“ မြွေတို့အား
နို့တိုက်ခြင်းမှာ အဆိပ်ပွားရုံသာ ၊ လူမိုက်တို့အတွက် ညွှန်ကြား ဆုံးမချက်မှာ စိတ်ဆိုးဖို့ရာသာ
ငြိမ်းဖို့ မဖြစ်နိုင် ( နီတိ)
မိဘ၊ ဆရာသမားတွေက.ဖြစ်စေ
အကျိုးလိုလားလို့ ပြောဆိုဆုံးမသူကဖြစ်စေ.. လိုလိုလားလား လက်ခံကျင့်သုံး တတ်သူဟာ သောဝစဿတာ
မင်္ဂလာနဲ့ပြည့်စုံသူဖြစ်ပါတယ်။ ဆိုဆုံးလွယ်သူဖြစ်ဖို့.. ကိုယ့်ကိုယ်ကိုနှိမ်ချခြင်းဆိုတဲ့ “နိဝါတမင်္ဂလာ” ဆက်စပ်နေပါတယ်။
မြတ်စွာဘုရား
ဓမ္မပဒပါဠိတော်မှာ … “အပြစ်ပြဆိုဆုံးမလာသူကို ရွှေအိုးကြီး ဖော်ထုတ်ပေးသလို လက်ခံရမည်။ မိမိအားနှိမ်ပြောသူ ပညာရှိမျိုးကို ဆည်းကပ်ရမည်။
ထိုပညာရှိမျိုးကို ဆည်းကပ်သူမှာ ယုတ်ညံ့သူမဖြစ်နိုင် မြင့်မြတ်သူသာဖြစ်ရမည်” ဟုဟောတော်မူပါသည်။
နိတိဆရာတို့ကလည်း
“ ချစ်ဖွယ်သောစကား ပြောကြားတတ်သူများကို အမြဲရလွယ်၏။ မနှစ်ဖွယ် အကျိုးရှိသော စကားကို
ပြောတတ်သူ နားထောင်တတ်သူကား ရခဲ့လှ၏။ လောက၌ မနှစ်ဖွယ်ဖြစ်သော်လည်း အကျိုးဖြစ်စေမည့်
စကားမျိုးကို ပြောတတ်သူကား မိတ်ဆွေ အစစ်ဖြစ်၏။ တခြာသူမှာ မိတ်ဆွေ အမည်ခံရုံမျှသာ”
ဟုဆိုသည်။
အရှင်ရာဟုလာသည်
သဲကိုလက်ဖြင်ဆုပ်၍ “ ဤသဲလုံးနှင့်အမျှ ငါ့ကို ဆုံးမမည့်သူ ရလျှင်ကောင်းလေစွ” ဟု တောင်းတတော်မူဖူး၏။
နတ်တဦးက ဆုံးမတာကို နာခံသူ..
ရှေးက ရဟန်းတပါး
ဆွမ်းခံပြန် ရေကန်ထဲဆင်း ရေချိုးစဉ် ကြာပန်းရနံ့ကို အမှတ်တမဲ့ နမ်းရှုမိ၏။ ထိုခိုက်.. နတ်တဦးက “အရှင်…
သူများမပေးပဲ ကြာပန်းရနံကို နှမ်းနေသည်မှာ ခိုးခြင်း တမျိုးဖြစ် နံ့သာသူခိုးဖြစ်ကြောင်း
ပြစ်တင်ပြောဆို၏။ ထိုအခါ ရဟန်းက.. “ကြာစွယ်တွေတူး ၊ ကြာပန်းတွချိုးနေသူကို ထိုသို့မပြောပဲ
မချိုးမဖဲ့ အဝေးမှနေ အနံ့ခံရုံသာ ခံနေသာ ငါကို ဘာကြောင့် အနံ့သူခိုး” ဟုခေါ်ရကြောင်း မေး၏။
အရှင်ဘုရား..“ကြေညှော်ပေးနေသော
အထိန်းသည် လက်နှီးကဲ့သို့ အပြစ်တွေများနေသူကို အပြစ်မပြောလို။ အရှင်ကား..အပြစ်ကင်းသူ.. စင်ကြယ်ခြင်းကို လိုလားသူဖြစ်၍
သားမြီးဖျားလောက်သော အနည်ငယ်သော အပြစ်ကို တိမ်တိုက်ကြီးလောက် ထင်နေသူဖြစ်သည်” ဟုနတ်ကဆို၏။
ရဟန်းတော်လေးသည်..
“ သင်ကား ငါကိုအကျိုးလို၍ ကြင်နာသူဖြစ်၏ နောက် သည်လိုအပြစ်မျိုးမြင် လျှင် ပြောပါ” ဟု
ဖိတ်၏။ နတ်ကလည်း ရဟန်းကလေး ငါ့ကို ပြောမည့်သူ ဆုံးမမည့်သူ ရှိတာပဲဟု မေ့မေ့ လျှောလျှော့ နေမည်စိုး၍ “ တပည့်တော်ကား အရှင့်ကိုမှီ၍
အသက်မွေးသူလည်းမဟုတ်၊ သုဂတိရောက် ကြောင်းတရားတို့ကို အရှင်သာ သိအောင်ကြိုးစားပါ” ဟု
ဆိုလျှက်ကွယ်ပျောက် သွားလေသည်။
အဆုံးအမ မလိုလားသူ..
တချို့ အကျိုးလို၍
ဆုံးမသော်လည်း လူမိုက်များကား အဆုံးအမကို အကောင်းမထင် ဆုံးမသူကိုပင် ရန်ပြုတတ်ကြ၏။
ရှေးက မိုးလေကြောင့် တုန်တုန်ခိုက်ခိုက်ဖြစ်နေသော မျောက်ကို ဘုရားလောင်း သိင်္ဂိလ ငှက်က..“
သင်ကား လူလိုပင် လက်၊ခြေ၊၊ ခေါင်းရှိနေလျှက် အိမ်မရှိသည်မှာ ဘာကြောင့်လည်း” ဟုမေး၏။ “လူလို လက်၊ခြေ၊ခေါင်းရှိသော်လည်း ငါ့မှာပညာမရှိ”ဟုဆို၏။ ထိုအခါ ဘုရားလောင်းက “ စိတ်မတည် ပေါ့လျှော့သူ၊ မိတ်ဆွေပြစ်မှားသူ၊
သီလမရှိသူကား မချမ်းသာနိုင် ၊ မိမိအကျင့် အစွမ်းထုတ်ကာ အအေးဒဏ်၊ လေဒဏ် ကာကွယ်နိုင်သော
အိမ်ကိုဆောက်ပါ”ဟု ကောင်းရာကောင်းကြောင်းပြောပြ၏။
သို့သော်.. ပညာမဲ့မျောက်ကား အကောင်းမထင် “ငါ့ကိုပြောရကောင်းလား” ဟု သင်ပင်ထက်တက်ကာ
အသိုက်ဖျက်ဆီး၍ ဘုရားလောင်းငှက်ထွက်ပြေးရဘူးသည်။
လှေးထိုးသမားတစ်ယောက်ရဲ့
အပြုအမှု..
ရှေးက အဝါရိယပိတာ အမည်ရှိသော ဒေါသကြီးသော လှေသမား တစ်ယောက်ရှိ၏။
သူသည်..လှေစီးခကို တဖက်ကမ်းရောက်မှ တောင်းလေ့ရှိရာ လှည်စီးခရီးသည်တွေနှင့် အမြဲရန်ဖြစ်လေ့ရှိ၏။
တနေ့ ဘုရားလောင်း ရသေ့ သူ့လှေဖြင့်ကူးခဲ့ရာ တဖက်ကမ်းရောက်သော် လှေခတောင်း၏။ ထိုအခါက ဘုရားလောင်းက “ မကူးမီ သည်ဖက်ကမ်းထဲက လှေခ တောင်းဖို့အကြောင်း
၊ လူမည်သည် မကူမီ စိတ်တမျိုး ကူးပြီး နောက်
တဖက်ကမ်းရောက်တော့ တစ်တမျိုးဖြစ်ကြောင်း နှင့် ရွာမှာဖြစ်စေ. .တောမှာဖြစ်စေ..ကုန်းမှာဖြစ်စေ..
ရေမှာဖြစ်စေ.ဒေါသမထွက်ဖို့ ၊စိတ်မဆိုးဖို့ ဆုံးမ၏။ ”
ထိုအခါ.. လှေထိုးသမားက .. “ဒါလှေခလား”ဟုမေးသော်ဘုရားလောင်းက
“ငါ့မှာ လှေခမပါ ၊ ငါပေးနိုင်တာ ဒီတရားပဲ”ဟု အမိန့်ရှိသော် လှေခမပါဘဲ စီးရကောင်းလာဆိုပြီး
ဘုရားလောင်းကို တွန်းလှဲ၍ စီးပြီး မျက်နှာကိုထိုးတော့၏။ ထမင်းပို့လာသော သူ့ဇနီးကမြင်၍
“ဘုရင် ဆရာဖြစ်သဖြင့် ဤသို့ မပြုထိုက်ကြောင်း” ပြောသော် “ဇနီးကိုပင် ဝင်ပြောရကောင်းလား”ဟု ရိုက်နှက်ရာ ထမင်းကွက်လည်း
ကွဲ ၊ မယားလည်း ကိုယ်ဝန်ပျက်ရ၏။ လူမိုက်လည်း မင်းပြစ် မင်းဒဏ်စသင့်ရ၏။
ဤ အမျက်ဖြေတရားမှာ
ဘုရင့်ကိုဟောစဉ်က အခွန်တသိန်းထွက်သော ရွာကြီး ပေးအပ်ချီးမြှောက် ခံရသော်လည်း လူမိုက်သော်ဟောသောအခါ လက်သီးဒဏ်ရလေ၏။
(သပြေကန်ပရိတ်ကြီးနိဿယသစ်မှ)
No comments:
Post a Comment