက ဘုရင်ထံ အကြောင်းကြားကာ အိမ်တိုင်း အိမ်တိုင်း ပွဲလမ်းသဘင် ကျင်းပရမည် ၊ မကျင့်သောအိမ် ပြစ်ဒဏ်ချမည်ဟု အမိန့်ထုတ်ခိုင်းလို့ ဗိမ္မိသာရမင်းကြီးလည်း အမိန့်ထုတ်ပြန်တယ်။
နောက်တစ်နေ့ ဘုရင်အမိန့်အရ ပွဲလမ်းဘဘင် ကျင်းပမို့ ယောက္ခမက ဃောသကထံ ငွေတောင်းတယ်။
မောင်ဃောသက ငွေမရှိကပါကြောင်းအမျိုးမျိုးပြောသော်လည်း နောက်ဆုံးမရလို့ မြုပ်နှံထားသော ငွေများမှာ ငွေသအပြာ တစ်ခုကို ထုတ်ပေးလိုက်တယ်။ ဒီလိုနဲ့ ပွဲလမ်းသဘင် သုံးကြိမ်ကျင်းပပြီနောက် ယောက္ခမနှင့်
ဃောသကတို့ စကားများကြပြီး။ ထိုသားအမိလည်း နန်းတွင်းသို့ ပြန်သွားတယ်။
သူဌေးရာထူး ခံယူပွဲ
ထိုမိသားအမိက နောက်ထပ်ပါလာသော အသပြာကိုလည်း မင်းကြီးထံ ဆက်သပြီး “ မင်းကြီး. တပည့်တော်များရဲ့ တာဝန်ပြီးဆုံးပါပြီ.. ဤလုလင်ပျိုး ပစ္စည်းဥစ္စာများစွာ ပိုင်ဆိုင်သာ သူ ဟုတ်/ မဟုတ်ဆိုတာ သက်သေ အထောက်များဖြင့်သာ ခေါ်ယူစစ်ဆေးပါလော့”ဟု လျှောက်ထားလိုက်တယ်။
နောက်တစ်နေ့တွင် မင်းကြီးသည် မင်းလုလင်တို့ကို စေလွှတ်၍ ဃောသကကို နန်းတော်သို့ အခေါ်ခိုင်းလိုက်တယ်။
ဦးစွာပထ ဃောသကဟာ မလိုက်လိုကြောင်း ငြင်းဆိုပါသေးတယ်၊ သို့သော်လည်း မင်းလုလင်တို့က အတင်းအကြပ် ခေါ်သောကြောင့် မင်းနန်းတော်ကိုရောက်သွားခဲ့တယ်။
ထိုညီလာခံ၌ ဃောသကအိမ်းကို လာရောက်စုံစမ်းတဲ့ သားအမိ နှစ်ယောက်လည်း ဝတ်ကောင်းစားလှနဲ့ တက်ရောက်နေတယ်။ မင်းကြီးက “ မောင်ဃောသက ဤအပြာငွေတို့ကို မင်းဘယ်ကရပါသလဲ” လို့မေးလိုက်တယ်။
ဃောသကလည်း မိမိအမွေပိုင် ကုဋေ လေးဆယ်ထဲမှ ဖြတ်ယူခဲ့သော အပြာကို မှတ်မိ၍.. ဤအသပြာတွေ မင်းကြီးထံ ဘယ်လိုရောက်သွားပါလိမ့်လို့ စဉ်စားရင်းဖြင့် လည့်ပတ်ကြည့်လိုက်ရာ နန်းဝတ်နန်းစာဖြင့် ထိုင်နေသော ခရီးသွား သားအမိနှစ်ယောက်ကို တွေ့သွားတယ်။
ထိုအခါ .. ဃောသကလည်း မင်းကြီးဟာ ဤသားအမိ နှစ်ယောက်ကို လွှတ်၍ စုံးစမ်းထားပြီးဟု သိသောကြောင့် “ မင်းကြီး ကျနော်မှာ အားကိုစရာ မည်သူမှ မရှိပါ” လို့ပြောတော့ ။ မင်းကြီးက. သင့်ကို ငါစောင့်ရှောက်မယ် အမှန်အတိုင်းသာ ဝန်ခံပါလို့ ပြောလိုက်သောအခါ.. ကုမ္ဘဃောသကဟာ မိဘတွေရဲ့ အမွေအနစ်အကြောင်းကို ပြောပြပြီး အကျွန်ုပ် လောလောဆယ် အခြေအနေမှာ မိဘပစ္စည်းဥစ္စများ
ဖော်ယူသုံးစွဲပါက အသက်အန္တာရာယ် စိုးရိမ်ရသောကြောင့် ဆင်းရဲသားယောင် ဆောင်ပြီး နေ့စားအလုပ်ဖြင့်
ဘဝရပ်တည်ရပါကြောင်း ဤကုဋေ လေးဆယ်ကိုလည်း မင်းကြီးအား အပ်နှံပါကြောင်း
လျှောက်ထားလိုက်တယ်။
မင်းကြီလည်း ဃောသကရဲ့ ပစ္စည်းဥစ္စာတွေကို တူးဖော်၍ မင်းရင်ပြင်မှာ စုပုံစေပြိး ပြည်သူပြည်အားလုံးရဲ့ သဘောတူညီချက်နဲ့ ဃောသကကို သူဌေး ရာထူးပေးကာ သမီးတော်နှင့် လက်ထပ်ထိမ်းမြား
ပေးလိုက်တယ်။
ဗုဒ္ဓနှင့်တွေ့
နောက်တစ်နေ့ မင်းကြီးသည် ကုမ္ဘဃောသကနှင့်တူ ဗုဒ္ဓထံသွားပြီး သူရဲ့ စိတ်နေသဘောထားနဲ့ ဘဝရပ်တည်ပုံတို့ကို မြတ်စွားဘုရားလျှောက်ပြသော အခါ..။
မြတ်စွာဘုရားက“ ဒကာတော်မင်းကြီး…
လူတစ်ယောက်ဟာ စီးပွားပျက်သောအခါ.. မိမိဘဝကို အခစားပြုခြင်း စသော ရိုးသားသော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင့်ခြင်းဟာ သူတော်ကောင် အသိဥာဏ်ရှိသူတို့ရဲ့ စိတ်နေသဘေားထားဖြစ်တယ်။ သို့မဟုတ်ပဲ ခိုး၊ဆိုး၊ဝှက်ခြင်းဖြင့် ဘဝကို မရပ်တည်သင့်” ဟုဆိုကာ ဆုံးမစကားပြောတော်မူတယ်။
^^ဝီရယရှိသူ၊
^^သတိရှိသူ၊
^^ရိုးသားဖြူစင်သူ၊
^^ အရာရာကို စူးစူးစမ်းစမ်း လုပ်လေ့ရှိသူ၊
^^ကိုယ်နှုတ်နှစ်ပါးကို စောင့်စည်းသူ၊
^^တရားသဖြင့် စီးပွားရှာသူ၊
^^မမေ့မေလျှာ့ မပေါ့ဆသူတို့အတွက် စည်းစိမ်ဥစ္စာရတနာတွေဟာ တနေ့တခြား ဒီရေအလားတိုးတက်ပွားများလာပါလိမ့်မယ်လို့ ဆုံးမသြဝါဒ ပေးတော်မူပါတယ်။
ဒေသနာအဆုံးမှာ ကုမ္ဘဃောသကလည်း သေတာပတ္တဖိုလ်၌ တည်တော်မူပါတယ်။
ဒါကြောင့် ကြီးပွားတိုးတက်လိုသူတိုင်း ကုမ္ဘဃောသကလို ရိုးသားဖြူစင်ခြင်းဖြင့် ဘဝကိုရပ်တည်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
No comments:
Post a Comment